Aukey PB-Y13 က ရွေးချယ်သင့်တယ့် PowerBank လား?

939

ပထမဆုံး ကြိုတင် အသိပေးခြင်တာကတော့ ယခု Review သည် မည်သည့် ကြေညာနှင့်မျှ မသက်ဆိုင် ကြောင်းနှင့် Unit မှာ ကျွန်တော် ကိုယ်တိုင် ဝယ်ယူထားပြီး ကျွန်တော့ ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ် ခွင့်အမြင်ဖြင့် သက်သက်သာ ဖော်ပြခြင်း ဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက် ကိုမျှ ထိခိုက်လိုသော် ဆန္ဒတစ်စုံတစ်ရာ မရှိကြောင်း ပြောကြားလိုပါသည်

#0 Introduction 

ဒီ Aukey ရဲ့ PB-Y13 Powerbank လေး ကျွန်တော့ လက်ထဲ ရောက်ရှိနေတာဟာ ၁ လနှင့် ၃ ရက် ကြာမြင့် ပြီဖြစ်ပါတယ် ဒီအချိန် အတိုင်းတာ လောက် ဆိုရင် Review ကောင်းကောင်း ရေးဖို့ သင့်တော်ပြီလို့ ယူဆမိပါတယ်

ကျွန်တော် ဝယ်ယူထားတယ့် Unit အတိအကျ ကတော့ AUKEY Powerbank 10000mAh PB-Y13 Black (190515) ပဲ ဖြစ်ပါတယ် မူရင်းဈေး 57,500 ကျပ်ဖြစ်ပြီး ကျွန်တော်က Discount မှာ ဝယ်တာမို့ ဈေးနည်းနည်း ချိုချို ရခဲ့ပါတယ် 

Asia Star Technology (AST) Co.,Ltd (Authorized Distributor) မှ ဖြန့်ချီတာ ဖြစ်ပြီး အာမခံ 18 Months Warranty ပါရှိပါတယ် ဝယ်ယူချိန်မှာ ပါရှိတယ့် Warranty Card လေးကိုလည်း သေချာ ထိန်းသိမ်း ထားပေးပါ 

1.Power Capacity (8/10)

Aukey PB-Y13 ဟာ 10000mAh capacity ပါဝင်တယ့် Powerbank ဖြစ်ပါတယ် ဒါနဲ့ ဘာလို့ ကျွန်တော်က Standard output 7400mAh လို့ ပြောရတာလည်း ရိုးရိုးလေးပါ Powerbank အနေနဲ့ အခြား Device ကို Power ပေးရချိန်မှာ သူကိုယ်တိုင်မှာက Energy လောင်ကျွမ်းပြီး Push လုပ်ပေး တွန်းပေးရပါတယ် မြန်မြန် တွန်းရလေ ပိုကုန်လေပါပဲ ယခု PB-Y13 ကိုပဲ တွတ်ပြပါမယ်

Standard output အတွတ်ဆိုရင် 3.7 နဲ့ တွတ်ရပါမယ် capacity ဖြစ်တယ့် 10000mAh နဲ့ မြှောက်ပြီး ၅ နဲ့ စားရပါမယ်

  • 3.7x10000mAh=37,000/5=7,400mAh
  • 3.7x20000mAh=74,000/5=14,800mAh

20000mAh Powerbank ဆိုရင် Standard output က 14,800mAh ရှိ ပါလိမ့်မယ်

တကယ်လို့ Quick Charger 3.0 နဲ့ သွင်းမယ် ဆိုရင်တော့ 3.0 ကို capacity နဲ့ မြှောက်ပြီး ၅ နဲ့ပဲ ပြန်စား ကြည့်ရပါမယ်

  • 3.0x10000mAh=30,000/5=6,000mAh
  • 3.0x20000mAh=60,000/5=12,000mAh

Quick Charge 3.0 ဟာ standard output ထက် ပိုမိုမြန်ဆန်စွာ အားသွင်းပေးတာ ဖြစ်တယ့် အတွက် ပိုပြီး များများ မြန်မြန် လောင်ကျွမ်းရပါတယ် အဲ့ဒါကြောင့် အရေးကြီးတယ့် အချိန်တွေမှာ mAh များများ လိုခြင်ရင် Standard Output နဲ့ သွင်းပါ အမြန်အရေးကြီး နေတယ်ဆိုရင် Quick charge အသုံးပြုပေါ့ QC 3.0 က ပျမ်းမျှ 14.5% capacity လျော့နည်း မယ်ပေါ့ဗျာ 

