iOS 13 ကို အသုံးပြုနိုင်မည့် iPhones / iPads များ

1237

မနေ့ညက ကျင်းပခဲ့တဲ့ WWDC 2019 ဖွင့်ပွဲအပြီးမှာတော့ iOS 13 ဖြင့် Compatible ဖြစ်တဲ့ iPhones / iPads တွေရဲ့ စာရင်း ထွက်လာပါပြီ ။

ကျနော်တို့ မှန်းခဲ့သလိုပါပဲ ။
အနီးစပ်ဆုံး မှန်ကန်ခဲ့ပါတယ် ။

ဘာလို့ အနီးစပ်ဆုံးလို့ ပြောရတာလဲဆိုတော့ iOS 13 ရဲ့ Not Compatible စာရင်းထဲမှာ iPhone 6 , iPhone 6 Plus နဲ့ iPad Air တို့ပါ ပါဝင်လာလို့ပဲ ဖြစ်ပါတယ် ။

ဆိုတော့ iOS 13 ကို အသုံးမပြုနိုင်တော့တဲ့ iPhone / iPad တွေကတော့ ….
• iPhone 5s
• iPhone 6
• iPhone 6 Plus
• iPad Air တို့ပဲ ဖြစ်ပါတယ် ။

iOS 13 ကို အသုံးမပြုနိုင်တော့တဲ့ iDevices တွေအကြောင်း ပြီးသွာပြီဆိုတော့ iOS 13 ကို အသုံးပြုနိုင်မယ့် , Compatible with iOS 13 ရဲ့ iPhones / iPads စာရင်းကို ပြောပြပါမယ် ။

• iPhone XS Max

• iPhone XS

• iPhone XR

• iPhone X

• iPhone 8 Plus

• iPhone 8

• iPhone 7 Plus

• iPhone 7

• iPhone 6s Plus

• iPhone 6s

• iPhone SE

ကြည့်လိုက်ရင် သဘောပေါက်မှာပါ ။
Apple ဟာ A8 Chip ကနေ အောက်မော်ဒယ်တွေ အကုန်လုံးကို iOS 13 မပေးတော့တာပဲ ဖြစ်ပါတယ် ။

ကံကောင်းတာကတော့ iPhone SE ပဲ ဖြစ်ပါတယ် ။ iPhone SE ရဲ့ Powerful ဖြစ်တဲ့ A9 Chip ကြောင့် iOS 13 ကို အသုံးပြုခွင့် ရလိုက်တာပဲ ဖြစ်ပါတယ် ။

အံ့အားသင့်ဖို့ ကောင်းတာကတော့ iPad OS ကို အသုံးပြုခွင့် ရတဲ့အထဲမှာ A8 Chip တပ်ဆင်ထားတဲ့ iPad mini 4 ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ သူ့လိုပဲ A8 Chip တပ်ဆင်ထားတဲ့ iPhone 6 နဲ့ 6 Plus တို့ဆို iOS 13 ကို အသုံးမပြုနိုင်တော့ပါဘူး ။

iPadOS ကို အသုံးပြုနိုင်မယ့် iPads တွေကတော့ ….

• iPad Air 3

• 2018 iPad Pro

• 2017 iPad Pro

• 6th gen. iPad

• 5th gen. iPad

• iPad Air 2

• iPad mini 5

• iPad mini 4 တို့ပဲ ဖြစ်ပါတယ် ။

ကဲဗျာ …
iOS 13 ကို အသုံးပြုနိုင်မယ့် iPhones / iPads တွေကတော့ ဒါပါပဲခင်ဗျာ ။ iOS 13 နဲ့ ပါတ်သက်တဲ့ New Features တွေ အကြောင်းကိုလည်း ထပ်မံ တင်ဆက်ပေးသွားပါဦးမယ် ။ ဆက်လက်ပြီး စောင့်မျှော် ဖတ်ရှုကြပါဦးလို့ ။

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
2K Shares