05/25/2020

Face ID ရော် Touch ID ရော် ပါဝင်လာမှာ ဖြစ်တယ့် 5G iPhone

8K Shares

Rumors တွေကတော့ ပလူပျံနေ ပြန်ပါပြီ ဒီနှစ်မှာ ထွက်ရှိမယ့် 5G iPhone တစ်လုံးမှာ Under-display Ultrasonic Fingerprint scanner ပါဝင်မည့် အပြင် Face ID လည်း ပါဝင် နေပါမယ်တယ့် ဗျာ

OLED display ထုတ်လုတ်သူ တွေဖြစ်တယ့် Qualcomm & BOE, Touch panel ထုတ်လုပ်သူ GIS တို့က အတူတကွ ပူးပေါင်းပြီး iPhone အတွက် Display အောက် Ultrasonic fingerprint scanner technology ကို အကောင်းဆုံး ဖန်တီးနိုင်ဖို့ ကြိုးစား နေကြတယ်ဆိုတယ့် အကြောင်း Chinese EDN သတင်းဟာ အတိအကျ ဖော်ပြ ခဲ့တာပါ

Ming-Chi Kuo & Bloomberg အပါအဝင် အခြား Analysts များမှလည်း Apple အနနှင့် ဒီနှစ် 2020 မှ မဟုတ်ရင်တောင် 2021 မှာတော့ အနည်းဆုံး 5G iPhone တစ်လုံးမှာ Face ID & Touch ID အတူတကွ ပါဝင်တယ့် iPhone တစ်မျိုးကို မိတ်ဆက် သွားမယ်လို့ ပြောနေခဲ့ကြတာ ကြာပါပြီ ၊ အခု EDN သတင်းရဲ့ ဖော်ပြချက် အရတော့ အဆိုပါ iPhone ဟာ iPhone 12 ရဲ့ 5G Version တစ်လုံးမှာ ပါဝင်လာမယ် ဆိုတယ့် သဘောမျိုး ပြောလိုက်တာပါ

သို့သော်လည်း ဒီနှစ် Bloomberg ရဲ့ Reporter ဖြစ်တယ့် Mark Gurman ရဲ့ ပြောကြားချက် အရ ဒီနှစ်မှာ Face ID & Touch ID ပါဝင်တယ့် iPhone မြင်တွေ့ရဖို့ ခက်ခဲ နိုင်ပြီး သူ့အနေနဲ့ Apple ဟာ 2021 မှာတော့ ထုတ်လုပ်ဖို့ သေချာ ပါတယ်လို့ ဆိုထားကာ ဒီနှစ်မှာ ထွက်ရှိမယ့် iPad Air မှာတော့ Under-display ultrasonic fingerprint scanner ပါဝင်ဖို့ဟာ ပိုသေချာတယ် လို့ ပြောကြား ထားပါတယ်

Qualcomm ဟာ ultrasonic fingerprint scanner အချို့ကို ထုတ်လုပ် ပြီးသားပါ သို့သော် iPhone မှာ အသုံးပြုမယ့် scanner ကတော့ ပိုမို နည်းပညာ မြင့်မားပြီး screen မျက်နပြင် တစ်ခုလုံး အလုပ်လုပ် စေနိုင်မှာ ဖြစ်တယ် လို့ Analysts များက ထင်ကြေး ပေးထားကြ ပါတယ်

Apple ဟာ ဒီနှစ်မှာ iPhone (၄) မျိုး ထွက်ရှိဖို့ ရှိပြီး 5.4” တစ်လုံး 6.1” နှစ်လုံး နဲ့ 6.7” တစ်လုံး တို့ကို တွေ့မြင် သွားရမှာပါ၊ အားလုံး အဆင်ပြေ ချောမွေ့ခဲ့ ရင် ဒီနှစ် မကုန်ခင် မြင်ရဖို့ မျှော်လင့်ရပြီး iPhone 12 Pro Max ဟာ COVID-19 ရဲ့ နှောင့်နှေး မှုတွေ ကြောင့် Touch ID & Face ID ပါဝင်တယ့် 5G iPhone ဖြစ်လာ နိုင်တယ် ဆိုတယ့် သတင်း တွေ ထွက်ရှိ လာတာလို့ လည်း မြင်မိပါတယ်

photo- MacRumors
Chinese Economic Daily News မှ ဖော်ပြ ပါသည်

9 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။