iOS 13 တွင် နေရာပြောင်းပြီး ဒီဇိုင်းပါ ပြောင်းလဲသွားပြီဖြစ်တဲ့ AssistiveTouch

12709

iOS အတွက် အသုံးဝင်ဆုံး Feature တစ်ခုဖြစ်တဲ့ AssistiveTouch ကို iOS 13 မှာ နေရာရွှေ့ပေးထားလိုက်ပါတယ် ။ အရင်လို General အထိ ဝင်သွားစရာ မလိုတော့ပါဘူး ။

Setting ထဲကို ဝင်လိုက်တာနဲ့ အလယ်နားလောက်မှာ Accessibility ကို တွေ့မြင်ရပါလိမ့်မယ် ။

Physical and Motor ခေါင်းစဉ်အောက်က အပေါ်ဆုံးမှာရှိတဲ့ Touch ဆိုတာ AssistiveTouch ကို ဆိုလိုတာပဲ ဖြစ်ပါတယ် ။

Touch ထဲကို ဝင်လိုက်မှ AssistiveTouch ကို Enable လုပ်နိုင်မည့် Option လေးကို တွေ့ရမှာပဲ ဖြစ်ပါတယ် ။

AssistiveTouch ကို Enable လုပ်ပေးလိုက်ပါ ။
ပြီးရင်တော့ Customize Top Level Menu ထဲကို ဝင်ပြီး AssistiveTouch ကို နည်းနည်းပါးပါး Edit လုပ်ပြီး ပြင်ဆင်ကြပါမယ် ။

AssistiveTouch ရဲ့ ပထမဆုံးမြင်ရမယ့် Page မှာ အိုင်ကွန်အများဆုံး ( ၈ ) ခုအထိ ထည့်ထားလို့ ရပါမယ် ။ 8 Icons ဘေးက အပေါင်း ( + ) လေးကို နှိပ်ပြီး ထပ်ထည့် ပေးလိုက်ပါ ။

ထပ်တိုးလာတဲ့ အကွက်လေးထဲက အပေါင်း ( + ) ကို နှိပ်ပြီး ထည့်သွင်းချင်တဲ့ Options လေးတွေကို Select လုပ်ပေးလိုက်ရုံပါပဲ ။

• မိမိ Device ရဲ့ ခလုတ်တစ်ခုကိုမှ မနှိပ်ပဲ Restart ချစေချင်လား ( Restart Option လေးကို Select လုပ်ပေးထားလိုက်ရုံပါပဲ )
• Device ရဲ့ ပါဝါခလုတ်ကို မနှိပ်ပဲ Screen ကို Off ဖြစ်သွားစေချင်လား ( Lock Screen ကို Select လုပ်ပေးထားလိုက်ရုံပါပဲ )
• ကျန်တဲ့ Control Center ကို ခေါ်ချင်လား ၊ ဒါမှမဟုတ် အသုံးပြုထားခဲ့တဲ့ Apps တွေကို ပြန်ခေါ်လို့ရတဲ့ App Switcher ကိုပဲ ထည့်ထားချင်လား လုပ်လို့ ရပါမယ် ။

နမူနာအနေဖြင့် ဒီပုံထဲကလိုပေါ့ ။

ဒါကတော့ AssistiveTouch ရဲ့ သီးခြား ရရှိနိုင်သေးတဲ့ Features လေးတွေပဲ ဖြစ်ပါတယ် ။ AssistiveTouch ခေါင်းစဉ်အောက်မှာပါပဲ ။

သူ့ကိုတော့ Custom Actions အောက်ကို ပို့ထားပါတယ် ။
• AssistiveTouch အိုင်ကွန်ကို Single – Tap လေး နှိပ်လိုက်ရင် Menu ပွင့်လာစေရန် ပြုလုပ်ထားတာပါ ။
• AssistiveTouch အိုင်ကွန်ကို Double – Tap နှိပ်လိုက်လျှင် Screen Off ( Lock Screen ) ဖြစ်သွားစေရန် ပြုလုပ်ထားတာပါ ။
• AssistiveTouch အိုင်ကွန်ကို Long Press ( ခပ်ကြာကြာ ) ဖိထားလိုက်ပါက Device ကို အလွယ်တကူ Restart လုပ်နိုင်စေရန် ပြုလုပ်ထားတာပါ ။

အထက်ပါ Single – Tap , Double – Tap နဲ့ Long Press တို့တွင် မိမိနှစ်သက်ရာ အခြားသော Feature Options များကိုလည်း နှစ်သက်သလို ရွေးချယ် သတ်မှတ် ပေးထားလို့ ရပါတယ် ။

Apple ဟာ iOS 13 တွင် ပြောင်းလဲမှုပေါင်း များစွာကို ပြုလုပ်ပေးထားပါတယ် ။ ဒီအထဲမှာ AssistiveTouch Feature လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ် ။

Home Screen ပေါ်မှာ AssistiveTouch အိုင်ကွန်ကို နှိပ်လိုက်ပါက မြင်တွေ့ရမယ့် AssistiveTouch ရဲ့ Style ဟာ အများကြီး ပြောင်းလဲသွားပါပြီ ။ အထဲက Icons လေးတွေက ပိုမို သေးသွားပြီး ကျစ်ကျစ်လစ်လစ် ရှိလာပါတယ် ။ Background Transparent ဟာလည်း အရင်လို ဖောက်ထွင်း မမြင်ရတော့ပါဘူး ။

ဒါကတော့ iOS ၏ အသုံးဝင်ဆုံး AssistiveTouch Feature လေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
2K Shares