Anker Soundcore က ရွေးချယ်သင့်တယ့် Speaker တစ်ခုလား!!

105

ဒီSpeaker လေးကျွန်တော့်လက်ထဲမှာရောက်နေတာ1 month 10 days ရှိနေပါပြီဒီတော့ကျွန်တော့အတွေ့အကြုံနဲ့ဒီSpeaker လေးအပေါဘယ်လိုခံစားရတယ်ဆိုတာပြောပြသွားခြင်းပါတယ်

သိရှိရန်” – ယခုဆောင်းပါးသည်Sponsor လုံးဝမဟုတ်ပါကျွန်တော့၏ပိုက်ဆံဖြင့်ဝယ်ယူထားသော်unit ဖြစ်ပြီးကျွန်တော့အမြင်သက်သက်သာအပြုသဘောဆောင်ရေးသားခြင်းဖြစ်ပါသည်မည်သည့်ကိုမျှထိခိုက်လို၍စိတ်သဘောဆန္ဒမရှိပါ။

ပထမဦးစွာပြောခြင်တာကတော့သူ့ရဲ့ဈေးပါSpeaker သီးသန့်45000 kyats ကျသင့်ပြီးကျွန်တော့အိမ်အရောက်48500 kyats ကျသင့်ပါတယ်သောင်းဝန်းကျင်မှာအခြားနာမည်ရှိSpeaker Brand များလည်းရှိသလိုနာမည်မရှိအချို့နဲ့စကော်လောက်ရှိတယ့်speaker box အမြောက်အမြားလည်းဈေးကွက်ထဲမှာတွေ့မြင်ရမှာပါ

အကောင်းဆုံးနှိုင်းယှဉ်ပြရမှာတော့Price to performance ratio ပါပဲဒီပေးရတယ့်ဈေးအနေအထားနဲ့ပြန်ရမယ့်စိတ်ကျေနပ်မှုကသင့်တော်ရဲ့လားဆိုတာပါပဲခုတော့ဒီAnker soundcore ကိုအကြောင်းအနည်းငယ်ပြောပါရစေ

(ကျွန်တော်ဟာProfessional audio သမားမဟုတ်တယ့်အတွက်လိုအပ်ချက်များစွာရှိနိုင်ပါတယ်Audio ပိုင်းဟာကျွန်တော်ကျွမ်းကျင်မှုရှိတယ့်field လည်းမဟုတ်တာကြောင့်မတောက်တခေါက်လေးရွက်မှာဖြစ်ကြောင်းကြိုတင်၍တောင်းပန်အသိပေးအပ်ပါတယ်)

Build Quality 9/10

သူ့ရဲ့တည်ဆောက်ပုံဒီဇိုင်းဟာအပြစ်ပြောစရာမရှိပါဖူးသတ္တုဆန်တယ်အချိုးအစားကျတယ်port တွေကနေရာတကျရှိတယ်ခလုတ်တွေကလည်းPremium ဆန်တယ်မှတ်ရော့လိုက်တာကတော့ရေစိမ်မခံတာကြောင့်ပါbuild quality ကတော့တကယ်ကိုကောင်းမွန်တယ့်Speaker တစ်ခုပါ

Pairing 9.5/10

Bluetooth speaker ဟေ့လို့ဆိုလိုက်တာနဲ့pairing လုပ်တာဟာအင်မတန်အရေးပါပါတယ်ဒီနေရာမှာလည်းpair လုပ်ချိန်အင်မတန်မြန်ဆန်မှုရှိပြီးတော့ချိတ်ဆက်ပုံပုံစံကိုလည်းအကြိုက်တွေ့မိပါတယ်Bluetooth device is – …..- ဘာညာဘာညာအသံတွေမထွက်တာမို့စိတ်ရှုပ်စရာမလိုပါဖူးသတ်မှတ်ချိန်အတွင်းဘယ်သူနဲ့မှPair မဖြစ်ခင်ရင်ဘက်ထရီမကုန်အောင်ပါဝါပိတ်ပေးပါတယ်မေ့ထားပြီးမပိတ်မိမှာမစိုးရိမ်ရပါဖူးအပြင်ထွက်ခဲ့တာမျိုးပြစ်ထားခဲ့ရုံပါပဲဒါပေမယ့်Eco System ထဲကHomePod လိုမျိုးSpeaker pairing မျိုးကိုယှဉ်မရတာမို့အပြည့်ပေးလို့မဖြစ်ပါဖူး

