05/25/2020

Apple မှ iPhone SE Plus ကို ထပ်မံမိတ်ဆက်လာဦးမည်

5K Shares

Apple မှ iPhone SE 2020 ကို မိတ်ဆက်ထားတာသိပ်မကြာသေးပါဘူး ဒါပေမယ့် နာမည်ကြီး Youtuber တစ်ဦးဖြစ်တဲ့Jon Prosser ရဲ့ ပြောကြားချက်အရ iPhone SE Plus Model တစ်မျိုး ထပ်ထွက်လာဦးမယ်လို့ ပြောထားပါတယ်။

9to5Mac ရဲ့ အစီရင်ခံစာတစ်ခုမှာလဲ Apple သည် 2020 အတွင်းမှာ iPhone SE model နှစ်မျိုးကို ထုတ်လုပ်ရောင်းချမယ်လို့ ကြားသိရပီး iPhone SE ရဲ့ Model နှစ်ခုမှာ မတူညီတဲ့ Display ကို အသုံးပြုမယ်လို့သတင်းတွေလဲကြားနေရပါတယ်။

ယခုထွက်ရှိထားတယ့် iPhone SE 2020 ကတော့ iPhone 8 နဲ့ ပုံစံတူပီး iPhone 8 အစားထိုး iPhone SE ဖြစ်ပါတယ်။နောက်ထပ် ထွက်ရှိမဲ့iPhone SE Plus ကတော့ ယခု iPhone SE နဲ့ အနည်းငယ်ကွဲပြားနိုင်ပီး ကွာခြားနိုင်တာတွေကတော့ Display Size , Battery , Processor နဲ့ Camera တို့ပဲဖြစ်ပါတယ်။

လက်ရှိ iPhone SE မှာတော့ A13 Bionic ကို အသုံးပြုထားပီး ထို A13 Bionic ကြောင့် iPhone SE ဟာ Battery ပိုကြာကြာအသုံးခံသည်ဟု Apple မှပြောထားပါတယ်။Battery အကြောင်းပြောရရင် iPhone SE ဟာ QI အသိမှတ်ပြုWireless Charging စနစ်ထောက်ပံ့ပေးထားပီး Fast Charging နှင့်သွင်းမယ်ဆိုပါက 50% ကို နာရီဝက်ပဲ ကြာပါတယ်။

ကျွန်တော်အဓိကပြောချင်တာကတော့ မကြာမီ iPhone SE Plus ထွက်လာတော့မယ်ဆိုတာပါပဲ ဒါကြောင့် iPhone User အပေါင်းစောင့်မျော်ကြည့်ရှုကြပါဦးလို့ ပြောပါရစေ

7 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။