Home Knowledge Cannot Connect to App Store နဲ့ ကြုံလာရပြီဆိုရင် …

Cannot Connect to App Store နဲ့ ကြုံလာရပြီဆိုရင် …

1002

Games တွေ , Apps တွေ ဒေါင်းတယ် ။ 

Updates တွေလဲ လုပ်ကြတယ် ။

WiFi ရှိတဲ့ သူက WiFi နဲ့ ။ 

မရှိတဲ့သူကျ Cellular Data နဲ့ပေါ့ ။ 

ဒီနေရာမှာ WiFi သမားတွေက ပြဿနာ မရှိသလောက် နည်းပါတယ် ။ 

Cellular Data နဲ့ Updates or Downloading တွေ လုပ်တဲ့အခါမှာတော့ … 

Date တွေကို ကျော်ပြီးမှ လုပ်ရတာ ဖြစ်လို့ …

Cellular Data ကို ဖွင့်ပြီး App Store ထဲကို ဝင်တဲ့အခါ ” Cannot Connect to App Store ” ဆိုတဲ့ စာသားက တန်းပြီး ကြိုနေပါမယ် ။ 

ကျန်တဲ့ Facebook တို့ ဘာတို့မှာလည်း ဝင်ပြီး သုံးတဲ့အခါမှာ ” မူမမှန်တာ ” တွေ တွေ့ရပါမယ် ။ 

” မူမမှန်တာ ” = New Feeds မှာ ပေါ်နေတဲ့ Posts တွေရဲ့ Date & Time လွဲနေတာမျိုး ။ Noti က Alerts တွေမှာလည်း လွဲနေတာမျိုး ။ အခြားသော နေရာတွေမှာလည်း ဘာညာ ဘာညာပေါ့ဗျာ .. ဖြစ်တယ်ပေါ့ ။

ဒီလိုမျိုးတွေ ကြုံတွေ့ လာရပါပြီ ။

ဒီလိုမျိုး … 

ဒါမျိုးတွေ ကြုံနေရပြီ ဆိုရင်တော့ …

Setting ထဲကနေ General ကို သွားရပါမယ် ။ 

ပြီး Date & Time ထဲက Set Automatically ကို On ပေးလိုက်ပါ ။ 

အဝိုင်းလေး လည်နေတာကို ပြီးအောင် စောင့်လဲ ရတယ် ။ 

မစောင့်လဲ ရတယ် ။ 

On ပြီး တန်းပြန် Off ပေးလိုက်လည်း ရတယ် ။ 

Date & Time မှန်သွားပြီ ဆိုတာနဲ့ … 

Cellular Data ကို On ပေးပြီး App Store ထဲကို ပြန် ဝင်ကြည့်လိုက်ပါ ။ 

ကဲ ! 

အိုခေသွားပြီပေါ့ ။ 

( စာကြွင်း – Cannot Connect to App Store ဆိုတဲ့ Error နဲ့ ကြုံတိုင်း ဒီနည်းလမ်းဖြင့် အရင်ဆုံး စမ်းကြည့်ပါ ။ ဒီနည်းလမ်းနဲ့ မရရင်တော့ WiFi နဲ့ ချိတ်ပြီး App Store ထဲကို ဝင်ကြည့်ပါ ။ Setting , iTunes & App Store ထဲက ID ကိုလည်း Sign Out / Sign In ပြန်လုပ်ကြည့်ပါ ။ ) 

အားလုံးအဆင်ပြေကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
1K Shares