How to

မထိခိုက်စေပဲ iPhone ရဲ့ Speakers တွေကို Clean လုပ်နည်း

Apple ဟာ iOS ကို Maintenance နဲ့ Bugs တွေကို Fixes လုပ်ဖို့အတွက် Updates တွေကို မကြာခဏဆိုသလို ထုတ်ပေးလေ့ရှိပါတယ်။ အလားတူပဲ iPhone အတွင်းမှာရှိတဲ့ Hardware တွေကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သုံးလာတာကြာလေ iPhone ရဲ့ Microphone တို့၊ Speakers တို့မှာလည်း အညစ်အကြေးတွေနဲ့ ကပ်ငြိတွယ်ကပ်နေတတ်ပါတယ်။ အဲဒီအခါ iPhone ၏ Speaker or Microphone ကနေ ထွက်ရှိလာတဲ့ အသံဟာ အရင်ကလို သဲသဲကွဲကွဲ ရှိတော့မှာ မဟုတ်ပါဘူး။ တစ်လ ဒါမှမဟုတ် နှစ်လတကြိမ်လောက်တော့ iPhone ကို သန့်ရှင်းအောင် လုပ်သင့်ပါတယ်။ Clean Your iPhone Speakers သိတဲ့အတိုင်းပါပဲ iPhone 7 Series ကနေစပြီး Apple ဟာ iPhones အားလုံးမှာ Dual-Speakers တွေကို ထည့်ပေးလာခဲ့ပါတယ်။ Speaker တစ်ခုက အပေါ်ဖက် Microphone ဘေးမှာရှိပြီး၊ နောက်တစ်ခုကတော့ အောက်ဖက် Lightning Connector အနားမှာ ရှိပါတယ်။ သူတို့ကို ဘယ်လို Clean လုပ်ရမလဲ ပြောပြပါမယ်။ Use Toothbrush ခြောက်သွေ့တဲ့ Toothbrush နဲ့ iPhone ၏ Speakers တွေကို သန့်ရှင်းအောင် ဖယ်ရှားပေးပါ။ ခြောက်သွေ့တဲ့ Toothbrush နဲ့ Speakers တွေကို Clean လုပ်လို့ရသလို အရက်ပြန်နဲ့ Toothbrush ကို စွတ်ပြီး iPhone ၏ အပေါ်အောက် Speakers တွေကိုပွတ်တိုက်ပေးလို့လည်း ရပါတယ်။ မှတ်ထားပါ Toothbrush ကို အရက်ပြန်ထဲ လုံးဝ မစိမ်ပါနဲ့။ ပြီးတော့ Speakers ကို Cleaning လုပ်နေစဥ်မှာလည်းToothbrush ကို အရမ်းဖိပြီး မပွတ်တိုက်ပါနဲ့။ ဖြည်းဖြည်းနဲ့ ညှင်ညှင်သာသာ တိုက်ရပါမယ်။ အရက်ပြန်ဟာ ရေထက် မြန်မြန်ခြောက်သွေ့လွယ်တဲ့အတွက် iPhone ရဲ့ အတွင်းပိုင်းကို အရည်ကြောင့် ထိခိုက်မှု လျော့နည်းစေပါလိမ့်မယ်။ Use Painter’s Tape Toothbrush လိုမျိုး ခြောက်သွေ့တာနဲ့ ပွတ်တိုက်ပြီးတာတောင်မှ Speakers တွေ အသံထွက်က အနည်းငယ် မရှင်းမလင်းဖြစ်နေတုန်းပဲဆိုရင်တော့ Masking Tape or Painter Tape တွေ သုံးပြီး Clean လုပ်တာက အကောင်းဆုံးပါပဲ။ မည်သည့်မျက်နှာပြင်ပေါ်တွင်မဆို ကော်ကို ကပ်နိုင်စေရန် အထူးဒီဇိုင်း ပြုလုပ်ထားပါတယ်။ ဖိအားကို ခံနိုင်သည့် ကော်ရှိပြီး ၎င်းသည် iPhone Speakers များကို သန့်ရှင်းရေးအတွက် အကောင်းဆုံးကိရိယာတစ်ခုပင် ဖြစ်စေပါလိမ့်မယ်။ တိပ်ခွေမှ အနည်းငယ် ဆုတ်ဖြဲယူလိုက်ပါ။ ကော်ပါသည့် စေးကပ်နေတဲ့အပိုင်းကို အပြင်တွင်ထား၍ လိပ်ပါ။ ပြီးလျှင်iPhone ၏ Speakers များပေါ်တွင် နှိပ်ပါ။ Tape ပေါ်ရှိ အညစ်အကြေးတွေကို စက္ကူဖြူပေါ်တွင် နှိပ်၍ စစ်ပါ။ အဲဒီနောက်အဆိုပါ Tape အဟောင်းကို လွှင့်ပစ်၍ Tape အသစ်ကို ထပ်ဖြဲကာ လိပ်ပါ။ ထို့နောက် iPhone ၏ Speakers တွေပေါ် နှိပ်ပြီးထပ်မံ Cleaning လုပ်ပါ။ Use Compressed Air ယူစာများအနေဖြင့် Desktop, Laptop Keyboards အစရှိသည်တို့ပေါ်ရှိ ဖုန်မှုန့်များကို Compressed Air အားအသုံးပြု၍ဖယ်ရှားနိုင်ပါတယ်။ ထို့အတူ iPhone ၏ Speakers တွေကိုလည်း Clean လုပ်တဲ့အခါမှာလည်း အသုံးပြုလို့ ရပါမယ်။iPhone ၏ Speakers နဲ့ ( ၉ ) လက်မ ဒါမှမဟုတ် ( ၁၀ ) လက်မ အကွာမှာ လေမှုတ်ထုတ်မယ့်ကိရိယာကို ထားရပါမယ်။ထို့နောက် ဖုန်မှုန့်တွေကို မှုတ်ထုတ်ပါ။ လေမှုတ်ထုတ်အားကောင်းတဲ့ Compressed Air မျိုးကို အသုံးမပြုဖို့ အကြံပေးရပါလိမ့်မယ်။ iPhone ရဲ့ Speakers အနားမှာလည်း မထားပါနဲ့။ ဖုန်းရဲ့ အတွင်းပိုင်းကို ပျက်စီးစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ( ယူစာအတော်များများ ပြင်းထန်တဲ့ လေမှုတ်အားဒဏ်ကြောင့် iPhone ၏ Speakers တို့ Microphones တို့ ပျက်စီးသွားခြင်းများ ကြုံတွေ့ကြရဖူးတဲ့အတွက် ဒီနည်းကိုအထူးသတိထားပြီးမှ လုပ်စေချင်ပါတယ်။ ) ➤ Falcon Compressed...

