Bill Gates ၊ Elon Musk နဲ့ Mark Cuban တို့ မအောင်မြင်ခင်က လုပ်ခဲ့တဲ့ အကျင့်ဆိုးများ

25

အောင်မြင်သူတွေဆီမှာအောင်မြင်ရခြင်းလျှို့ဝှက်ချက်တွေရှိသလိုမအောင်မြင်သူတွေဆီမှာလည်းမအောင်မြင်ရခြင်းအကြောင်းတရားအကျင့်ဆိုးတွေရှိကြပါတယ်။Bill Gates Elon Musk နဲ့Mark Cuban လိုဘီလျံနာကြီးတွေမှာလည်းတချိန်ကအကျင့်ဆိုးတွေရှိခဲ့ဖူးပါတယ်တဲ့။သူတို့ဟာဒီလိုအကျင့်ဆိုးတွေကိုဖျောက်ပြီးဘီလျံနာလမ်းကြောင်းပေါ်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဘယ်လိုအကျင့်ဆိုးတွေကို ဖျောက်ခဲ့ရပါသလဲ။

Bill Gates

ခင်ဗျားကကိုယ်လုပ်ရမယ့်အရာတွေကိုနောက်ဆုံးမိနစ်ကျမှကပ်ကပ်ပြီးလုပ်တတ်တဲ့သူလား၊ဒါမျိုးကိုBill Gates ငယ်ငယ်ကလည်းလုပ်ခဲ့ပါတယ်။Bill Gates ဟာHarvard University မှာကျောင်းတက်နေတဲ့ကျောင်းသားဘဝတုန်းကအရမ်းအချိန်ဆွဲတဲ့သူဖြစ်ခဲ့ဖူးပါတယ်။( စကားချပ်– Bill Gates ဟာHarvard မှာနှစ်တက်ပြီးကျောင်းကထွက်လာခဲ့သူပါ။)

စီးပွားရေးနယ်ပယ်ထဲကိုဝင်လာတဲ့အခါမှာတော့Deadline အမီလုပ်ရမှာနဲ့အချိန်မီလုပ်ဖို့ကလိုကိုလိုလာခဲ့ပါတယ်။ဒါနဲ့ပဲသူ့ကိုယ်သူပြန်လည်ပြင်ဆင်ခဲ့ပြီးအစီအစဉ်တကျနဲ့အရာရာကိုအချိန်မှန်လုပ်နိုင်တဲ့သူဖြစ်ဖို့ပြောင်းလဲခဲ့ပါတယ်။အခုထိလည်းပြောင်းလဲနေရဆဲလို့ဆိုခဲ့ပြီးအချိန်ဆွဲခြင်းဟာအကျင့်ကောင်းလုံးဝမဟုတ်ဘူးလို့ပါပြောကြားခဲ့ပါတယ်။

အခုချိန်ထိကိုယ့်ကိုယ်ကိုယ်အချိန်ဆွဲနေသေးတယ်ထင်ရင်Kevin O’ Leary ပြောတဲ့ဒီအချက်လေးကိုလိုက်လုပ်ကြည့်သင့်ပါတယ်။

နေ့တစ်နေ့ရဲ့အချိန်၁၅မိနစ်တိုင်းကိုပိုင်းခြားပါ။ပိုက်ဆံရတဲ့အလုပ်ကဘယ်အလုပ်လဲလို့တွေးပြီးအဲဒီအလုပ်ကိုအရင်လုပ်ဖြစ်အောင်လုပ်ပါဆိုတဲ့အကြံပေးချက်လေးကိုလိုက်လုပ်ကြည့်သင့်ပါတယ်။

Elon Musk

Tesla တည်ထောင်သူဖြစ်တဲ့Elon Musk ဟာတစ်ပတ်ကိုနာရီ၁၂၀လောက်အလုပ်လုပ်တဲ့အတွက်အိပ်ချင်စိတ်ပြေပျောက်အောင်တစ်နေ့ကိုCaffeine ပါတဲ့အရည်တွေအများကြီးသောက်ခဲ့ပါတယ်။

Musk က‘Auto Bild’  Automobile Magazine ကို၂၀၁၄မှာပြောခဲ့တာကတစ်နေ့ကိုDiet Cokes ဘူးလောက်သောက်ခဲ့တာကိုစဉ်းစားကြည့်ရုံနဲ့တင်ရယ်ဖွယ်ကောင်းပါတယ်။အခုတော့ကျွန်တော်တစ်နေ့ကိုတစ်ဗူး၊နှစ်ဗူးလောက်ပဲသောက်ပါတော့တယ်တဲ့။