Battery life 10/10

ကျွန်တော်အမှတ်ပြည့်ပေးလိုက်ပါတယ်Anker က၂၄နာရီပါမယ်လို့ကတိပေးထားပါတယ်ဟိုးဟိုးများမနေဖူးလားယုံရဖို့ခက်နေလားကျွန်တော်တောင်မယုံခဲ့ဖူးဒါပေမယ့်မဖြစ်နိုင်တောတွေဖြစ်ခဲ့ပါတယ်ကျွန်တော်Maximum Volume ဆင့်လျော့ပွင့်ရာမှာ၃၂နာရီဝန်းကျင်ခံတာကိုတွေ့ခဲ့ရပါတယ်ပတ်လောက်နေ့တိုင်းအချိန်မှတ်ပြီးဖွင်ခဲ့တာပါခုတော့ကြိမ်အားသွင်းဖို့နာရီလောက်အချိန်ပေးလိုက်ရင်၁၀ရက်လောက်ကတော့လှည့်ကြည့်စရာမလိုတော့ပါဖူးbattery life ဟာတကယ့်ကိုရှယ်ပါဒါတော့အရမ်းသဘောကျမိပါတယ်

Range 6/10

Delay (9/10 < 10F) & (1/10> 10F)

Range ဖြစ်တယ့်အကွာအဝေးကတော့မကျေနပ်ပါဖူးဒါအမှန်တိုင်းပြောတာပါနည်းနည်းပဲခပ်ဝေးဝေးလေး၂၀ပေအထက်၂၅၃၅ပေလောက်တစ်ခုခုခံနေရင်ပိုဆိုးဝါးပါတယ်၁၀ပေကျော်လောက်တင်ကိုရပ်တာပျက်သွားတာတွေဖြစ်လာပါတယ်

Delay ဆိုတာအလွယ်ပြောရရင်play & pause လုပ်တယ့်အချိန်နဲ့အသံပြန်ထွက်လာတယ့်အချိန်နဲ့ကြားမှာရှိတယ့်ကျန့်ကြာမှုပါ၁၀ပေအတွင်းဆိုရင်very good ပါရွှတ်ရွှတ်ပါပဲဒါပေမယ့်အထက်ကလိုပဲ၂၅၃၅ပေဆိုရင်တစ်ခါလေနှိပ်လို့နှိပ်မှန်းတောင်မသိတော့ပါဖူးဆိုးဝါးတယ်လို့ခံစားရပါတယ်

Cleanliness 8.5/10

သန့်ရှင်းမှုပါEqualizer တွေခံလိုက်တာမျိုးအကူညီယူတာမျိုးမလုပ်ပဲသူ့ပင်ကိုအသံဟာရှင်းရှင်းလင်းလင်းရှိပါတယ်ကျေနပ်စရာကောင်းတယ့်ရှင်းလင်းမှုမျိုးကိုပေးစွမ်းပါတယ်

Loud speaker 8/10

သီချင်းပေါလည်းမူတည်ပါသေးတယ်ပြီးတော့သူကStero speaker setup လည်းမဟုတ်တာပါတယ်သူ့အရွယ်အစားနဲ့ကအသံကအားမရပေမယ့်ကောင်းပါတယ်ကျယ်တယ်လို့ပြောလို့ရပါတယ်၁၀ပေပတ်လည်အခန်းလောက်တော့Fill နိုင်မှာပါ(ဒါမယ့်Square room ကသီးချင်းနားထောင်လို့ကောင်းဖူးနော်) ဒီဈေးနဲ့အရမ်းကြီးလည်းမှန်းလို့မရဖူးဆိုတော့8 points ပေးခဲ့ပါတယ်

