iOS ရဲ့ အကောင်းဆုံး Feature ဖြစ်တဲ့ ‘ Restriction ‘ Option အကြောင်း

ခေါင်းစဉ်ကြီး ဖတ်ပြီး ငါတော့ မသိဘူး ။ မကြားဖူးသေးဘူးလို့ မတွေးလိုက်ပါနဲ့ ။ 

iPhone , iPad ကိုင်နေတဲ့ ယူစာအတော်များများ သိထား ကြားဖူးခဲ့တဲ့ ‘ Restrictions ‘ နဲ့ အတူတူပါပဲ ။ iOS 11 အထိ ‘ Restrictions ‘ ဆိုတဲ့ ခေါင်းစဉ် တစ်ခုအနေနဲ့ သီးသန့် တည်ရှိနေခဲ့ပေမယ့် iOS 12 ကနေစပြီး Screen Time ရဲ့ ခေါင်းစဉ်အောက်ကို ပြောင်းရွှေ့ ပေးထားတာပဲ ဖြစ်ပါတယ် ။ 

ဒါကြောင့် ဒီ ‘ Restrictions ‘ ဆိုတဲ့ Option လေးကို အသုံးပြုချင်တယ် ဆိုရင်တော့ Setting ထဲကနေ Screen Time ကို သွားပြီး ‘ Content & Privacy Restrictions ‘ ထဲကို ဝင်ရောက်ရမှာပဲ ဖြစ်ပါတယ် ။ ဒါနဲ့ ခင်များတို့ ပြောပြောနေကြတဲ့ ဒီ ‘ Restrictions ‘ ကြီးက ဘာအသုံးဝင်လို့လဲ ၊ ဘာလုပ်လို့ ရလို့လဲ ဆိုပြီး အတွေးဝင်သွားပြီလား ။ ဒါဆို ဒီပို့စ်လေးကို ဆုံးအောင် ဖတ်သွားလိုက်ရင် အဖြေက ရှင်းသွားပါလိမ့်မယ် ။ 

‘ Restrictions ‘ လို့ ဆိုတဲ့အတွက် ကန့်သတ်ထားခြင်းလို့ အဓိပ္ပါယ်က သက်ရောက် နေပါပြီ ။ ဘာတွေ ဘယ်လိုတွေ ကန့်သတ်လို့ ထားမှာလဲ ။ ရမှာလဲ ။ ဟုတ်ကဲ့ ။ 

iOS မှာ Built-in ပါလာတဲ့ အရေးကြီး Feature Options တွေ အတော်များများကို မိမိမှတပါး အများသူငှါ အသုံးပြုနိုင်ခြင်း မရှိအောင်လို့ ထိမ်းချုပ် ကန့်သတ်ထားလို့ ရပါတယ် ။ 

ဟိုး Long Long Ago တုန်းကထဲကနေ ဒီကနေ့အထိ ဒီ ‘ Restrictions Option ‘ နဲ့ ‘ Guided Access Option ‘ တို့ဟာ iOS ရဲ့ အကောင်းဆုံးသော Features တွေပဲ ဖြစ်ပါတယ် ။ ယူစာတွေ မသုံးတတ်လို့သာ လူသိနည်းပြီး မေ့ပျောက်ခံ ‘ Feature Options ‘ တွေ ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ် ။ 

ဒါကလည်း အပြစ်ဆိုစရာတော့ မရှိပါဘူး ။ ဒီ Options တွေဟာ အသုံးပြုရတာ မရိုးရှင်းသလို ယူစာတွေ လိုလားတဲ့ Features တွေ အစုံ မပါဝင်လာသေးတာကြောင့်လဲ ဖြစ်ပါတယ် ။ ဒါပေမယ့် အခုအခါမှာတော့ ‘ Restrictions ‘ ဟာ အရင် iOS Versions တွေတုန်းကထက် အသုံးပြုရတာ ရိုးရှင်းလွယ်ကူမှုတွေ ရှိလာပါပြီ ။ 

လူသိနည်းနေပေမယ့် တကယ့်ကို ကောင်းမွန်ပြီး အသုံးဝင်လှတဲ့ ဒီ ‘ Restrictions Option ‘ ကို အသုံးပြုကြည့်လိုက်ရအောင်ဗျာ ။

ဒါက ‘ Content & Privacy Restrictions ‘ ထဲကို ဝင်လျှင် မြင်တွေ့ရမယ့် အနေအထားပဲ ဖြစ်ပါတယ် ။

