Don’t be stupid Wang

157

iPhone 4 ဝယ်ယူရန် ကျောက်ကပ်ကို ရောင်းခဲ့တဲ့တရုတ်ဆယ်ကျော်သက်လူငယ်တစ်ဦး အိပ်ယာမှ မထနိုင် ။

မှတ်မိကြဦးမလား မသိဘူး ။

အသက် ( ၁၇ ) နှစ်အရွယ်ပဲ ရှိသေးတဲ့ Xiao Wang ဟာ iPhone 4 နဲ့ iPad တို့ကို ဝယ်ယူဖို့အတွက် သူ့ရဲ့ ကျောက်ကပ်ကို $ 3000( RM 13000 ) ဖြင့် ရောင်းချခဲ့ပါတယ် ။ သူ့မိဘတွေအနေဖြင့် iPhone ကို မဖြစ်မနေ လိုချင်တောင့်တနေတဲ့ သူ့ရဲ့စိတ်ကို ချက်ချင်း ဖြည့်စည်းပေးနိုင်စွမ်း မရှိကြပါဘူး ။ ( ၇ ) နှစ်ကြာပြီးတဲ့နောက်မှာတော့ Wang ရဲ့ အစီအစဉ်တွေဟာ လွင့်ပါး ပျောက်ကွယ် သွားကြပါပြီ ။

Wang ဟာ မှောင်ခိုဈေးကွက်ထဲက သူတွေနဲ့ ကျောက်ကပ်ကို ရောင်းချစဉ်မှာ သဘောတူညီမှု ပြုလုပ်ခဲ့တာ ရှိပါတယ် ။ ပြင်းထန်တဲ့ ရောဂါကို ခံစားလာရပါက သူ့ကျောက်ကပ်ကို ပြန်ပေးဖို့ပါ ။ ဒီအော်ပရေးရှင်းကို တရုတ်နိုင်ငံ ၊ Chenzhou မှာရှိတဲ့ တရားမဝင် မြေအောက် ဆေးရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ အော်ပရေးရှင်းပြီးတဲ့နောက် တစ်ပါတ်အကြာမှာတော့ Wang ဟာ သူ့ရဲ့ Normal Life ကို ပြန်လိုချင်မိတယ်လို့ ဆိုပါတယ် ။ စိတ်မကောင်းစရာက ဒါ ဘယ်တော့မှ ပြန်ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး ။ Wang ကို ခွဲစိတ်မှုပြုခဲ့တဲ့ အခန်းနဲ့ ခွဲခန်းသုံး ပစ္စည်းတွေဟာ သန့်စင်ခြင်း မရှိတဲ့အတွက် သူ့ခွဲဒဏ်ရာမှာ ရောဂါပိုး ကူးစက်ခြင်း ခံခဲ့ရပါတယ် ။ 

ပိုဆိုးတာက Wang ဟာ iPhone ဝယ်ဖို့ သူ့ကျောက်ကပ်ကို ထုတ်ရောင်းခဲ့ကြောင်း သူ့မိသားစုအားဘယ်တုန်းကမှ ဖွင့်မပြောခဲ့တာပါပဲ ။ Wang ကူးစက်ပိုးကြောင့် ဆိုးဆိုးဝါးဝါး နားမကျန်း ဖြစ်လာပြီး ခံစားလာရတော့မှ သူ့မိသားစုက သိရှိရတာ ဖြစ်ပါတယ် ။ စိတ်မကောင်းစရာက Wang ဟာ သူ့ကျောက်ကပ်ကို ထုတ်စဉ်မှာ ကူးစက်ခံလိုက်ရတဲ့ ရောဂါပိုးကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ပြီး ဆေးရုံကို ရောက်တဲ့အချိန်မှာ သိပ်ကို နောက်ကျသွားပါပြီ ။ အခုတော့ Wang ဟာ အမြဲတမ်း အိပ်ယာထဲမှာပဲ လှဲနေရပြီး အသက်ဆက်ပြီး ရှင်နေရန်အတွက် Hemodialysis လုပ်ဖို့ လိုအပ်နေပါပြီ ။ တုန်လှုပ်ချောက်ချားဖွယ် ဒီကိစ္စကြီးတစ်ခုလုံးအပြင် Wang ရဲ့ မိသားစုအပေါ်ကို ထပ်မံ ကျရောက်လာစေတာကတော့ နောက်ဆက်တွဲ ဆေးကုသမှု ကုန်ကျ စရိတ်တွေပါပဲ ။

Wang ရဲ့ မိသားစုအတွက် ကျေးဇူးတင်စရာ ဖြစ်လာပါပြီ ။ အဲဒါကတော့ ကြားက စေ့စပ်ပေးသူနဲ့ မြေအောက် ဆေးရုံတို့အကြား အော်ပရေးရှင်းနဲ့ ပါတ်သက်ပြီး တရားစွဲဆိုမှုမှာ လျော်ကြေးငွေ အမြောက်အများကို Wang ရဲ့ မိသားစု ရရှိလိုက်လို့ပါပဲ ။

ဒီသတင်းကနေပြီး သင်ခန်းစာ ယူကြစေချင်ပါတယ် ။ iPhone ဒါမှမဟုတ် အခြားသော တစ်စုံတစ်ခုကို ဝယ်ယူဖို့အတွက်နဲ့တော့ Wang လိုမျိုး ကျောက်ကပ်ကို ထုတ်ရောင်းခဲ့တဲ့ ရူးမိုက်သည့် အပြုအမူမျိုး မလုပ်ကြပါနဲ့ ။ ခင်ဗျားရဲ့ ဘဝဟာ အဲဒီထက်မက အဖိုးထိုက်တန်ပါတယ်ဗျာ ။ 

[ Via Oriental Daily ]

အားလုံးဆင်ခြင်သတိပြုနိုင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
299 Shares