Channel Myanmar မှ Movies များကို အမြန်ဆုံး ဒေါင်းနည်း ။

37111

iPhone , iPad တွေပေါ်ကနေ ဒေါင်းလုတ်ဆွဲနိုင်တဲ့ Downloader Applications အမျိုးမျိုး ရှိပါတယ် ။

သုံးလို့လွယ်ပြီး ဒေါင်းလို့ကောင်းတဲ့ Applications တွေကို မကြာခဏ ကျနော်တို့ Page ကနေ ပြန်လည် ဝေမျှ sharing ပေးလေ့ ရှိပါတယ် ။

သိပ်မကြာခင်ကပဲ Aloha ဆိုတဲ့ Downloader Application နဲ့ Facebook , YouTube , Channel Myanmar & Gold Channel တို့က Movies တွေကို ဒေါင်းလုတ် ဆွဲပုံ ၊ ဆွဲနည်းတို့ကို ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ် ။

ဒီမှာ လေ့လာပါ ။

YouTube ( HD ) ဒေါင်းနည်း
https://www.facebook.com/myanmariosbanker/posts/2005931686086910

YouTube ဒေါင်းနည်း
https://www.facebook.com/myanmariosbanker/posts/2004789022867843

Facebook , Channel Myanmar ဒေါင်းနည်း

https://www.facebook.com/myanmariosbanker/posts/2003721272974618

အဲဒီတုန်းက Open load နဲ့ တင်ပေးထားတဲ့ Movies တွေကို ဒေါင်းလုတ်ဆွဲနည်း ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ် ။ ဒီတစ်ခါတော့ Solid Drive နဲ့ တင်ထားတာကို ဒေါင်းလုတ်ဆွဲတဲ့ပုံပါ ။

Offline Downloader ဟာ ကြာလှပါပြီ ။
ဒါပေမယ့် App Store ပေါ်မှာတော့ ပေါ်လိုက် ပျောက်လိုက်ပါပဲ ။

အထူးသဖြင့် Facebook ပေါ်က Videos တွေကို အခု ဒေါင်းလို့ရလိုက် ၊ တော်ကြာ မရလိုက်နဲ့ ခဏခဏ တိုင်ပတ်တတ်လေ့ ရှိပါတယ် ။

အကောင်းဆုံး အကြံဉာဏ်ပေးပါမယ် ။
အဲလိုမျိုး ဒေါင်းမရတဲ့အခါ …
( မဒေါင်းပါနဲ့ ။ ) ????

အခြားသော Downloader တစ်ခုခု ( ဒါမှမဟုတ် ) Aloha နဲ့ ဒေါင်းပါ ။ ????

Offline Downloader Browser ဒေါင်းလုတ်ဆွဲရန် ။

Offline Files & Web Browser by Alexander Bon

အားလုံးအဆင်ပြေကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
2K Shares