အပေါ်ဆုံးက ‘ Content & Privacy Restrictions ‘ ကို On ပေးလိုက်မှသာ အောက်က အခြားသော လုပ်ဆောင်နိုင်တဲ့ Options တွေကလည်း Enable ဖြစ်သွားမှာ ဖြစ်ပါတယ် ။

‘ Restrictions ‘ ကို On ပေးပြီးသွားပြီ ဆိုရင်တော့ သူ့အောက်က Options လေးတွေအကြောင်းကို ဆက်လိုက်ရအောင် ။ အဓိက ခေါင်းစဉ်ကြီး ( ၃ ) ခု ရှိပါမယ် ။
* iTunes & App Store Purchases
* Allowed Apps
* Content Restrictions ဆိုပြီး ဖြစ်ပါတယ် ။

ဒါကတော့ ပထမဆုံး Option ဖြစ်တဲ့ iTunes & App Store Purchases ကို ဝင်ရောက်ထားတာပဲ ဖြစ်ပါတယ် ။

ဒီ iTunes & App Store Purchases ထဲမှာ အသုံးပြုမှု ကန့်သတ် ပိတ်ပင်ထားခြင်တဲ့ဟာတွေကို ဝင်ရောက် ကန့်သတ် ပေးထားရပါမယ် ။

သူ့အထဲမှာဆို
* Installing Apps ( Apps တွေကို ဒေါင်းခွင့် )
* Deleting Apps ( Apps တွေကို ဖျက်ခွင့် )
* In-app Purchases ( Apps တွေကို ဝယ်ခွင့် ) တွေ ရှိပြီး ကိုယ့်စိတ်ကြိုက် ကန့်သတ် ပေးလိုက်ရုံပါပဲ ။ Default အနေဖြင့် Allow ( ခွင့်ပြု ) ပေးထားပြီး ၊ ကိုယ်က Don’t Allow ( ခွင့်မပြု ) ကို ရွေးချယ်ပေးလိုက်ရုံပါပဲ ။

ဒါကတော့ ဒုတိယတစ်ခုဖြစ်တဲ့ Allowed Apps ပါပဲ ။ သူ့ထဲကို ဝင်လိုက်ရင်တော့ မြင်တွေ့ရတဲ့အတိုင်း Home Screen ပေါ်က Feature Options အချို့ ရှိပါတယ် ။ ဒါက အသုံးပြုဖို့ ခွင့်ပြုထားခြင်လဲ ထား ၊ မထားခြင်လည်း ရတယ် ဆိုတဲ့ Apps တွေပါပဲ ။

နားရှုပ်သွားလား မသိဘူး ။ ဒီလိုပါ ။ အခု Enabled ဖြစ်နေတဲ့ ဒီ Apps တွေကို Disabled ( Off ထားလိုက်မယ် ) ဆိုရင် Home Screen ပေါ်မှာ အဆိုပါ Apps တွေကို မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး ။ Search Bar ကို ဆွဲချပြီး အဆိုပါ Apps နာမည်ကို ရိုက်ရှာရင်တောင်မှ မပေါ်လာပါဘူး ။ အသုံးပြုချင်မှ ဝင်ပြီး Enable လုပ်ပေးလိုက်ရင်တော့ Home Screen ပေါ်မှာ အဆိုပါ Apps တွေ ပြန်ပေါ် လာပါလိမ့်မယ် ။ ဒီတော့ အခြားသူ အသုံးမပြုစေချင်တဲ့အခါ ဒီအထဲကို ဝင်ပြီး Disabled ( Off ထား ) လိုက်ပေါ့ ။

တတိယမြောက်ဖြစ်တဲ့ ဒီ Content Restrictions ကတော့ ကိုယ့်ရဲ့ ခလေးငယ်တွေကို iPhone , iPad တွေ ပေးကိုင်တဲ့အခါမှာ ကန့်သတ်ပေးထားလိုက်သင့်တဲ့ Option ပဲ ဖြစ်ပါတယ် ။

