Home Knowledge App Store ကနေ Apps တွေ download မရ update မရတယ့်ပြသနာများ ဘယ်လို ဖြေရှင်းကြမလဲ?

App Store ကနေ Apps တွေ download မရ update မရတယ့်ပြသနာများ ဘယ်လို ဖြေရှင်းကြမလဲ?

2057

ရံဖန်ရံခါလို ဖြစ်တတ်တယ့် download မရ update မရတယ့်ပြသနာဟာ iUsers အားလုံးလိုလို တွေ့ကြုံဖူးကြမှာပါ အချို့မှာ အလွယ်တကူ အဆင်ပြေကြပေမယ့် အချို့မှာတော့ မဟုတ်ကြပါဖူး

ကျွန်တော့် အတွေ့အကြံနှင့် သိသလောက် မှတ်သလောက် ဖော်ပြပေးလိုက်ပါတယ် Tips အချို့ပါ

ပထမဦးစွာ Internet Connection စစ်ဆေးပါ connection ကောင်းမှလည်း ရတာမို့ လိုင်းအောက်နေတယ့် အခြေအနေမျိုးနဲ့ ဥပမာ Myanmar net စသဖြင့် တို့ကလည်း ဖြစ်နေသလားဆိုတာ စစ်ဆေးပါ

မိမိ Mobile interviews Connection မှဖြစ်နေရင် internet အပိတ်အပွင့်ပြန်လုပ်ကြည့်ပါ Aeroplane mode အပိတ်အပွင့်ကစားကြည့်ပါ ပြီးမှ ပြန်ဝင်ကြည့်ပြီး ဒေါင်းကြည့် တင်ကြည့်ပါ

နောက် Ram Cleaning လုပ်ကြည့်ပါ ပြီးမှ ပြန်ဝင်ကြည့်ပါ ဖော်ပြပါပုံအတိုင်း slide to power off ပေါလာရင် Home button ကို slide to power off မပျောက်မခြင်း ဖိထားပေးပါ Home button မပါတယ့် iDevices များ Assistive Touch မှ Home ကို အစားဖိနိုင်ပါတယ်

Settings-Date & Time မှန်ရဲ့လား စစ်ဆေးကြည့်ပါ အကောင်းဆုံးက Automatic ပဲထားပါ မှားနေရင် ပြင်လိုက်ပေးပါ ပြီးမှ ပြန်ဝင်ကြည့်ပါ

Reset Network Settings ချကြည့်ပါ ဘာမှမပျက်ပါဖူး သုံးဆွဲတယ့် Cartier ရဲ့ APN အချို့ ပြန်ထည့်ပေးရမှာပဲ ရှိတာပါ အလွတ်မရရင် အရင် Screenshot ရိုက်ထားလိုက်ပါ Cellular-Cellular data options-Cellular data network မှာပါ ချပြီဆိုရင် iDevices ကို မည်သည့်ကြိုးမျှ တတ်ဆင်မထားပါနဲ့ ဘက်ထရီအား ၈၀% နှင့် အထက်ရှိပါစေ

Reset All settings လည်း ထပ်ချကြည့်နိုင်ပါတယ်

Cellular မှာ App Store ကိုပိတ်မိထားသလား စစ်ဆေးကြည့်ပါ ပိတ်ထားရင် ဖွင့်လိုက်ပါ ထို့အပြင် Restriction များ လုပ်မိထားသလား စစ်ဆေးပါ လုပ်မိထားနေရင် ပြန်ဖြုတ်ပေးလိုက်ပါ ပိတ်လိုက်ပါ ဖော်ပြပါပုံ အတိုင်းရှိနေရမှာပါ Restriction ကပိတ်ထားရင် ပုံအတိုင်းမဟုတ်ပဲ မှိန်နေမှာပါ ကောင်းပါတယ် Restriction ကမလိုအပ်ရင် ပိတ်သာထားပါ မှိန်နေတာက အမှန်ပါ

နောက် Storage ကျန်သေးရဲ့လား စစ်ဆေးကြည့်ပါ Storage မလောက်ထို့ရင်လည်း ဖြစ်တာကြောင့်ပါ

Apple ID ကို iTunes & App Store မှ Sign out လုပ်ပြီး ပြန်ဝင်ကြည့်ပေးပါ ပြီးမှ ပြန်ဒေါင်းကြည့် တင်ကြည့်ပါ

အခြား Apple ID တစ်ခုနဲ့ ပြောင်းဒေါင်းကြည့်ပါ သင့်လက်ရှိသုံးစွဲနေတာ့် ID မှာ တစ်စုံတစ်ခု ပြသနာရှိနိုင်တာလည်း ဖြစ်နိုင်ပါတယ်

နောက်တစ်ခုကတော့ Apple ID ရဲ့ Region ပါပဲ ကိုယ်ဖွင့်ထားတယ့် Region ပေါလိုက်ကြီး Store တွေ ကွဲပြားတာနှင့် အမျှ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပဲ ရံဖန်ရံခါ Store တွေမှာ ကွတ်ပြီး ပြသနာတတ်နေ တတ်ပါတယ် အဲ့ဒါကြောင့် အပေါက ဖော်ပြပါ အချက်အလက်များ မရရင် ၃ ရက်လောက် စောင့်ကြည့်ပေးပါ

App အချို့ပဲ Update တင်မရ ဖြစ်နေတယ်ဆိုရင် အဲ့ဒီ App ဟာ Store ပေါမှ ဆက်မရှိတော့တာ ဖြစ်နိုင်ပါတယ် သို့သော်ငြားလည်း Update ကတော့ ပေါနေတတ်ပြီး တင်မရတာပဲ ရှိတာပါ

အထက်ပါ အဆင့်တို့ မရမှ iDevices ကို iOS Version အသစ် update တင်ကြည့်ပေးပါ သို့မဟုတ် PC iTunes ဖြင့် တင်ပါ

Erase all content & Settings လုပ်ဖို့ကတော့ အားမပေးပေမယ့် Factory reset ဖြစ်လို့ ရဖို့ကတော့ ရာနှုန်းပြည့်ပါ ရှိသမျှ အကုန်ပျက်ပါတယ် ချနေချိန်အတွင်း စက်ရဲ့ အခြေအနေပေါ မူတည်ပြီး ကမောက်ကမ ဖြစ်နိုင်တာမို့ ဒီအခြေအနေထိ ရောက်လာရင် ကျွမ်းကျင်တယ့် သူစီမှာ ပြကြည့်ဖို့ အကြံပြုလိုပါတယ်

ကျွန်တော် သိသမျှတော့ ဒါပါပဲ အားလုံးပဲ ကံကောင်းကြပါစေ မိတ်ဆွေတို့

Facebook Comments
588 Shares