Channel Myanmar , Facebook and YouTube တို့မှ Videos ( Movies ) များကို DManager Browser ဖြင့် အမြန်ဆုံး ဒေါင်းနည်း ။

9718

Channel Myanmar , Facebook and YouTube တို့မှ Videos ( Movies ) များကို DManager Browser ဖြင့် အမြန်ဆုံး ဒေါင်းနည်း ။

ရှေ့မှာ သိပ်မကြာသေးခင်ကပဲ Aloha Browser တို့ ၊ Offline Browser တို့ဖြင့် Channel Myanmar က Movies တွေ ၊ Facebook , YouTube တို့က Videos တွေကို HD ကော ရိုးရိုးပါ ဒေါင်းပုံ ဒေါင်းနည်းတွေကို ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ် ။

ဒီတော့ ဘာတွေ Reply ပြန်လာကြလည်း ဆိုတာကို လေ့လာကြည့်လိုက်တော့ Offline နဲ့က ဒေါင်းမရဘူး ။
ဘာပူး ။
ညာပူးပေါ့လေ ။

Aloha ကျတော့လည်း နှေးတယ်ပေါ့ ။

ကဲ !
ယူစာတွေ အဆင်မပြေကြဘူး ဆိုတော့လည်း ကိုယ်တွေက မျက်နှာလွဲ ခဲပစ် မလုပ်ချင် ။

ခက်နေတာက ကိုယ်တွေက ဒေါင်းလို့ ရနေတယ် ။ အဲတော့ ရှာရ ဖွေရပြန်တာပေါ့ ။

တွေ့ပါပြီဗျာ ။

ကျနော်တို့ Group ရဲ့ Moderator တစ်ဦးက ရှာတွေ့လို့ ပြန် Share ပေးထားတဲ့ Downloader Browser Application လေး တစ်ခု ။

မဆိုးဘူး ။
Ads တော့ နည်းနည်းပါတယ် ။
ဒါပေသိ ကိစ္စတော့ မရှိ ။
Ads လာရင် ညာဖက် အပေါ်က ( X ) လေးကို နှိပ်လိုက်ရုံပဲ ။
ဒီလောက်ကတော့ နားလည်ပေးရမှာပေါ့လေ ။

DManager – Browser and File Manager by Oleg Morozov
https://itunes.apple.com/us/app/dmanager-browser-and-file-manager/id1091150912?mt=8

Okay !
တစ်ခုကနေ ဒေါင်းတဲ့ နည်းကို တင်ပေးလိုက်ရင် နောက်တစ်မျိုးက ဒေါင်းတဲ့ နည်းကို ထပ်ပြီး တောင်းနေကြမယ့် ယူစာတွေရဲ့ သဘောကို သိထားလို့ Channel Myanmar ( CM ) က Solid Drive နဲ့ တင်ထားတဲ့ Movies တွေရယ် ၊ Facebook ပေါ်မှ Videos တွေရယ် ၊ YouTube ပေါ်က Music Videos တွေကို အမြန်ဆုံးနဲ့ အဆင်ပြေဆုံး ဒေါင်းလုတ်ဆွဲတဲ့ နည်းလမ်းကို ဖောက်သည်ချ ဝေမျှပေးလိုက်ရပါကြောင်း ။

အရင်ဆုံး Channel Myanmar ( CM ) က Movies တွေကို ဒေါင်းတဲ့နည်းကို ပုံလေးတွေမှာ လေ့လာကြည့်ပါ ။

ဒီတစ်ခုကတော့ Facebook က Videos လင့်ကို Copy ယူပြီး DManager ကနေ ဒေါင်းတဲ့နည်းလမ်းလေးကို ပုံမှာ ကြည့်ပါ ။

Copy လင့် ယူမရရင်လည်း Browser က Search Bar မှာ Facebook.com လို့ ရိုက်ပြီး သွားပါ ။ ကိုယ့်အကောင့်ကို ရိုက်ထည့်ပြီး ဒေါင်းချင်တဲ့ Videos ကို ရှာပါ ။ Videos ကို တွေ့ရင် အောက်က ပုံထဲက အတိုင်း ဒေါင်းလို့ ရပါပြီ ။

ဒါကတော့ YouTube က Music Videos တွေကို DManager Browser ဖြင့် ဒေါင်းလုတ်ဆွဲတဲ့ နည်းလေးပဲ ဖြစ်ပါတယ် ။

အားလုံးအဆင်ပြေကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

 

Facebook Comments
7K Shares