AirPods တွေကို Android Phones တွေနဲ့ ဘယ်လိုချိတ်ဆက် အသုံးပြုကြမလဲ?

89

Apple ရဲ့ AirPod ကို သုံးဖို့အတွက် iPhone ရှိစရာမလိုပါဘူး။ Android Phone နဲ့ ဘယ်လိုသုံးလို့ရမလဲဆိုတာတွေကို ဖော်ပြပေးချင်ပါတယ်။

( Air Pods 2 တစ်လုံး ကံစမ်းနိုင်မည့် အခွင့်ရေး ) ဖတ်ရန်

Android Phone တစ်လုံးရှိမယ်ဆိုရင် Apple ရဲ့ AirPods ကို သီချင်းနားထောင်ဖို့နဲ့ ဖုန်းပြောဖို့အတွက် သုံးလို့ရပါတယ်။ တစ်ခုရှိတာကတော့ AirPods တွေကို Apple ရဲ့ Products တွေအတွက်သာ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့အတွက်ကြောင့်မို့ Auto Pairing လိုမျိုး special features တွေကိုတော့ Android phone တွေမှာ ရမှာမဟုတ်ပါဘူး။

Apple ရဲ့ AirPods တွေဟာ iPhone, iPad နဲ့ တခြား Apple Products တွေအတွက် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပေမယ့်လည်း ဒါဟာ သင့်မှာ Android phone ပဲရှိတယ်ဆိုရင် AirPod တွေကို သုံးလို့မရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ Android device တွေနဲ့ pair လုပ်လိုက်တဲ့အခါမှာ Apple ရဲ့ wireless earbud တွေကို သီချင်းနားထောင်တာတွေ ဖုန်းပြောတာတွေအတွက် သုံးလို့ရနေပါတယ်။

ဈေးနှုန်းအားဖြင့် အရင် model လိုမျိုးပဲ $159 ကနေစတင်ရောင်းချတဲ့ second-generation airpods ကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ Apple က Announce လုပ်လိုက်ပါတယ်။ Wireless earbuds အသစ်တွေဟာ Siri ကို hands-free သုံးလို့ရအောင် support လုပ်ပါတယ်။ ဒါ့အပြင် Apple device တွေနဲ့ ပိုပြီး မြန်မြန်ဆန်ဆန် ချိတ်ဆက်နိုင်စွမ်းရှိတဲ့ headphone တွေအတွက် all-new H1 Chip အဖြစ် wirless earbuds တွေကို တီထွင်ထားဖြင်းဖြစ်ပါတယ်။ Apple ကနေ  ကြိုးမဲ့ အားသွင်းလို့ရမယ့် $40 တန် charging-compatible case ကို wirless earbuds တွေနဲ့အတူ ၀ယ်ယူနိုင်ပါတယ်။

Siri နဲ့ အံဝင်ခွင်ကျ ချိတ်ဆက်မှု ၊ Case ရဲ့အဖုံးပွင့်သွားတဲ့အခါမှာ earbuds ဟာ အနားမှာရှိတဲ့ device ကို အလိုအလျောက်ချိတ်ဆက်မှု ၊ နောက်ပြီး နားတစ်ဖက်ကနေ earbud ကို ဖယ်လိုက်တဲ့အခါမှာ နားထောင်တဲ့သီချင်းရပ်သွားအောင် စွမ်းဆောင်နိုင်မှု စတဲ့ အကျိုးကျေးဇူးတွေကို Android user တွေက ရမှာမဟုတ်ဘူးဆိုတာတော့ အသေအချာပဲဖြစ်ပါတယ်။

ဒါပေမယ့် Android device တွေနဲ့ Apple ရဲ့ AirPod တွေကို ချိတ်ဆက်ပြီး အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေးမယ့် အချက်တွေအတိုင်း လိုက်လုပ်ရမှာဖြစ်ပါတယ်။

(၁) Bluetooth ကို ဖွင့်ထားပါ

Android phone ရဲ့ setting ထဲသွားပြီး bluetooth ကို ဖွင့်လိုက်ပါ။ Android phone တော်တော်များများရဲ့ setting မှာ Wi-Fi section နဲ့အတူ bluetooth section ကို အတူ တွေ့နိုင်ပါတယ်။

(၂) AirPod case ရဲ့ နောက်မှာရှိတဲ့ ခလုတ်ကို ဖိပြီး အဖုံးဖွင့်လိုက်ပါ

အဲ့လိုလုပ်ခြင်းဖြင့် AirPod ဟာ အနားမှာရှိတဲ့ device ကို ရှာဖွေနိုင်ပါတယ်။ Device တစ်ခုခုကို ရှာတွေ့သွားပြီဆိုရင်တော့ AirPod case ရဲ့အထဲမှာ အချက်ပြမီး အဖြူရောင်လေးက မှိန်တုတ် မှိန်တုတ်ဖြစ်နေပါမယ်။

(၃) Available device list ထဲမှာ AirPod ကိုရှာပါ

Android device setting ထဲမှာရှိတဲ့ Bluetooth section မှာဆိုရင် ချိတ်ဆက်လို့ရမယ့် available device list ဆိုပြီး ပြပါလိမ့်မယ်။ သင့်ရဲ့ AirPod ဟာ အဲ့ဒီ list ထဲမှာပါရပါမယ်။

(၄) သင့်ရဲ့ Android phone နဲ့ ချိတ်ဆက်သွားဖို့အတွက် သင့်ရဲ့ AirPod ကို နှိပ်လိုက်ပါ

Available device list ထဲမှာ သင့်ရဲ့ AirPod ကို တွေ့ပြီဆိုရင် သင့်ရဲ့ ဖုန်းနဲ့ ချိတ်ဆက်သွားဖို့အတွက် အဲ့ဒါကို နှိပ်လိုက်ပါ။ Samsung ရဲ့ Galaxy S10 အသစ်ကဲ့သို့ တချို့ဖုန်းတွေမှာဆိုရင် AirPod ဟာ Audio နဲ့ Phone Call တွေအတွက် အသုံးပြုလို့ရပြီဖြစ်ကြောင်း ပြောပေးပါတယ်။ နောက်ပြီး သင်ဟာ setting ထဲမှာကိုပဲ အဲ့ဒီ features တွေကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Facebook Comments
0 Shares