သင် မဖြစ်မနေ သိထားရမယ့် iPhone အတွက် အခြေခံ နားလည်မှု (၅) ချက်

ကျွန်တော်တို့ ရယ့် နေ့စဉ်ဘဝမှာ ဖုန်းတစ်လုံးကို အသုံးပြု နေရတယ် ဆိုတာ မဖြစ်မနေပါ။ ထိုများထဲမှ iPhone ကို ရွေးချယ် အသုံးပြု ကြတယ့် ကျွန်တော်တို့ အနေနဲ့ သူနဲ့ ပတ်သက်တယ့် Settings အခြေခံ နားလည်မှု လောက်ကိုတော့ တတ်ကျွမ်းထားမှ အဆင်ပြေပါလိမ့်မယ်။ တကယ်လို့...

iPhone 12 Pro Series နှင့် iPad Pro 2020 မှာ ပါဝင်တဲ့ LiDAR Scanner ကိုအသုံးပြု၍ လူတစ်ယောက်၏ အရပ်အမြင့်ကို တိုင်းတာနိုင်ပြီ

iPhone 12 Pro Series နှင့် iPad Pro 2020 တွေမှာ LiDAR Scanner ဆိုတဲ့ အာရုံခံ ကိရိယာအသစ်ပါဝင်ပါတယ် ထိုအာရုံခံကိရိယာဟာ ထူးခြားတဲ့ အရာဝတ္ထုပစ္စည်းများကိုပါ တိုင်းတာလာနိုင်ပါပြီ။ အာရုံခံကိရိယာအသစ်ကြောင့် Measure App ကိုအသုံးပြု၍ လူတစ်ဦး၏ အရပ်အမြင့်ကို ချက်ချင်းတိုင်းတာနိုင်ပါတယ် Apple ရဲ့...

iPhone တွေမှာ Battery 100% ပြည့်ရင် Notification ပြအောင် ဘယ်လိုလုပ်မလဲ

iPhone Battery တွေ သက်တမ်းတိုစေနိုင်တဲ့ အချက်တွေထဲမှာ  Battery 100% ပြည့်တာ မသိပဲ တစ်ညလုံး ကြိုးတပ်ထားမိတာလဲ တစ်ခု အပါအဝင် ပေါ့.. မင်မင်ဆိုလည်း အားသွင်းကြိုး ဖြုတ်ဖို့ အရမ်းပျင်းတာ.. ခုတော့ အားပြည့်တာနဲ့ ချက်ချင်း Noti ပေးလို့ အချိန်မီ ဖြုတ်ထားနိုင်ပြီလေ.. လွယ်လွယ်လေးနော်..တစ်ဆင့်ချင်းဆီသာ လိုက်လုပ်ပေးလိုက်.. ဒီလို Easy Tips...

iOS 14 မှာဖြစ်ပေါ်နေတဲ့ Camera အသုံးပြု၍မရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

iOS 14 မှာ ကင်မရာ အသုံးပြု၍မရတော့တဲ့ ပြဿနာဟာ iOS User များအတွက် စိုးရိမ်ပူပမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ် ဒါကြောင့် ယခု Post မှာ အဲ့ဒီ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နည်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ တခါတရံ iOS Version အသစ်ထွက်တိုင်းအနည်းငယ်သော Error တွေပါဝင်တက်ကြပါတယ် အကြောင်းရင်းကApple...

Recent Articles