Musk ဟာကော်ဖီစွဲနေတာကိုလည်းဖြတ်ခဲ့ရသူဖြစ်ပြီးကျန်းမာရေးပညာရှင်တွေရဲ့အဆိုအရတစ်နေ့မှာCaffeine ပါတဲ့အစားအသောက်တွေအများကြီးစားသုံးတာကစိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုLevel ကိုမြင့်တက်စေပါတယ်။ကော်ဖီနဲ့အိပ်ခြင်းကိုဆန့်ကျင့်တောင့်ခံပြီးနေရင်နောက်နေ့အားနည်းပြီးဖျားတတ်နာတတ်တာကြောင့်လည်းကော်ဖီကိုလျှော့သောက်သင့်ပါတယ်။

Musk ကတော့Caffeine  သောက်ချင်တိုင်းရေသောက်ပြီးဖြေဖျောက်ပါတယ်တဲ့။တကယ်လို့လုံးဝမဖြတ်နို်င်သေးရင်လည်းကော်ဖီကိုတဖြည်းဖြည်းလျှော့ချပြီးသင့်တော်ရုံပဲသောက်သုံးသင့်ပါတယ်။

Mark Cuban

Mark Cuban, billionaire owner of the National Basketball Association’s (NBA) Dallas Mavericks basketball team, speaks at the 2017 South By Southwest (SXSW) Interactive Festival at the Austin Convention Center in Austin, Texas, U.S., on Sunday, March 12, 2017. The SXSW Interactive Festival features a variety of tracks that allow attendees to explore what’s next in the worlds of entertainment, culture, and technology. Photographer: David Paul Morris/Bloomberg via Getty Images

ရင်းနှီးမြှုပ်နှံသူနဲ့လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တဲ့Mark Cuban ကတော့ဆက်ဆံရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်တဲ့။ကျွန်တော်ဟာလုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့Martin Woodall ကအစအော်ဟစ်ပြောဆိုခဲ့သူပါလို့ဝန်ခံဖူးပါတယ်။

MicroSolutions ရဲ့ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့Mark Cuban ဟာသူ့ရဲ့Blog မှာသူကလည်းကျွန်တော့်ကိုဘယ်လောက်ဖြစ်ကတတတ်ဆန်းနိုင်တယ်ဆိုတာကိုပြောခဲ့သလိုကျွန်တော်ကလည်းသူ့ကိုအခွင့်အလမ်းတွေလက်လွှတ်ဆုံးရှုံးခဲ့တဲ့အတွက်အော်ဟစ်ခဲ့တယ်လို့ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ဒီလိုကြမ်းကြမ်းတမ်းတမ်းပြောဆိုတာဘာမှအကျိုးမဖြစ်ဘူးဆိုတာကိုCuban ကသိရှိခဲ့ကြောင်းကိုဒီလိုလုပ်တာဟာစိတ်ဖိစီးမှုတွေပိုတိုးလာဖို့ပဲရှိပါတယ်။ကိုယ်ကStress တွေများနေရင်ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့အလုပ်ပြီးမြောက်မှုနှုန်းနဲ့ပြိုင်ဆိုင်မှုကိုသွားထိခိုက်တော့တာပါပဲလို့ပြောပြခဲ့တာပါ။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်ကိုယ့်ပတ်ဝန်းကျင်ကလူတွေဆီကအကြံဥာဏ်ကောင်းတွေရရှိဖို့လိုပါတယ်။LinkedIn ရဲ့ဖြစ်တဲ့Jeff Weiner ဆိုရင်အမေရိကန်နိုင်ငံအလုပ်သမားဈေးကွက်မှာလူလူချင်းဆက်ဆံမှုနဲ့ဆိုင်တဲ့Skill ကလိုအပ်နေတယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံရေးဆိုတာသင်ယူလို့ရတဲ့အရာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အသံToneမျက်နှာအမူအရာနဲ့သူတစ်ပါးပြောတာကိုနားထောင်တတ်ဖို့ကိုသင်ယူပြီးလူမှုဆက်ဆံရေးတိုးတက်လာအောင်လုပ်ယူလို့ရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Facebook Comments
0 Shares