Cook ကတော့ Apple Products အလန်းတွေကို အတည်ပြုလိုက် …………,

309

Apple ရဲ့ နှစ်စဉ် ကျင်းပလေ့ရှိတယ့် Apple ရင်းနှီး မြုပ်နှံသူများနှင့် တွေ့ဆုံပွဲမှာ Apple CEO Tim Cook ကတော့ ပြီးခဲ့တယ့် သောကြာနေ့ Apple Park Headquarter မှာပဲ Apple ရဲ့ လျှောက်လမ်းမယ့် အနာဂတ် လမ်းစဉ်အချို့ ၎င်းတို့နဲ့ စပ်လျင်းတယ့် အခွင့်အရေးတွေကိုလည်း ချပြခဲ့ပါတယ် 

Bloomberg ရဲ့ ဖော်ပြချက်အရ Mr.Cook ဟာ Apple ရဲ့ Products တွေပေါမှာ အံစာတုံး ပြစ်လိုက်ပြီ ဆိုပါပဲ ဘယ်နံပါတ် ကျမယ် ဆိုတာကတော့ ကျွန်တော်တို့ ခန့်မှန်းကြည့်ရမှာ ဖြစ်ပြီး လွန့်မျော အံ့အား သင့်သွားစေရမယ် လို့လည်း ပြောကြားခဲ့တယ် လို့ ဆိုထားပါတယ်

တွေ့ဆုံးပွဲမှာ Cook ဟာ ထူးခြားတယ့် ခြေလှမ်း အသစ် အဖြစ် 2018 MacBook Air တွေကို Refresh ပြန်လုပ်မှာဖြစ်ပြီး ဈေးလျော့ ရောင်းချသွားမယ်လို့ လည်း အတည်ပြု ပြောကြားခဲ့ပါသေးတယ် 

ဘာလို့ ထူးခြားတယ် ဆိုရတာလဲဆိုတော့ သတင်းကောင်းကောင်း ဖြစ်နေလို့ပါ ကျွန်တော့်လို့ အချို့တွေလို Latest ကလည်း ကိုင်ခြင်တယ် ဈေးလျော့ ရောင်းရင်တော့ ဝယ်မယ်ဆိုပြီး မျှောလင့် ချက်ရှိနေတယ့် သူတွေ အတွက်ကတော့ သတင်းထူးပါပဲ (ဘယ်သူက ဈေးချိုသွားတာ မကြိုကြလို့ တုန်း)

Mr.Cook ရဲ့ အားရမိဆုံး စကားကတော့ “long great roadmap” ဆိုတာပါပဲ ကြီးကျယ် ခန့်နားတယ့် လမ်းမရှည်ကြီး တစ်ခု Apple products တွေ အတွက် ရှိနေတယ်လို့ ဆိုလိုက်တယ့် စကားပါပဲ ဦးတည် ပြောခြင်ခဲ့တာကတော့ Apple Watch ရယ် AirPods ရယ်ပါပဲ ဒီတော့ Apple AirPods 2 က confirm နီးနီး ဖြစ်နေပြီလို့ ဆိုနိုင်တယ် (အတိအကျကတော့ ကျွန်တော်လည်း သေချာ မသိဖူး ထွက်လာမှပဲ သိရမယ်ပေါ့) 

Images source

ဒါပေမယ့် နော်ကဆုံး ထွက်ရှိခဲ့တယ့် Apple Watch 2018 series ရော ယခင် AirPods ရော Products နှစ်ခုလုံးကတော့ အောင်မြင်ခဲ့တယ် Apple Watch ကတော့ နှစ်စဉ် နှစ်တိုင်း Refresh series အသစ် ပြန်ထွက်နေကျမို့ ထွေထွေ ထူးထူး ပြောစရာမရှိဖူး 

AirPods ကိုတော့ ပြောရမယ် 2016 iPhone series နဲ့ ထွက်လာတယ့် September 7 ရက်မှာပေါ့ တိတိကျကျ ပြောရရင် ထိုစဉ်က ပထမဆုံး နားကြပ်ပေါက် ပါမလာတယ့် iPhone တွေ ဖြစ်ခဲ့တယ့် “Create a problem” “sell a solution” ဆိုတယ့်အတိုင်း 1 Trillion ဖြစ်သွားခဲ့တယ့် Apple အနေနဲ့ ပထမဆုံး AirPods ကို iPhone 7 နဲ့ အတူ ပွဲထုတ်ပြသခဲ့တယ် 

ထွက်ရှိလာတုန်းကတော့ ဈေးကမြောက်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြည်တွင်းမှာပါ မက အခြားနိုင်ငံတွေမှာပါ ကွစိကွစိ ဖြစ်နေကြတာ ကိုတွေ့ရတယ် နောက်တော့ Review rates တွေ တအား ကောင်းနေတာ မြင်ရပြီးတော့ သုံးကြည့်ကြတယ် တကယ်လည်း ကောင်းတယ် တန်တယ် ဆိုပြီးတော့ Popular ဖြစ်လာတယ် 

ဒါကြောင့် Apple အနေနဲ့ AirPods series အသစ်ကို Refresh လုပ်မယ်ဆိုရင် လုပ်လို့ သင့်တော်တယ့် အနေအထားမှာ ရှိနေတယ် ဖြစ်သင့်တယ် လို့ ကျွန်တော်မြင်တယ် AirPods 2 က ယခင် AirPods ထက်တော့ $30 ဝန်းကျင်လောက် ပိုကျသင့်နိုင်တယ် လို့ ထင်တယ် ပြောလို့တော့မရဖူး $100 လောက် ပိုလာမှာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ် 

ထွက်ခဲ့မယ်ဆိုရင် AirPods 2 ကို ဒီ March လမှာ မြင်ရကောင်း မြင်ရနိုင်တယ် မဟုတ်ရင်လည်း September ထိ မျှောလင့်လို့ ရသေးတယ် အခုတော့ AirPods အကြောင်းကို ဒီလောက်ပဲ နောက်မှ ကျွန်တော် သီးသန့် သူ့ရဲ့ Biography ကို ရေးပေးသွားမယ် ဗဟုသုတ ဖြစ်ပေါ့

Image source

နော်ဆုံး Cook ပြောကြားခဲ့တာကတော့ Apple အနေနဲ့ Users တွေပေါမှာ သတင်း ရင်းမြစ်တွေ စုဆောင်းရယူပြီး ကိုယ်ကျိုး အသုံးချနေတယ့် Google တို့ Facebook တို့ရယ် ပုံစံတွေကို အပြင်းအထန် ဆန့်ကျင်နေတယ် ဆိုတာပါပဲ 

(သတိထားမိကောင်း သတိထားမိမယ် Facebook connect လုပ်ထားတယ့် Sites or shopping တွေကနေ ပစ္စည်းတစ်ခုကို ရှာလိုက်တယ် Facebook ပြန်သုံးရင် ကိုယ်ရှာတယ့် ပစ္စည်းတွေကိုပဲ ကြေညာတွေ အဖြစ် မမြင်ခြင် အဆူံး တောက်လျောက်တတ်နေတာကို တွေ့ရတယ် ဒါမျိုးတွေပေါ့လေ User ကို အသိမပေးပဲ ကိုယ်ရေးကိုယ်တာ ရှာဖွေတာတွေကို မှတ်သားထားပြီး ပြန် အသုံးချစေတယ် Blar Blar ပေါ့)

Bloomberg & Redmonpie ကနေ ကိုးကား ရေးသားပါသည် Feature image Source

Facebook Comments
1K Shares