“Quick Charge 3.0 ကို တကယ် အသူံးပြု ခြင်တယ် ဆိုရင်တော့ Capacity mAh များတယ့် Powerbank ကို ရွေးချယ်သင့်ပါတယ်”

Aukey က iPhone X ကို 2.5 ကြိမ်နဲ့ Galaxy Note 8 ကို 2 ကြိမ် သွင်းနိုင်မယ်လို့ ကတိပေး ထားပါတယ် Standard output နဲ့ သွင်းမယ် ဆိုရင်တော့ ရပါတယ် iPhone X က 2658mAh & Note 8 က 3300mAh ပဲ ရှိပြီး Output ကတော့ 7400 mAh ထိ ရှိတာမို့ပါ QC 3.0 နဲ့ သွင်းရင်တော့ နီးနီး ရမယ်ပေါ့ဗျာ 6,000 mAh ရနိုင် တာမို့ပါပဲ 

“ကျွန်တော့ iPhone 7 က 76% health ပဲရှိတာမို့ 1500 mAh ဝန်းကျင်ဆိုတော့ QC 3.0 နဲ့ 4 ကြိမ် နီးနီး (စမ်းသပ်ပြီး) Full charge လုပ်နိုင်ပါတယ် 1% ကနေ စမ်းခဲ့တာပါ”

Power Capcity ကို အားရတယ် ဆိုတယ့် ထဲမှာတော့ မပါဖူး ဗျ ဒီဈေးကိုပဲ Discount ဘယ်တော့မှ မချပဲနဲ့ 12,000 mAh လောက်သာ ထည့်ပေးခဲ့ရင် Perfect ဖြစ်မယ်လို့ ယူဆတယ် သင်က iPhone 5,6,7 Generation လောက် ကိုင်ထားတယ် ဆိုရင်တော့ လုံလောက်ပါတယ် 

2.Design and Build Quality (7/10)

ကျွန်တော့် ကိုယ်ပိုင် အမြင်ကတော့ Design ပိုင်းကို အားရတယ် လျော့စရာ မရှိဖူးဗျ အရွယ် အစား အနေနဲ့ iPhone X လောက်ပဲ အလေးချိန်ကလည်း Phablet 6” Phone တစ်လုံးစာ 245g ပဲ ရှိတယ် ပေါ့တယ် ထဲပါတယ် ပြီးတော့ ပါးတယ် ကိုင်ရတာ တကယ်ကို ပေါ့ပေါ့ ပါးပါးပဲ ကိုင်ရပြုရတာလည်း အဆင်ပြေတယ် 

Build Quality ကိုတော့ ညံ့တယ် လို့ ကျွန်တော် မပြောဖူး ဒါပေမယ့် ဆိုးတယ် Plastic နဲ့ လုပ်တာ ဆိုပေမယ့် Solid ဆန်တယ် ကျစ်ကျစ်လစ်လစ် လေးနဲ့ အပြစ်ပြော စရာမရှိဖူး ဆိုပေမယ့် ကျွန်တော် ၁ လလောက် ကိုင်လာပြီးတော့ အောက်မှာ ထားတယ့် တစ်ဖက်က အဆင်းရာ အပွန်းရာတွေ က ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်လာတယ် ကျွန်တော် ဆိုတာက iPhone ကို မှန်ကပ် မသူံးဖူး အပြင်သွားမှ ကာဗာ တတ်သွားတယ့် သူမျိုးပါ ဘဝမှာ တစ်ခါ မှ ဖုန်းမကျ ဖူးခဲ့ပါဖူး အဲ့ဒါကြောင့် တကယ်လို့ သင်က အပွန်းရာ ကြောက်ရင် Powerbank ကို အောက်မှာ အဝတ်မရှိပဲ မတင်ဖို့ သတိပြုရှိ ထားပါ

3.Input & Output Charging (9/10)

PowerBank ကို အားသွင်းဖို့ Input အနေနဲ့ ပုံစံ နှစ်မျိုးနဲ့ အားသွင်းလို့ရမယ် ရိုးရိုး Micro-USB Input 5V 2A နဲ့ USB C Input 5V 1.5A,9V 2A ဆိုပြီး ရှိပါမယ် အဲ့ဒါကြောင့် 18Watt Charger နဲ့ သွင်းဖို့ အကြံပြုလိုပါတယ် မရှိရင် ဝယ်လိုက်ပါ ပြီးတော့ Aukey က ဘယ်တော့မှ တစ်ချိန်တည်းမှာ Micro-USB ကော USB C နဲ့ ပါ နှစ်ပေါက် ချိတ်ပြီး လုံးဝ အားမသွင်းဖို့ မှာထားပါတယ် သတိထားပေးပါ