* သူ့အထဲမှာ Music တို့ TV တို့ရဲ့ Regions Store ကို ကြိုတင် သတ်မှတ်ပေးထားလို့ ရပါမယ် ။
* Music တွေ , Podcasts နဲ့ News တွေကိုလည်း ကောင်းတာရော မကောင်းတာရော ဖော်ပြစေချင်သလား ၊ ဒါမှမဟုတ် အဲလိုမျိုး မဟုတ်ပဲ ခလေးတွေ ကြည့်လို့ရမယ့် Clean တွေပဲ ပါစေချင်လားကို ဒီနေရာမှာ ရွေးပေးထားလို့ ရပါမယ် ။
* Music ရဲ့ Profiles တွေ , Posts တွေကိုရော ခလေးတွေကို တင်ခွင့် ပြုမလား မပြုလားကိုလည်း သတ်မှတ်ပေးလို့ ရပါမယ် ။
* အခြားသော Movies တွေ , TV Shows တွေ , Books တွေ , Apps တွေကိုလည်း ခလေးတွေကို လုံးဝ မကြည့်နိုင်အောင် ကန့်သတ် ပေးထားလို့ ရတဲ့အပြင် Rating အဆင့်လိုက်လည်း ကြည့်ရှုနိုင်အောင်လို့ သတ်မှတ်ပေးထားလို့ ရပါသေးတယ် ။
* Websites တွေကို ကြည့်ရှုရာမှာလည်း လုံးဝ မကန့်သတ်ထားတာ ၊ Limit Adult Websites အချို့ကိုပဲ ကြည့်ရှုနိုင်အောင်လို့ ကြိုတင် ထည့်သွင်းပေးထားနိုင်တာ ၊ လုံးဝ မကြည့်ရှုနိုင်အောင်လို့ အဆိုပါ Websites လင့်ကို ထည့်သွင်း ပေးထားနိုင်တာ ၊ Default အနေဖြင့် ထည့်သွင်းပေးထားတဲ့ Websites တွေအပြင် မိမိမှ အသစ်ထည့်သွင်းပေးထားတဲ့ Websites တွေကိုပဲ ကြည့်ရှုနိုင်အောင်လို့လည်း ကြိုတင် ကန့်သတ် သတ်မှတ် ပေးထားလို့လဲ ရပါမယ် ။
* Siri ကနေ Web ကို Search လုပ်တာတွေကိုပါ ပိတ်ထားလို့ ရပါမယ် ။ ဒါ့အပြင် Siri မှာ ရိုင်းစိုင်းတဲ့ စကားလုံးတွေ အသုံးပြုတာကိုလည်း ပိတ်ထားနိုင်ပါဦးမယ် ။
* Game Center မှာ Multiplayer Games တွေကို မဆော့နိုင်အောင်လို့ ပိတ်ထားလို့ ရသလို ၊ Friends အသစ် ထပ်ထည့်တာ , Screen Recording လုပ်တာတွေကိုပါ ပိတ်ပေးထားလို့လဲ ရပါဦးမယ် ။

ဒီ Option မှာ ဒီလို Features တွေ ပါဝင်နေတဲ့အတွက် အရွယ်မရောက်သေးတဲ့ ခလေးငယ်များကို iPhone , iPad များ ပေးကိုင် အသုံးပြုရာမှာ မကောင်းတဲ့ လူဆိုး သူခိုးများ၏ အန္တရာယ်မှ ကြိုတင် ကာကွယ်ထားနိုင်ပါလိမ့်မယ် ။

အဓိက Main ဖြစ်တဲ့ ခေါင်းစဉ်ကြီး ( ၃ ) ခု ပြီးသွားတဲ့ အခါမှာတော့ သူတို့ရဲ့ အောက်က ခေါင်းစဉ်ငယ်လေးတွေ အကြောင်းကို ဆက်ပါမယ် ။

Location Services ထဲကို ဝင်ပြီး မူလ Allow Changes အစား Don’t Allow Changes ကိုသာ ရွေးချယ်ပေးထားမယ် ဆိုရင် အခြားသူများမှ မိမိ Enabled လုပ်ထားတဲ့ Location Services ကို ပြောင်းလဲပြင်ဆင်ဖို့ ခွင့်မပြုတော့ပါဘူး ။ ( Location ကို On ထားရင် Off လုပ်လို့ မရတော့ဘူးပေါ့ဗျာ ။ )

Contacts ထဲက Don’t Allow Changes ကိုသာ ရွေးထားမယ် ။ ဒါဆိုရင် Contacts နဲ့ ပါတ်သက်တဲ့ Apps တွေမှာ Contacts တွေကို Enable or Disable လုပ်လို့ မရတော့ပါဘူး ။

နောက်ထပ်လည်း Photos အသုံးပြုမှုတွေ , Bluetooth Sharing အသုံးပြုမှုတွေ , Microphone အသုံးပြုမှုတွေကိုပါ ပြောင်းလဲလို့ မရအောင် လုပ်ထားလို့ ရပါဦးမယ် ။

iPhone , iPad တွေရဲ့ Passcode တို့ , Fingerprint တို့ , Face ID တို့ကိုလည်း အခြားသူများ မမြင်တွေ့ရအောင်လို့ ဒီနေရာကနေ ဖွက်ထားလို့ ရပါသေးတယ် ။ Passcode Changes မှာ Don’t Allow ကိုသာ ရွေးပေးထားလိုက်ပါ ။ ( အခြားသူ မပြောနဲ့ မိမိကိုယ်တိုင်ပါ အဆိုပါ Passcode Option ( Fingerprint ID / Face ID ) ကို ရှာလို့ မရသလို ၊ ဝင်လို့ပါ မရဘူး ။ )

