EarPods AirPods တွေ အသံတိုးလာရင် ဘယ်လို ပြန်ဖြေရှင်းမလဲ??

1273

တစ်နေ့ကပဲ အသိတစ်ယောက် ကျွန်တော့ စီရောက်လာပါတယ် ဖြစ်လာပုံကတော့ သူ နားထောင်နေတယ့် EarPods လေးဟာ မကြားရလောက်အောင်ထိ အသံတိုးနေတာပါပဲ Volume နောက်ဆုံးမှာတောင် ကြားရတယ် ဆိုရုံလေးပဲ ကြားနေရတာပါ

-ကိုကောင်း ငါ့ နားကြပ်လေး အသံ သိပ်မထွက်တော့ဖူး ပျက်ပြီထင်တယ် i-#### ဝယ်လာတာ ငါတော့ ဂျင်းမိပြီ ထင်ပါတယ်

-ပြစမ်းပါဦး ငါစမ်းကြည့်ပါဦးမယ် အေး အတော်တိုးတာပဲ (Setting-Music-Volume limit ကို စစ်ကြည့်တော့လည်း off ထားတာ တွေ့ရပါတယ်)

-မင်းသုံးတာ ဘယ်လောက်ကြာပြီလဲ

-၈ လလောက်ရှိပြီ လွန်ခဲ့တယ် ၂-၃ လကပဲ အသံက တစ်ဝက်လောက်တိုးသွားတယ် ငါအပြည့် ချဲ့ပြီးနားထောက်နေရတာ အဆင်ပြေသေးတယ် အခုမှ ချက်ချင်း အဲ့လိုဖြစ်သွားတာ

-ဟေ သူ့ဟာသူတော့ မဖြစ်ပါဖူးဟ မင်း ဘာသွားလုပ်ထားသေးလဲ

-ငါ နားဖာချီးတွေ ဝင်နေလို့ သွားကြားထိုးတန် နဲ့ ထိုးကော်ထုတ်လိုက်ပြီးတော့ ဖြစ်သွားတာပဲ

-အော် ညဏ်ကောင်း ချက် ဈေးသွားပြီး အရက်ပြန်နဲ့ နားဖာချီး ကော်တယ့် ဂွမ်းတန် သွားဝယ်ခဲ့

ပစ္စည်းတွေ ရပြီးနောက် နားဖာထိုးတန်နဲ့ အရက်ပြန်ဗူးထဲ တစ်ချက် ဆက်ကနဲ မြန်မြန်လေး စွတ်လိုက်ပြီး EarPods ရဲ့ speaker အပေါက်တွေကို တို့တို့ စွဲစွဲပြီး သန့်ရှင်းပေးပါတယ် ဂွမ်းတံမှ ဘာအရောင်မှ မတွေ့ရတော့တယ့် အထိ သန့်ရှင်းပေးပါ အရက်ပြန် အရမ်းမများပါစေနဲ့ စွတ်ရုံလောက်ပဲ ကောင်းပါတယ် တို့တယ့်အချိန်မှာ လေနဲ့ မှုတ်မှုတ်တို့ပါ ပြီး အရက်ပြန် ပမာဏ တော်တော်များများ နစ်စွတ်ပြီး ကျန်နေခဲ့တယ်လို့ထင်ရင် လေနဲ့ နာနာလေး မှုတ်ပေးပါ အရမ်းတော့ မပြင်းပါစေနဲ့

-ရော့ အသံတစ်ဝက်ထားပြီး နားထောင်ကြည့်လိုက်

-ဝိုး အသစ်တိုင်းပဲ ကောင်းလိုက်တယ့် အသံ အကျယ်ကြီး ထွက်လာတယ် ဘယ်လိုဖြစ်တာလဲ ငါလည်း ၂-၃ လတစ်ခါလောက် သန့်ရှင်းပေးပါတယ်

-မင်းက သွားကြိုးထိုးတန် နဲ့ ထိုးတော့ မင်း နားဖာချီးတွေကို EarPods ရဲ့ speaker အပေါက်ကြားတွေထဲကို ထိုးထိုး သိပ်ထည့်နေသလို ဖြစ်တာပေါ့ နောက် ဘယ်လို အချွန်မျိုးနဲ့မှ မလုပ်မိစေနဲ့တော့
၃လ တစ်ကြိမ်လောက် ဂွမ်းတံနဲ့ အရက်ပြန် နဲ့ပဲ သန့်ရှင်းရေးလုပ်ပေး

အလားတူ ဖြစ်ရပ်မျိုး AirPods မှာ ဖြစ်ခဲ့ရင်လည်း လုပ်လို့ရပါတယ် iPhone ရဲ့ Speaker မှာ ဖြစ်ခဲ့ရင်တော့ အပြင်ကလုပ်လို့ မရပါဖူး ဖုန်း ကို ခွာလိုက်ပြီးမှ Speaker ကို သန့်ရှင်းရေး လုပ်လို့ရတာမို့ မခွာတတ်ရင် မခွာပါနဲ့ ကျွမ်းကျင်သူစီမှာပဲ ခွာခိုင်းပါ

နောက်တစ်ခု ပြောခြင်တာကတော့ AirPods တွေမှာ တစ်ဖက်နဲ့ တစ်ဖက် အားကုန်တာခြင်း မတူတာဟာ လုံးဝ AirPods ရဲ့ အမှား ပြသနာ မဟုတ်ပါဖူး ပြသနာဟာ သီချင်းနဲ့ အသံထွက်ပေါမှာပဲ ရှိတာပါ ရိုးရှင်း သီအိုရီကတော့ L သံ R သံ လာတာခြင်း အနိမ့်မြင့် မတူပါဖူး သိချင်းတွေဟာ တစ်ဖက်နဲ့ တစ်ဖက်လာတာခြင်း မတူတာကြောင့် များများ သုံးရတယ့်ဖက်က အားပိုကုန်ရတာပါ ဒါပါပဲ

Facebook Comments
1K Shares