High Frequency 8.5/10

Low Frequency 6.5/10

Frequency response အကြောင်းကိုရှင်းပြတော့မယ်ဆိုလို့ကျွန်တော့်ကိုဆရာကြီးတစ်ယေက်လို့မထင်လိုက်ပါနဲ့ကျွန်တော်လည်းအရိပ်လောက်ပဲသိတာပါMid Frequency မရှိဖူးလားဆိုတော့ရှိပါတယ်ဒါပေမယ့်သူကEqualizer နဲ့ပြန်ညှိယူရတာပါ

High frequency ဆိုတာဟာhigh pitches ဖြစ်ပြီးflute EDM electronic တို့ကိုကိုယ်စားပြုပါတယ်သူကtreble သံပါပဲtreble ဆိုတာbass ရဲ့counter ပါဒီတော့low frequency- low pitches ဟာbass နဲ့ပတ်သက်တာမှန်သမျှကိုကိုယ်စားပြုပါတယ်ဒီတော့ကျန်နေတယ့်mid frequency- mid pitches ဟာclassical ကိုကိုယ်စားပြုတယ့်Vocals ခေါmidrange သံပါပဲဈေးကြီးကြီးပေးရပြီးကောင်းပါတယ်ဆိုတယ်သိန်းချီတန်တယ့်speaker တွေတောင်classical သံမှာFail ကျရပါတယ်ဒီ့အတွက်Equalizer ကောင်းကောင်းထားဖို့လိုအပ်ပါလိမ့်မယ်

Vocal/Midrange 7/10

ကျွန်တော်ကEDM နဲ့ပတ်သက်တယ့်ဂီတတွေသိပ်ကြိုက်ပါတယ်Alan Walker အကုန်ကြိုက်သလိုအခြားEDM တွေလည်းရာချီလို့ပါပဲReview တွေရှာဖတ်တော့Bass သံမကောင်းဖူးလို့သိရပါတယ်ဒီတော့သူ့ရဲ့ဆန့်ကျင်ဖက်ဖြစ်တယ်treble သံကောင်းမယ်ပေါ့ဟုတ်ပါတယ်တကယ်ကောင်းပါတယ်EDM အတွက်ဆိုရင်vocal သံကနည်းနည်းလောက်ကောင်းရင်ကိုရပါပြီသူ့Vocal ကလည်းကောင်းတာမို့Movies သမားတွေအတွက်အဆင်ပြေမှာပါ

High Frequency ဆိုတာtreble ပါ

Mid Frequency ဆိုတာVocal ပါ

Low Frequency ဆိုတာBass ပါ

အားလုံးပဲBass & Beat ကိုတော့ခွဲခြားတတ်မယ်လို့ထင်ပါတယ်သူတို့ကBass ကောင်းရင်beat ကောင်းတာမျိုးပါနည်းနည်းပြောပါမယ်beat ဆိုတာrhythm ပါပဲFrequency နှစ်ခုရဲ့timing အချိတ်အဆက်မျိုးပါသူက10hz – 60hz ကြားမှာရှယ်ကြမ်းပါတယ်နည်းမှတော့low Frequency ပါပဲဒီတော့Extra Bass အဖြစ်ထူတ်ထားတယ့်headphone speaker တွေကbeat ကြမ်းမယ်ဆိုတာသိနိုင်ပါတယ်beat ကsub bass ပါဘာလဲလို့ထက်မရှင်းတော့ပါဖူးrange ကမျိုးခွဲထားတာကြောင့်ပိုရှုပ်ကုန်ပါလိမ့်မယ်ဒါတောင်first harmonic တို့ကိုထည့်မပြောသေးဖူး

Stereo 7/10

Stereo ဆိုတာနဲ့အသံပတ်ချာလည်ပြေးတယ့်surround sound ကိုသွားမမြင်လိုက်ပါနဲ့သူတို့ပိုကောင်းတယ်ဆိုတာငြင်းမရပေမယ့်တစ်ကောင်ခြင်းခွဲထုတ်ရင်ယှဉ်နိုင်ပါလိမ့်မယ်သူ့ရဲ့stereo ဟာအစပိုင်းမှာတော်တော်စိတ်ပျက်မိပေမယ့်Carl orff – Fortuna ကိုနားထောင်ပြီးကျေနပ်ခဲ့ပါတယ်Bass ကိုတော့Thundercat Uh Uh နဲ့စမ်းခဲ့တာပါ