Apple ID အကောင့်နဲ့ ပါတ်သက်ပြီးလည်း လုပ်လို့ ရပါမယ် ။ Account Changes မှာ Don’t Allow ကိုသာ ရွေးထား ။ မိမိ iPhone , iPad ရဲ့ Setting ထဲက Apple ID ကို Sign Out ( Log Out ) လုပ်လို့ မရတော့ပါဘူး ။ ( မိမိကိုယ်တိုင်တောင်မှ ID အကောင့်ကို နှိပ်လို့ မရတော့ပါ ။ )

Cellular Data Changes မှာလည်း Don’t Allow ကိုသာ ရွေးထားတယ်ဆိုရင် Control Center ကနေ Internet Data အပိတ် အဖွင့်ကို လုပ်လို့ မရတော့ပါဘူး ။ ( Setting ထဲကနေတော့ လုပ်လို့ ရပါမယ် ။ Setting တစ်ခုလုံးကို Locked ဖြစ်သွားစေချင်တာ ။ အခုဟာက မပြည့်စုံဘူး ။ ဤကား စကားချပ် ???? )

အရင် iOS Versions အဟောင်းတွေတုန်းကတော့ ဒီ ‘ Restrictions ‘ ထဲကို ဝင်ပြီး Enable လုပ်လိုက်တာနဲ့ ‘ Restrictions ‘ အတွက် ‘ Passcode ‘ ဂဏန်းတွေကို သတ်မှတ် ပေးလိုက် ရပါတယ် ။ ( မြန်မြန် ရိုက် မြန်မြန်ထည့်ပေးလိုက်နဲ့ပေါ့ ။ )

ဒီတော့ ဘာတွေ ဖြစ်လာလဲဆိုတော့ …

အဆိုပါ ‘ Restrictions Passcode ‘ ကို မမှတ်မိပဲ မေ့သွားကြတဲ့ ပြဿနာပါပဲ ။ သတ်မှတ် Passcode ရယ် ၊ Comfirm Passcode ရယ် ( ၂ ) ကြိမ် ( ၂ ) ခါ ရိုက်ထည့် ပေးရတာ မှန်ပေမယ့် ယူစာအတော်များများက အဆိုပါ Passcode ကို သတိရလေ့ မရှိတတ်ကြပါဘူး ။ ဒါကြောင့်လည်း Group မှာ မကြာခဏ ဒီ ‘ Restrictions Passcode ‘ မမှတ်မိတဲ့ Posts တွေ မြင်နေ တွေ့နေ ရတာပဲ ဖြစ်ပါတယ် ။

iOS 12 မှာတော့ ဒီပြဿနာကို အတော်အတန် သက်သာ သွားစေပါပြီ ။ ဘာကြောင့်လဲဆိုတော့ …

‘ Content & Privacy Restrictions ‘ ကို On ပေးလိုက်တဲ့ အခါမှာ Passcode ကို တစ်ခါထဲ တန်းပြီး ထည့်ပေးစရာ မလိုအပ်တော့လို့ပဲ ဖြစ်ပါတယ် ။

Setting ထဲက Screen Time ကို ဝင်ပြီး ‘ Use Screen Time Passcode ‘ ကို နှိပ်ကာ မိမိကြိုက်တဲ့ အချိန်မှ ‘ Restrictions ‘ အတွက် Passcode ကို သတ်မှတ် ပေးလို့ ရလာတဲ့အတွက် အဆိုပါ Passcode ကို အချိန်ယူပြီး ထည့်ပေးလို့ ရလာပြီဖြစ်လို့ အဆိုပါ ‘ Restrictions Passcode ‘ မေ့သွားခြင်း ပြဿနာလည်း အတော်အတန် ဖြေရှင်းပြီး ဖြစ်သွားမှာပဲ ဖြစ်ပါတယ် ။

ကဲ အခုလောက်ဆိုရင်တော့ ဒီ ‘ Restrictions Option ‘ ဟာ ‘ Guided Access Option ‘ လိုပဲ iOS ရဲ့ အကောင်းဆုံး Features အဖြစ် ပါဝင်နေရလဲ ဆိုတာကို သိရှိလောက်ပါပြီ ။

Wish all peace.

@ZN

Facebook Comments
0 Shares