Apple ID Password မေ့ခဲ့သည်ရှိသော် Password Reset လုပ်နည်း

2571

iPhone , iPad or iPod Touch တို့အတွက် အသက်သမျှ အရေးကြီးတဲ့ Apple ID နဲ့ Password ကို မမေ့ကြအောင် ဘယ်လိုပင် ကြိုးစား ကြိုးစား Fingerprint Touch ID တို့ , Face Unlock ID တို့နဲ့ပဲ အသုံးပြုတာ များလို့ သတိမရဘဲ မေ့ကုန်ကြပြီလား ။ 

ဒါမှမဟုတ် အခြားသော အကြောင်းအမျိုးမျိုးတွေကြောင့်လည်း Apple ID ရဲ့ Password တွေကို မေ့ကုန်ကြတာလား ။

ဒါဆို Apple ID ရဲ့ Password အဟောင်းကို Reset ချပြီး New Password ကို ထည့်သွင်းပေးဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ် ။ 

မမှတ်မိတော့တဲ့ Apple ID ရဲ့ Password အဟောင်းကို ဖျက်ပြီး Password အသစ်ကို ထည့်သွင်းဖို့အတွက် နည်းလမ်း ( ၄ ) ခုကို ပြောပြပါမယ် ။ 

သို့ပေမယ့် ဒီနည်းလမ်း ( ၄ ) ခုထဲမှာမှ နည်းလမ်း ( ၂ ) ခုကတော့ Two-Factor လို့ခေါ်တဲ့ ID ရဲ့ Password & Security Section ထဲမှာ ဖုန်းနံပါတ်ကို ထည့်သွင်းပေးထားပြီး Security မြှင့်ထားတဲ့ ယူစာများသာ Password အသစ်ကို ပြုလုပ် ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ် ။ 

ကျန်နည်းလမ်း ( ၂ ) ခုကတော့ Two-Factor ကို Disable လုပ်ထားသည့် ယူစာများ Password အဟောင်းကို Reset လုပ်ပြီး Password အသစ်ကို ထည့်သွင်းပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ် ။ 

ဒါကတော့ iPhone , iPad or iPod Touch တို့ရဲ့ Setting ထဲကနေ Password ချိန်းတဲ့ နည်းပါ ။ 

ဒါကတော့ Safari ကနေ appleid.apple.com ကို သွားပြီး Password ကို Reset လုပ်တဲ့ နည်းပါ ။

ဒါကတော့ Rescue Email ကို အသုံးပြုပြီး Password ကို Reset လုပ်တဲ့ နည်းပါ ။

ဒါကတော့ Security Questions & Answers တွေ , Birthday တွေကို ဖြေပေးပြီး Password ကို Reset လုပ်တဲ့ နည်းပါ ။ 

ဒီ Reset လုပ်တဲ့ နည်းလမ်း ( ၄ ) ခုလုံးကို iPhone , iPad or iPod Touch တို့ရဲ့ Setting ထဲကနေပဲ လုပ်ရမှာ ဖြစ်ပါတယ် ။ ( Safari ကနေ iforget.apple.com လို့ ရိုက်ပြီးသွားလုပ်လည်း ရပါတယ် ။ လုပ်ရမယ့် နည်းလမ်းတွေကတော့ အတူတူပါပဲ ။ ) 

ကဲ .. အခုဆိုရင် ယူစာများအနေဖြင့် Apple ID ရဲ့ Password အဟောင်းတွေကို Reset လုပ်ပြီး Password အသစ်ကို ပြန်ထည့်သွင်းပေးနိုင်တဲ့ နည်းလမ်း ( ၄ ) မျိုးကို ပိုင်ပိုင်နိုင်နိုင် နားလည်သွားကြပြီလို့ ယူဆမိပါတယ် ။ 

အဆင်ပြေစွာ အသုံးချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း …

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
8K Shares