Apple ဟာ 3D Touch ကို iOS 13 မှာ ဖယ်ရှားခဲ့ခြင်း မရှိပါ

509

ပြီးခဲ့တဲ့ အပါတ်က Barclays Analyst Team ကနေပြီး 2019 iPhones တွေပေါ်မှာ 3D Touch ကို ဖယ်ထုတ်ပစ်ပြီး Haptic Touch နဲ့ အစားထိုးလာလိမ့်မယ်လို့ Reported လုပ်ခဲ့ပါတယ် ။ ဒီအဖွဲ့ဟာ အဆိုပါသတင်းကို Apple ၏ အာရှ Suppliers တွေထံမှ ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဒီသတင်းနဲ့ ပါတ်သက်လို့ Apple ကတော့ ဘာမှ Comfirm မလုပ်ခဲ့ပါဘူး ။

Twitter ယူစာတစ်ဦးဖြစ်တဲ့ Don ကနေပြီး Apple ၏ Senior VP of Software Engineering ဖြစ်တဲ့ Craig Frederighi ဆီသို့ Email ပို့ခဲ့ပါတယ် ။ သူက iOS 13 မှာ 3D Touch ကို Remove လိုက်ပြီလားလို့ မေးမြန်းခဲ့တာပါ ။ 3D Touch က App icons တွေပေါ်မှာ အလုပ်မလုပ်တာက Bug ဖြစ်ပါတယ် ။ နောက် Beta မှာ ရှင်းသွားပါလိမ့်မယ်ဆိုပြီး Craig က စာပြန်ခဲ့ပါတယ် ။

3D Touch Feature ကို iPhone 6S နဲ့ iPhone 6S Plus တို့မှာ ပထမဆုံး စတင် မိတ်ဆက်ပေးလာခဲ့တာပဲ ဖြစ်ပါတယ် ။ 3D Touch ဆိုတာ Smartphone Display ထဲမှာ Capacitive Sensors များကို ထည့်သွင်း အသုံးပြုထားတဲ့ Pressure Sensitive Feature ပဲ ဖြစ်ပါတယ် ။ 3D Touch ကို အသုံးပြုပြီး ယူစာတွေအနေဖြင့် App ကို ဖွင့်စရာ မလိုအပ်ပဲ Preview Content တွေကို Peek & Pop ကနေ ကြည့်ရှုလို့ ရပါမယ် ။

Haptic Touch Feature ကလည်း Function အနေဖြင့် 3D Touch နဲ့ အလားသဏ္ဌာန်တူပါတယ် ။ App icons တွေပေါ်မှာ ခပ်ကြာကြာ ( Long Press ) ဖိထားပါက Taptic Engine မှ Haptic Feedback ပြန်ပေးပြီး 3D Touch Feature လိုမျိုး Peek & Pop ဖြင့် Preview ကြည့်လို့ရမှာပဲ ဖြစ်ပါတယ် ။ ဒီ Haptic Touch Feature ကိုတော့ 3D Touch မပါတဲ့ iPhone SE ပေါ်မှာပါ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ် ။

Via Mahit Huilgol , Twitter

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
1K Shares