Output charge လုပ်တာကတော့ USB Output 1, USB C Output & USB Output 2 ရယ် ဆိုပြီးတော့ ၃-မျိုး ရပါမယ် USB 1 က Quick Charge 3.0 ပဲ ဖြစ်ပါတယ် USB C output ကတော့ Quick Charge 2.0 ပါ ကျန်တယ့် USB 2 က Standard output ပါ 

Quick Charge 3.0 က ဘယ်လောက် မြန်သလဲ ဆိုရင်တော့ Quick Charge 2.0 ထက် 38% ပိုမို မြန်ဆန်ပြီး Standard Output ထက် 2 ဆ ပိုမို မန်ဆန် ပါလိမ့်မယ် 5W Adapter ထက်တော့ 4 ဆမြန် ပါလိမ့်မယ် (iPhone 7 က Quick Charge Support မလုပ်ပါဖူး ဒါပေမယ့် 18 Watt တော့ Support ပါတယ် iPhone 7 Plus မှာ 5Watt နဲ့ သွင်းလို့ 3နာရီခွဲ ကြာမှာက 18 Watt ဆိုရင် 1နာရီ၄၅ မိနစ်ပဲ ကြာပါလိမ့်မယ်)

“Quick Charge ကို Support လုပ်နိုင် ကတည်းက သူ့ရဲ့ Input & Output Performance ကို အမှတ်ပြည့် ပေးသင့်ပါပြီ”

4.Functions & Features (7.5/10)

Functions တွေ အနေနဲ့ကတော့ သူက Quick Charge compatible ဖြစ်တယ့် devices တွေ အတွက် ရည်ရွယ် ထားပုံရတယ် ဒါ့အပြင် သာမန် ရိုးကျ ဖုန်းတွေ ဖြစ်တယ့် iPhone 6 တို့ 7 တို့ အတွက်လည်း ကောင်းကောင်း ကြီး အဆင်ပြေတယ့် အနေအထား ရှိတယ် ဆိုလိုခြင်တာက သင့် ဖုန်းက QC 3.0 Support မဖြစ်တာနဲ့ပဲ ဒီ Powerbank က မတန်တော့တာ မျိုးမရှိဖူး တန်သေးတယ် လို့ ပြောခြင်တာပါ

Power mAh ကျန်တယ့် Percentage ကိုတော့ LED Indicator နဲ့ပဲ ပြပေးတယ် ကျွန်တော်ကတော့ သဘောကျတယ် LED ၄-လုံးပါတယ် ၁ လုံးခြင်းစီက ၂၅% ကို ကိုယ်စား ပြုတယ် USB C to C cable (သူ့ပါတယ့် Cable) နဲ့ 18 watt charger နဲ့ သွင်းရင် ၄-နာရီ အတွင်း အပြည့် ပြန်သွင်း နိုင်ပါတယ် 29 watt လောက်ထိ သွင်းဖို့ အကြံပြုပါတယ် ဒီ့ထက် ပိုပြီးတော့ ကြတော့ မသွင်းတာ ကောင်းမယ်လို့ ယူဆပါတယ်

PowerBank တစ်ခုမှာ Functions ဆိုရင် Power percentage တို့ Input Output တို့က ကြည့်ရတယ် Feature ဆိုရင်တော့ တစ်ခုပဲရှိတယ် Charging Pass-Through Feature ပါပဲ Aukey ကတော့ PowerBank ကို အားသွင်းချိန်မှာ Device ကို တစ်ချိန်တည်း မသွင်းဖို့ ပြောထားပါတယ် Charging Pass-Through မရဖူး ပေါ့ဗျာ ကျွန်တော်ကတော့ သုံးပါတယ် 

(ဒါက ကိုယ်ရေး ကိုယ်တာ လွတ်လပ် ခွင့်ပါ ကိုယ်ကြိုက် ကိုယ်သုံး ကိုယ်ဖြစ် ကိုယ်ခံပါပဲ တစ်လ သုံးလာတာ ဘာမှ မဖြစ်သေးဖူး ဆိုတော့ မပူပါနဲ့ အနည်းဆုံးတော့ ချက်ချင်းကြီး မဖြစ်ဖူးပေါ့ 🙂 )

