iOS 12 ဘယ်နေ့ ဘယ်ရက် ထွက်မှာလဲ ?

1681

Apple ဟာ Features အသစ် အချို့နဲ့အတူ တိုးတက်မှုများစွာ ပြုလုပ်ထားတဲ့ iPhone , iPad & iPod touch တို့အတွက် Major iOS Software Update ဖြစ်တဲ့ iOS 12 ကို ဘယ်တော့လောက် Official Release လုပ်မလဲ ဆိုတာကို စိတ်ဝင်စားသူ အတော်များမယ် ထင်ပါတယ် ။ 

Apple ကလည်း iOS 12 ကို ဘယ်နေ့ ဘယ်ရက် ဘယ်တော့ ထုတ်ပေးမယ်လို့ ကြေငြာခြင်း မရှိသေးပါဘူး ။ ဖြစ်နိုင်တာကတော့ September မှာ မိတ်ဆက်ပေးမယ့် iPhone အသစ်နဲ့အတူမှပဲ ထုတ်ပေးလာဖွယ် ရှိပါတယ် ။ 

ပြီးခဲ့တဲ့ ( ၂ ) နှစ်အတွင်းမှာတော့ Apple ဟာ iOS ရဲ့ Major Update ကို iPhone အသစ် မိတ်ဆက်ပွဲအပြီး တစ်ပါတ်အကြာ Tuesday မှာ Releases လုပ်ပေးလေ့ ရှိတာကို တွေ့ရှိရပါတယ် ။ 

ကျန်နှစ်တွေမှာတော့ Wednesday နေ့တွေမှာ iOS ရဲ့ Major Update ကို ထုတ်ပေးခဲ့ပါတယ် ။

ဒီလိုဆိုရင် Apple ဟာ ( 2018 ) iPhone ကို September 11 မှာ မိတ်ဆက်ပေးနိုင်ပြီး ၊ iOS 12 ကိုတော့ September 18 မှာ Release လုပ်လာနိုင်ချေ ရှိပါတယ် ။ 

ကဲ ! Beta သမားကလည်း Beta Update လေးတွေ ဆက် ဆက် တင်ရင်းနဲ့ စောင့်ပါ ။ Normal သမားကလည်း သိပ်အဝေးကြီး လိုတော့တာမှ မဟုတ်ဆိုတော့ နည်းနည်း သည်းခံပြီး စောင့်လိုက်ကြရအောင်ဗျာ ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
943 Shares