Instagram ပေါ်ကို စောက်ခွက်ပြောင်နေတဲ့ ဆဲလ်ဖီပုံ တင်လိုက်သည့် iPhone သူခိုးကို ရဲလိုက်ဖမ်း 😎

1185

iPhones တွေဟာ သူခိုးတွေရဲ့ အကြိုက်ဖုန်းပါ ။ Anti-theft Feature တွေ ပါနေပေမယ့်လည်း သူခိုးတွေကတော့ ရှိနေတုန်းပါပဲ ။ အခိုးခံနေရဆဲ ။

အခုလည်း New Jersey က ရဲတွေဟာ ဖုန်းပိုင်ရှင်၏ Instagram Account မှာ Selfie ရိုက်ပြီး တင်လိုက်တဲ့ iPhone သူခိုးကို လိုက်လံ ရှာဖွေမှုတွေ လုပ်နေပါတယ် ။

မခန့်တာက အဆိုပါ iPhone သူခိုးဟာ သူ့ရဲ့ အခွက်ပြောင်နေတဲ့ ဆဲလ်ဖီပုံကို အနီးကပ် ရိုက်ပြီး ဖုန်းပိုင်ရှင်ရဲ့ Instagram Account မှာ တင်လိုက်တာပဲ ဖြစ်ပါတယ် ။ Lol:

အခုတော့ ရဲတွေဟာ သူခိုးရဲ့ ပုံကို ဖြန့်ဝေပေးပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ။

via PetaPixels

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
655 Shares