05/25/2020

Apple မှ MAC အတွက် ပထမဆုံး အကြမ်းစား Firestorm Processor များကို ဖန်တီးနေ

1K Shares

2019 & 2020 မှာ MAC နဲ့ ပတ်သက်ပြီး ကြားနေရတယ့် သတင်းတွေ ဆိုတာကတော့ Apple က MAC အတွက် ကိုယ်ပိုင် in-house processor များကို ဖန်တီးမယ် ဆိုတာ ပါပဲ

2018 မှာ ထွက်ရှိခဲ့တယ့် iPad Pro ရဲ့ A12X chip set ပေါမှာ Apple ဟာ MAC chip ကို ဖန်တီးခဲ့ပြီး ရှေ့ပြေး in-house processor အသုံးပြုတယ့် MAC ကို ဖန်တီး ကြည့်ရာမှ Apple အနေနဲ့ ကိုယ်ပိုင် Mac processor တွေ ထုတ်လုပ်ဖို့ ခိုင်မာတယ့် ယုံကြည်မှု ရှိလာတာ လည်း ဖြစ်ပါတယ်

Apple ရဲ့ in-house Mac chip တွေကို 2021 မှာ တွေ့ရှိသွားရမယ်လို့ Bloomberg မှ ထုတ်ပြန်ထားပြီး Chip အသစ် အသုံးပြု လာမယ့် ARM based Macs တွေမှာ ယခင် Intel based app တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ Tools တွေကိုလည်း ဖန်တီး နေပြီလို့လည်း သိရပါသေးတယ်

ARM based Macs chip တွေဟာ အသစ်ထွက်ရှိ လာမယ့် iPhone 12 ရဲ့ A14 Chipset ပေါမှာ အခြေခံ ဖန်တီးမှာ ဖြစ်ပေမယ့် iPhone & iPad တွေ အသုံးပြုလာမယ့် A14 ထက်တော့ အများကြီးကို ပိုမြန်ဆန်မယ် လို့ တိကျတယ့် သတင်းရစ်မြစ် တွေအရ သိထား ရပါတယ်

ပထမဆုံး Mac Processor ဟာ Performance အကြမ်းစား Firestorm 8 cores ပါဝင်မှာ ဖြစ်ပြီး အနည်းဆုံး Power သုံးဆွဲမှုကို အတိအကျဆုံး ဖြစ်စေမယ့် Energy efficient 4 cores (Icestorm) ပါဝင်မယ် လို့လည်း သိထား ရပါသေးတယ်

ထို့ပြင် Apple ဟာ အနာဂတ်မှာ 12 Cores ထက် ပိုမိုတယ့် Processor တွေကို ဖန်တီးသွားဖို့ စိတ်အား ထက်သန် နေပြီး ဒီ ကိုယ်ပိုင် Chip တွေဟာ Intel ပေါမှာ မှီခိုမှု ကို လျော့ချ ပေးသွား မှာမို့ Apple အနေနဲ့ သူတို့ရဲ့ Macs Product တွေရဲ့ Performance & Reliability ကို စိတ်တိုင်းကျ ထိန်းချုပ် နိုင်တော့မှာလည်း ဖြစ်ပါတယ်

In house chip တွေကို အသုံးပြု ခြင်းဖြင့် Apple ဟာ ပိုမို ကောင်းမွန်တယ့် Mac apps တွေကိုလည်း develop လုပ်နိုင်ဖို့ ကူညီပေး နိုင်မှာ ဖြစ်ပြီး Apple ရဲ့ ecosystem ကိုလည်း ယခုထက် ပိုမို အသက်ပြင်းစွာ လည်ပတ် စေနိုင်တော့ မှာပါ

Reference from BGR

14 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။