Apple မှ World’s Best Pro Notebook ဖြစ်တယ့် MacBook Pro 8-cores ကို ကြေညာ

513

ဟုတ် ဈေးမမှား ပါဖူးဗျ သိန်း ၁၀၀ ကျော်ပါ (သိန်းတစ်ရာ) “၀” တွေ မပိုပါဖူး ခင်ဗျ

Apple ကနေ May 21 ရက် Tuesday မှာ MacBook Pro ကို intel core 8th & 9th generation processor တွေနဲ့ update ပြုလုပ်လိုက်ပါတယ် ယခု 8 core processor များနဲ့ MacBook Pro က ယခင် 6 core MacBook Pro ထက် 40% ပိုမို ကောင်းမွန်တယ့် Performance ရှိမှာ ဖြစ်ပြီး Quad core MacBook Pro များထက်တော့ ၂-ဆ ပိုမို ကောင်းမွန် တာကြောင့် Fastest MacBook Pro ever လို့ သတ်မှတ်နိုင်ပါတယ်

Credit to Apple.com

ထို့ပြင် Apple ရဲ့ Powerful ဖြစ်တယ့် Vega 20 (4GB) Graphic , super fast (4TB) SSD , T2 security chip , MacOS နဲ့ all day battery life တို့ရဲ့ ပေါင်းစပ်မှုတွေကြောင့် Apple ကတော့ World Best pro notebook လို့ ရေးသား ဖော်ပြခဲ့ပါတယ်

Mac Product Marketing ရဲ့ Senior Director ဖြစ်တယ့် Tom Boger ကတော့ “MacBook Pro ရဲ့ အံ့အားသင့်စရာ Performance မြန်ဆန်မှု ထူးကဲ ကောင်းမွန်တယ့် Retina display တွေနဲ့ တကွ Customer တွေ ကိုလက်ထဲ ကို ရောက်ရှိ သွားပြီ သူတို့တွေ ဘယ်လို ကောင်းကောင်းကြီး အသူံးဝင်စွာ စွမ်းဆောင် နိုင်မယ့် အချိန်ကို မစောင့်နိုင်တော့ပါဖူး” ပြောကြားထားပါတယ်

 (တေနာကြီး မစောင့်နိုင်ဖူးဆိုတော့ အခုသွားဝယ်တော့ လို့ ပြောခြင်တယ့် သဘော)

Credit to Apple.com

ယခင် 13 inch MacBook Pro Quad core ရဲ့ Turbo 4.7 GHz ထက် ယခု MacBook Pro ဟာ 5.0 GHz ထိ Boost ပေးနိုင်ပြီး Code compilation တွေ High resolution images တွေ processing ပြုလုပ်တာတွေ 3D graphic & 4K video တွေ render ပြုလုပ်ခြင်း editing နဲ့ multiple streaming တွေကို more powerful than ever အဖြစ် စွမ်းဆောင် နိုင်မယ် လို့ Apple ရဲ့ Newsroom မှာ ဖော်ပြထားပါတယ် (ယုံပါတယ် ယုံပါတယ် ဟင့်) 

15 inch MacBook Pro Quad core ထက် ယခု 8 core MacBook Pro ဟာ ဒီအချက်တွေ ဖော်ပြမှု အတိုင်း ခြားနား စွာ ပိုမို စွမ်းဆောင် နိုင်ပါ လိမ့်မယ် 

  • Music producers can play back massive multi-track projects with up to two times more Alchemy plug-ins in Logic Pro X.
  • 3D designers can render scenes up to two times faster in Maya Arnold.
  • Photographers can apply complex edits and filters up to 75 percent faster in Photoshop.
  • Developers can compile code up to 65 percent faster in Xcode.
  • Scientists and researchers can compute complex fluid dynamics simulations up to 50 percent faster in TetrUSS.
  • Video editors can edit up to 11 simultaneous multicam streams of 4K video in Final Cut Pro X.
Credit to Apple.com

ကမ္ဘာ့  အကောင်းဆုံး Notebook ဆိုတာ

P3 wide color gamut ထိ ထောက်ပံ့ထားပြီး True Tone နည်းပညာနဲ့ အတူ 500 nite ထိ အလင်းအား ရှိတယ့် Retina Display တွေ ဟာ လုံး neutral ဖြစ်တယ့် viewing ကို ခံစားမိ ပါစေ လိမ့်မယ်

Two 5K display & 4 External GPUs ထိ connect ပြုလုပ်နိုင်ပြီး လုံခြုံမှု မြင့်မားတယ့် Apple T2 security chip, Touch ID, blazing fast ဖြစ်တယ့် SSD တွေ Force Touch Support ပေးတယ့် Trackpad & Touchbar တွေ မြင့်မားတယ့် အသံအရည် အသွေးနဲ့ Wide stereo speaker တွေနဲ့ အတူ ကမ္ဘာ့ advance အဖြစ်ဆုံး Mojave (macOS) ပေါင်းစပ်မှုတွေဟာ MacBook Pro 8-core ကို World’s Best pro notebook ဖြစ်စေပါတယ် လို့ ပြောကြားရင် နိဂုန်း ချုပ်လိုက်ပါတယ်

Credit to Apple.com

မြန်ာမာနိုင်ငံမှာ ဘယ်အချိန် ဝယ်ယူနိုင်မလဲ တော့ ကျွန်တော်လည်း မသိပါဖူး ခန့်မှန်းချေ ဆိုရင် WWDC 2019 အပြီးမှာတော့ ရောက်လာနိုင်ချေ ရှိပါတယ် $2800 မြန်မာငွေ 43,00,000 ဝန်းကျင်ကနေ စတင် ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်

News from Apple.com

Facebook Comments
2K Shares