Facebook Dark Mode ကို စမ်းသပ်နေကြပြီ …

583

ဒီနှစ်အစောပိုင်းက Facebook ဟာ Messenger မှာ Dark Mode Feature ကို ထည့်သွင်းပေးခဲ့ပါတယ် ။ အခုလည်း Computer Science Student ဖြစ်တဲ့ Jane Manchun Wong ရဲ့ ScreenShot တွေအရ Facebook မှာပါ Dark Mode Feature ကို အသုံးပြုနေတာ တွေ့ရှိရပါတယ် ။ သူမဟာ Andriod တွေအတွက် ပေးထားတဲ့ Mobile Facebook App Beta Version ကို အသုံးပြုနေတာ ဖြစ်ပါတယ် ။

Facebook ၏ Public Beta Testing Program ကို Andriod Devices အချို့မှာသာ အကန့်အသတ်နဲ့ စမ်းသပ် အသုံးပြုခွင့် ရတာ ဖြစ်ပါတယ် ။ အဆိုပါ စမ်းသပ်မှုကနေ Jane က Facebook App ရဲ့ Dark Mode Code ကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။

ကြည့်ရတာကတော့ Facebook App ရဲ့ Dark Mode ကို iOS 13 ထွက်ပြီးမှသာ World Wide သို့ ဖြန့်ချီပေးသွားဖွယ်ပါပဲ ။

Ref : Christian Zibreg

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
1K Shares