5.Tech & Technology (9/10)

Made in China ဖြစ်ပြီးတော့ Shenzhen မှပဲ ထုတ်လုပ် တာပါ RoHS standard ရရှိထားပါတယ် RoHS ဆိုတာ အဓိကက lead free ဖြစ်တယ် လို့ ပြောတာပါ ဆိုလိုတာက လူကို အန္တရယ် ဖြစ်စေတယ့် အဆိပ် အတောက် ကင်းတယ် လို့ ပြောခြင် တာပါပဲ 

CE ကတော့ European standard နဲ့ ကိုက်ညီတယ် ပေါ့ Europe ကို သွင်းဖို့ အတွက် လိုအပ်တယ့် အရည် အသွေး Qualification တွေ အကုန် Pass ဖြစ်ပြီး သားပေါ့ဗျာ Recycle လုပ်နိုင်တယ် လို့တော့ ပြောထားတယ် ဘာ သုံးထားတယ် လို့တော့ မသိဖူး ကြည့်ရတာ Plastic မျိုးစပ် ဖြစ်ဖို့ များပါတယ်

FCC approve လည်း ဖြစ်ပါတယ် PowerBank ကနေ လူကို အန္တရယ်ပြု နိုင်တယ့် Radio Frequency မရှိဖူး US standard နဲ့ ကိုက်ညီမှု ရှိတယ် လို့ ပြောခြင်တာပါ ဆိုတော့ PowerBank နဲ့ အားသွင်းပြီး သုံးတာ ဘေးမှာ ထားအိပ်တာ စိုးရိမ်စရာ မရှိတော့ဖူးပေါ့ 

အခြား Certified များကိုလည်း Pass ဖြစ်သေးတာကို ဖော်ပြထားပါသေးတယ် အတုအပ ပြုလုပ်ထားတာ မျိုးလည်း ရှိတာမို့ သတိပြုပါ 

6.Conclusion & Total Result (8.6/10)

Aukey ကပြော ထားပြီးသားပါ သူ စမ်းသပ် ထားတယ့် Smartphones ဟာ 3000 mAh ဖြစ်ပါတယ် လို့ ပြောပါတယ် ဒီတော့ သူကတိပေးထား တယ့် Flagship ကို ၂ ကြိမ် သွင်းနိုင်မယ် ဆိုတာ QC 3.0 နဲ့ 3000 mAh Phone ကို သွင်းတာ ဖြစ်ပါ လိမ့်မယ် ကျွန်တော် ပြောခြင်တာက Aukey က မလိမ်ပါဖူး မဂျင်းပါဖူး ဒါကြောင့် 0.5 တိုးပေး ထားပါတယ်

အခြား ကလိမ်ကကျစ် ကျတယ့် PowerBank တွေလို ပေါက်ကရတွေ ပြောမထားဖူး ပေါ့ အခြား Brand တွေမှာ ဘယ်လောက် mAh နဲ့ စမ်းသပ်ပြီး ဘယ်နှစ်ကြိမ် သွင်းနိုင်ပါ တယ် လို့လည်း ရေးထားတာ မျိုး တွေ့ရခဲတယ် Manual မှာလည်း သေချာ ဖော်ပြထား ခြင်း မရှိကြပါဖူး 

Aukey PB-Y13 ဟာ တကယ်ကို လိုအပ်တယ့် Power ကို ပေးစွမ်း နိုင်ပါတယ် 10000mAh & 20000mAh ကို အများ အားဖြင့် ရွေးရ ခက်တတ် ကြပါတယ် ဒီတော့ Need & Desire ကို ခွဲခြားပါ တကယ် လိုအပ်တာလား လိုခြင်နေတာ လား ဆိုတာ သိပါစေ သင်က ဖုန်းနှစ်လုံး လောက် ကိုင်ထားတယ် ဆိုရင် PB-Y13 ဟာ လုံလောက် ပါတယ် iPad လိုမျိုးနဲ့ တွဲဖက် ကိုင်ထားမယ် ဆိုရင်တော့ ပိုမို ကြီးမားတယ့် Capacity ကို သွားစေ ခြင်ပါတယ်