Details 7.5/10

Details တွေကတော့အကြိုက်တွေ့ပါတယ်tones တစ်ခုချင်းစီကိုမလွတ်တန်းကြားနေရတယ်တကယ်ကောင်းတယ်အချို့မကြားပဲလွတ်သွားတယ့်အချို့ကိုတောင်ဒီsoundcore နဲ့မှကြားရတာမျိုးတွေထိရှိပါတယ်Interstellar – Coward နဲ့စမ်းကြည့်နိုင်ပါတယ်

Dynamic Range 8/10

Speaker တစ်ခုမှာသိပ်အရေးပါတာဟာDynamic range ပါဘယ်နေရာကြီးဘယ်လောက်ကောင်းနေနေCable မှာပြသနာရှိလို့dynamic range ကိုကောင်းကောင်းမထိန်းနိုင်ရင်သိပ်ကိုဖီးကျဲပါတယ်သူကတိတ်နေတယ့်အသံ(တကယ်တော့သူကထွက်နေတယ်ကိုယ်ကမကြားရတယ့်Frequency မို့ပါ) ကနေအမြင့်ဆုံးထိအတတ်အဆင်းကိုထိန်းနိုင်တယ့်စွမ်းဆောင်မှုပါအတတ်ကြမ်းရင်မထိန်းနိုင်ပဲပြဲလန်ပြီးထွက်လာကြတယ့်speaker တွေမနည်းဖူးတွေ့ဖူးပါတယ်Fight song မှာမျိုးစွတ်တတ်လိုက်ပေမယ့်dynamic အထိန်းတအားမိုက်ပါတယ်Rhasody in blue မှာကောင်းကောင်းကြီးစမ်းနိုင်ပါတယ်Movie ထဲကစမ်းခြင်တယ်ဆိုရင်Tom & Jerry ကြည့်ပါတကယ်ပြောတာ

Overall Quality 8/10 (include Price)

အကုန်လုံးတစ်ခုတည်းနဲ့စမ်းခြင်တယ်ဆိုရင်Radiohead – the national anthem ကိုနားထောင်ကြည့်ပါပေါ့ပေါ့ပါးပါးlight weight Audio မျိုးတွေဆိုရင်တော့Renai Circulation, Enya Only Time, smallville somebody save me, တို့နားထော်ကြည့်ပါ

ခြုံငုံသုံးသပ်ပြီးပြောရရင်Anker soundcore ဟာသူနဲ့ဈေးတူspeaker တွေထဲမှာတော့အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်၂သိန်းတန်တယ့်speaker ဝယ်လို့ဒီထက်ကောင်းမယ်လို့တော့မထင်တာအမှန်ပါHigh Frequency ကောင်းမွန်ခြင်းBattery life အမုန်းဆွဲနိုင်ခြင်းDynamic range & Vocals တို့ကစိတ်ကျေနပ်မှုပေးစွမ်းနိုင်မှုတွေကိုကြည့်ရရင်ဝယ်မယ်ဆိုရင်လက်တွန့်စရာမလိုအပ်ဖူးဆိုတယ့်အကြောင်းသိစေခြင်ပါတယ်

ထပ်ပြောပါရစေဒီArticle ဟာsponsor post မဟုတ်တယ့်အပြင်Anker myanmar နဲ့ဘယ်လိုမှမပတ်သက်ကြောင်းထပ်မံအသိပေးလိုပါတယ်နောက်JBL Sony Remax တို့ရဲ့unit တွေဝယ်ဖြစ်ခဲ့ရင်လည်းနှိုင်းယှဉ်ဖော်ပြပေးသွားပါဦးမယ်

ရေးသားသူကောင်းမြတ်ဘုန်းကျော်( iOS Banker Myanmar )

Facebook Comments
121 Shares