iDevice များကို Firmware တင်သည့်အခါ.. Recovery Mode (သို့မဟုတ်) DFU Mode နဲ့ တင်မှာလား ဆိုတာ ကွဲကွဲပြားပြား သိစေရန်

185

What is Recovery Mode?

**************************

Recovery mode ဆိုတာမိမိ iDevice ကအကြောင်းတခုခုကြောင့်ပါဝါမတတ်တော့သည်ချိန်သော်၎င်း၊ Jailbreak device တွေမှာ tweak တခုခုကြောင့်ပါဝါမတတ်တော့သည့်အချိန်သော်၎င်း၊မိမိ iDevice ကို iOS version အမြင့်မှအနိမ့်သို့ပြန်ဆင်းချင်သော်၎င်း၊ iOS version အသစ်တင်ရာမှာ OTA (Over-the-air) မရလျင်သော်၎င်း၊restore or Update ပြုလုပ်ရန် မိမိ iDevice ကို iTunes ဖြင့်ချိတ်ပြီးပြုလုပ်နိုင်ရန်လိုအပ်သောလုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ Recovery Mode ဟာမိမိ iOS version မြင့်ရာမှနိမ့်ရာ(သို့) နိမ့်ရာမှမြင့်ရာသို့တင်ရာတွင်မိမိလက်ရှိ data များမပျက်စေပဲလုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ တခါတရံ iOS version အသစ်ကို OTA တင်နေချိန်မှာrecovery mode ဝင်တတ်ပါတယ်။

အဲ့အချိန်မှာအောက်ပါ restore or update နည်းသုံးရပါမယ်။

နောက်တခုက မိမိ iDevice Passcode ကိုအကြိမ်များစွာရိုက်ပြီးမှားယွင်းပါက“iPhone is disable”

ဆိုပြီးဝင်မရချိန်မှာလည်း recovery mode နဲ့ iOS version ကိုပြန်တင်ရမှာဖြစ်ပါတယ်။

iDevice ကို iTunes ဖြင့်ချိတ်ပီး Recovery Mode ဝင်ပါက မိမိ computer မှ iTunes တွင် pop-up ပေါ်လာပြီးချိန် keyboard မှ shift key+ check for update နိပ်ပြီးipsw(firmware) ကိုရွေးပေးလိုက်ခြင်းဖြင့် iDevice သည် lastest iOS version သို့ရောက်ရှိစေမှာဖြစ်ပါတယ်။

မိမိ iDevice အတွက် Restore or Update မပြုလုပ်မီလိုအပ်တဲ့ မိမိ iDevice version IPSW ကိုမိမိ device model အလိုက်ဒေါင်းယူထားဖို့လိုအပ်ပါတယ်။ iTunes ကနေrestoreတိုက်ရိုက်လုပ်ပါက IPSW latest ကိုဒေါင်းပြီး restore လုပ်နိုင်မှာဖြစ်ပါတယ်။

6 & 6 Plus, 6S & 6S Plus Below Recovery Mode

*************************************************

-Power နဲ့ Home ခလုတ်၂ ခုကိုတွဲနှိပ်ပါ။ black screen

ဖြစ်တဲ့အချိန်ထိပါ။

-black screen မြင်ရရင် Power ခလုတ်ကို လွှတ်ပြီး home

ခလုတ်တခုကိုပဲဖိနှိပ်ထားပြီး computer မှ iTunes ဖြင့်

Lightning USB Cable ကြိုးသုံးကာ ချိတ်ပါ၊

iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။

iPhone 5 နဲ့ 5S လည်းအတူတူပါပဲ၊

7 & 7 Plus recovery mode

******************************

-iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။

ချိတ်ပြီးနောက်ပါဝါပိတ်ပါ။

ပါဝါခလုတ်နှင့်အသံတိုးသောခလုတ် ခုစလုံးကိုတွဲနှိပ်ထားပေးပါ၊ iTunes logo နဲ့usb ပုံပေါ်သည်အထိပါ။

iPhone 8 , 8 Plus, X XR, Xs & XsMax Recovery Mode

****************************************************

-iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။

ချိတ်ပြီးနောက်ပါဝါပိတ်ပါ။

-volume+ တချက်နှိပ်, volume- တချက်နှိပ်ပြီးပါဝါခလုတ်

ကိုဖိနှိပ်ထားပေးပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။


What is DFU Mode?