Design အနေနဲ့က လည်း အပြစ် ဖွဲ့စရာ မရှိပါဖူး ဘယ်လို ဘောင်းဘီ အိတ်ထောင် မဆို ကောင်းကောင်း ရှောရှော ရှူရှူ ကိုဆံ့ပါ လိမ့်မယ် ဖောင်းထွက်နေတာ ကန့်လန့် ကြီးဖြစ်နေတာ မျိုး ရှိမှာ မဟုတ်ပါဖူး ဖုန်းတစ်လုံး ထည့်ထားသလို ခံစား ရပါလိမ့်မယ်

နေ့စဉ် အသုံးပြုမှု မှာတော့ တအား အပြင်မှာ ရာသီဥတု ပူရင်တောင် ရာသီဥတု အပူရှိန် လောက်ကိုပဲ ခံစားရမှာပါ ပူလာတယ် လို့ ခံစားရတာမျိုး မရှိပါဖူး Standard Output & QC 2.0 ကို တွဲဖက် အသုံးပြု ရင်တောင် အပူ မရှိသေးပါဖူး Port 3 ခုလုံးကို တစ်ကြိမ်တည်း အသုံးပြုရင်တော့ အပူ တတ် လာသလို Charging Pass through လုပ်ရင်လည်း ပူလာ တတ်ပါတယ်

ပူပေ မယ့်လည်း Safeguard ပါဝင်တာ ကြောင့် Over Current, heating & Charging ဖြစ်ခြင်း ကို အကာအကွယ် ပေးနိုင် ရုံပဲလား ဆိုတော့ မဟုတ်ပါဖူး Aukey တွေရဲ့ Safeguard အကြောင်းကို နည်းနည်း ရှင်းပြ ပေးပါမယ် 

  • (High Performance inductor) အရမ်း အေးနေတယ့် အချိန်မှာတောင် ကောင်းကောင်း ကြီး အလုပ်လုပ် စေနိုင်ပါတယ်
  • (High Performance Charger IC) Over Voltage ဖြစ်ခြင်းနဲ့ မှားယွင်းတယ့် input charge တွေကို ကာကွယ် ပေးနိုင်ပါတယ်
  • (Battery protection circuit) Over charge & Discharge ဖြစ်ခြင်းကို ကာကွယ် ပါတယ် (over discharge ဖြစ်သွားတယ့် ဘက်ထရီဟာ အားပြန်သွင်း ပြီးနိုး ဖို့ ခက်ခဲပါတယ်)
  • (MCU Controler) Temperature resistance လုပ်ပေးတယ် Output over current ထိန်းပေးပြီး အဓိက ကောင်ဖြစ်တယ့် Short circuit protection (Fatal) ပါဝင်ပါတယ် 
  • (High Efficiency Synchronous Rectifier IC) One way Charging ဖြစ်အောင် လုပ်ပေးတာပါ reverse Charging protection မျိုးပါပဲ Rectifier ကတော့ AC to DC ပြောင်း ပေးတာ မျိုးပါပဲ
  • (Quickly Charger IC) Device က Quickcharge ရသလား ဆိုတာ ခွဲခြား ပြီးတော့ အားသွင်း ပေးတယ် 

ဒါက သူ့ရဲ့ Safeguard မှာပါဝင်တယ့် layer ၆ မျိုးပါ ဒီ့ထက် ပိုကောင်းတယ့် PowerBank တွေမှာ layer ၉ခု ထိပါတတ် ပါတယ် ၉ခု ထက်လည်း ပါနိုင်ပါတယ်

နောက်ဆုံး အနေနဲ့ ပြောခြင်တာကတော့ QC 3.0 အကြောင်းပါပဲ လက်ရှိ ဈေးကွတ်ထဲမှာ Quick Charge ရတယ့် PowerBank ဆိုတာ လက်ချိုး ရေလို့ ရတယ့် အနေအထား ရှိတယ် အများ အားဖြင့်က Ampere ဘယ်လောက်ပါတယ် ဘယ်ရွေ့ပါတယ် လို့ပဲ ဆွဲဆောင် ထားကြတာ Qualcomm ရဲ့ Quickcharge ကိုတော့ မသုံးကြဖူး 

