iOS 12 Beta 5 ထွက်လာပါပြီဗျာ

1170

Apple ဟာ ကနေ့ညမှာပဲ App Developers တွေအတွက် iOS 12 Beta 5 ကို ထုတ်ပေးလိုက်ပါတယ် ။ ပြီးခဲ့တဲ့ July 17 ရက်နေ့ကပဲ iOS 12 ရဲ့ Beta 4 ကို ထုတ်ပေးခဲ့ပါသေးတယ် ။ 

June လတုန်းက ကျင်းပခဲ့တဲ့ Worldwide Developers Conference ( WWDC ) ပွဲကြီးမှာ iOS 12 ကို စတင်မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ iOS 12 နဲ့အတူ Memoji ကဲ့သို့သော Tools တွေ , Screen Time လိုမျိုး Features တွေ အပါအဝင် Performance ကို ပိုမို ကောင်းမွန်လာစေတဲ့ Update တွေလည်း ပါဝင်ခဲ့ပါတယ် ။ 

ခင်များအနေနဲ့ Developer Beta Profile ကို install လုပ်ထားပြီးသား ဆိုရင်တော့ ဒီကနေ့ ထွက်လာတဲ့ Beta 5 ကို Update လုပ်ရန်အတွက် ဖုန်းကို WiFi အင်တာနက်နဲ့ ချိတ်ပြီး , Setting >> General >> Software Update ကို ဝင်ရောက်ကာ Download & install ကို နှိပ်ပြီး Beta Upgrade လုပ်နိုင်ပါပြီဗျာ ။ 

ဒီကနေ့ Beta 5 ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် Public Official iOS 12 ကြီး ထွက်ရှိလာဖို့ သိပ်ပြီး မလိုတော့ပါဘူး ။ ကြားထဲမှာ ( အများဆုံး ) Beta ( ၂ ) ခုပဲ ။ ပြီးရင် Official Version လာပါပြီ ။

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
1K Shares