********************

DFU ဆိုတာကတော့ Device Firmware Update ဖြစ်ပါ

တယ်။ DFU mode ကိုသုံးပြီ iOS firmware ခေါ်တဲ့

IPSW (iOS Firmware) ကိုတင်ရမှာပဲဖြစ်ပါတယ်။ DFU

mode ကိုဝင်ပြီးတင်ပါကမိမိ iDevice ရှိ Data များဆုံးရှုံး

မှာဖြစ်ပြီးအသစ်ကဲ့သို့ set up ပြန်လုပ်ရမှာဖြစ်ပါတယ်။

iDevice ကပါဝါမလာတော့တဲ့အချိန်မှာ recovery mode

ဝင်မရတဲ့အခါမှာ DFU mode ကိုဝင်ကြည့်ရပါမယ်။ DFU

mode ဝင်ရပါက iDevice ကို Restore Firmware ပြန်

လည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တချို့user တွေက

iDevice ကိုအသစ်အတိုင်းပြန်လုပ်ချင်ရင် DFU mode

နဲ့ firmware တင်နိုင်မှာပဲဖြစ်ပါတယ်။ DFU Mode ဝင်

ပြီး မိမိ computer မှ iTunes ဖြင့်ချိတ်ပါက iTunes တွင်

မိမိ iDevice ကို restore  ပြုလုပ်ခိုင်းသော pop-up တွေ့

ရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ keyboard မှ shift key+

restore ကိုနှိပ်ပြီး မိမိဒေါင်းယူထားသော IPSW (iOS Firmware) ရွေးပေးပြီးတင်ရမှာပဲဖြစ်ပါတယ်။ မတင်ခင်

မိမိ iPhone model အလိုက် IPSW ကိုဒေါင်းယူထားရ

မှာပဲဖြစ်ပါတယ်။ restore လုပ်ရာမှာ shift+ restore IPSW နဲ့ iTunes မှ restore လုပ်ရာမှာအနဲငယ်ကွာပါ

တယ်။ DFU mode ဝင်ပြီးချိန်မှာ iTunes ကနေ restore

တိုက်ရိုက်လုပ်ပါက IPSW lastest ကိုဒေါင်းပြီး restore

မှာဖြစ်ပါတယ်။

မိမိက shift+ IPSW နဲ့ restore ရင်တော့မိမိလိုတဲ့ iOS version ကို restore လုပ်နိုင်မှာဖြစ်ပါတယ်။

DFU mode ဝင်ရင် iDevice မှာဘာမှ

မပေါ်ပဲ blcak screen ဖြစ်နေပါမယ်။ iTunes တွင် restore လုပ်ခိုင်းသော pop-up သာပေါ်မှာဖြစ်ပါတယ်။

6 & 6 Plus Below DFU Mode

********************************

iDevice ကို iTunes ဖြင့်ချိတ်ပြီး

power button နှင့် home button ကိုတွဲနှိပ်ပြီး ၁၀ စက္ကန့်အကြာ power

button ကိုလွှတ်ပြီး home button ကိုဖိနှိပ်ထားပေးရပါ

မည်။

7 & 7 Plus DFU Mode

*************************

iDevice ကို Computer iTunes ဖြင့်ချိတ်ပြီး volume down နှင့် power button တို့ကိုတွဲနှိပ်ပြီး black screen

ဖြစ်သွားပြီးနောက် power button ကိုလွှတ်ပြီး volume

down button ကိုဆက်နှိပ်ထားပေးပါက iTunes တွင်

restore လုပ်ရန် pop-up ပေါ်လာမှာပဲဖြစ်ပါတယ်။


8, 8 Plus ,X , XR, Xs & XsMax DFU Mode

*****************************************

PC က iTunes ကိုဖွင့်ပြီး iDevice ကို USB ချိတ်ပါ။ volume up နှိပ်ပြီး volume down နှိပ်ပြီး side button ကို ၁၀ စက္ကန့်ကြာမျှ ဖိနှိပ်ထားပြီးနောက် screen ပိတ်သွားပြီး စက္ကန့်အကြာ side buttonနဲ့ volume down ကိုပါတွဲနှိပ်

ပြီး စက္ကန့်အကြာမှာ side Button ကိုလွှတ်ပြီး volume down ကိုသာဆက်ဖိနှိပ်ထားပါကiDevice screen သည် Black ပဲဖြစ်နေပြီး DFU mode သို့ဝင်ရောက်သွားပြီးဖြစ်ပါတယ်။

———————————————————————————————-

ကျနော်တို့ iDevice ကို မည်သည့် iOS version တင်နိုင်သည်ကို အောက်ပါလင့်ကနေမိမိမော်ဒယ်အမျိုးစားလိုက် ကြည့်ရှု Download ကူးယူ စစ်ဆေးကြည့်နိုင်ပါတယ်ဗျ ကျေးဇူးတင်ပါတယ်။

>>>>>>>

https://ipsw.me/

Credit – Today’s Mobile

မူရင်း Post

https://www.facebook.com/606936172727567/posts/2341556769265490?s=100013038398874&sfns=mo

Facebook Comments
682 Shares