Lithium ion နဲ့ lithium ion polymer ဘယ်သူ သုံးထားတယ် ဘာညာ ဆိုရာ ဂျင်းလာ ထည့်နေပါပြီး ဘာသုံးသုံး အရေးမပါပါဖူး သာမန်ရိုးကျ lithium ion တွေထက် polymer တွေက ပိုပြီး ကောင်း မွန်ပါတယ် polymer တိုင်းက lithium ion တွေ ဆိုပေမယ့် lithium ion တိုင်းက polymer မဟုတ်ပါဖူး lithium ion အမျိုး မျိုးထဲမှာမှ iPhone တွေမှာ သုံးထားတယ့် အမျိုး အစားက အကောင်းဆုံးပါ ဈေးကတော့ မချိုပါဖူး PowerBank တွေမှာ သုံးထားဖို့ ဆိုတာ No way ပါ

ကမ္ဘာမှာ နာမည်ကြီး တံဆိပ်တွေ ဖြစ်တယ့် Belkin တို့ Mophie တို့မှာတောင် lithium ion polymer တွေကိုပဲ သုံးတာပါ iPhone Lithium ion grade မဟုတ်တယ့် battery ထက် Polymer တွေက ပိုပြီး ကောင်းမွန်ပါတယ် Sony ရဲ့ Hybrid lithium polymer နည်းပညာက လက်ရှိမှာ အကောင်းဆုံး ရယ်လို့ ပြောကြပါတယ်

Bonus Tip

Pay for Quality, instead of Quantity 

အဆုံးသတ် အနေနဲ့ ပြောခြင် တာကတော့ အရေ အတွက်ထက် အရည် အသွေးကိုပဲ ဦးစား ပေးစေ ခြင်ပါတယ် ခေတ်ကလည်း တိုးတတ် လာပြီမို့ အားလူံးလဲ အမြင်ရှိ လာပြီလို့ ယူဆပါတယ် 

hardware zone က Mr.NG CHONG SENG ပြော ထားတာလေး ကတော့ တကယ်လို့ သင်က S$20 (30000kyats) လောက်နဲ့ 20000mAh ပါတယ်လို့ ဆိုထားတယ် 2.4 A smart port ၂-ခု လောက်ပါမယ် QC 2.0 လည်းပါတယ် Slim ကလည်း ဖြစ်သေးတယ် လို့ ဆိုထားရင် ကျွန်တော့်သာ ငှားပေးမယ် ဆိုရင် အဲ့ ဗျိုင်းရောင် ဆောင်တယ့် ကျီးကို ပျော်ပျော်ကြီး အမွှေးနုတ် ကြည့်လိုက် ခြင်ပါတယ်လို့ ဆိုထားပါတယ်

PowerBank တစ်ခုကို ရွေးချယ် တယ့်နေရာမှာ နိုင်ငံ တကာမှာ ဈေးကွတ် ကျယ်ပြန့် စွာ တည်ရှိပြီး နိုင်ငံကြီးတွေရဲ့ တင်းကျပ်တယ့် ဥပဒေတွေမှာ တင်သွင်းနေတယ့် နာမည်ရ Brand တွေကို ဦးစား ပေးရွေးချယ် သင့်ပါတယ် နောက်တစ်ခုကတော့ ကောင်းတယ် လို့ အဆင့်ရှိရှိ ယုံကြည်ရတယ့် လူတွေရဲ့ အပြောများတယ့် Brand မျိုးတွေ ပါပဲ ဥပမာ Xiaomi တို့ Samsung တို့ ပေါ့ Maxoak ကတော့ Massive PowerBank တွေ ထုတ်တယ့် နေရာမှာ နာမည် ကြီးတယ် 50000 mAh အထက် လိုခြင်ရင် သူ့ကို သွားဖို့ အကြံပေး လိုက်ပါတယ် 

Final Result 

Aukey ရဲ့ PB-Y13 ဟာ သူ့ဈေး 57,500 kyats ဆိုတယ့် ဈေးနဲ့ ထိုက်တန်မှု ရှိတယ့် PowerBank တစ်ခုလို့ ပြောခြင်ပါတယ် သင်က 10000 mAh ကိုပဲ ၃ သောင်း လောက် သုံးမယ် ဆိုရင်တောင် သူ့တစ်ဝက်လောက် Quality & Safety မဖြစ်နိုင်ဖူးလို့ ပြောခြင်ပါတယ် တကယ်လို့ QC 2.0 တို့ 3.0 တို့ ပါမလာဖူး 15W လောက်ပဲ သွင်း နိုင်တယ် ဆိုရင်တော့ Quality ရော Safety ရော ကောင်းမွန် ပါလိမ့်မယ် ၃-၄ သောင်းလောက် လည်း ရှိပါလိမ့်မယ်

Facebook Comments
444 Shares