Air Pods 1 / 2 အကြောင်းနှင့် Air Pods 1/2 ခွဲနည်း

466

Apple မှပထမဆုံး Bluetooth EarPhone ကို September 7, 2016  Apple Special Event တွင် AirPods ဆိုသည့်နံမည်နဲ့ စတင်မိတ်ဆက်ပေးခဲ့ပီး December 13, 2016 တွင်AirPods ကိုစတင်ရောင်းချခဲ့ပါတယ်။AirPods ကိုစတင်ထုတ်လုပ်ပီးနောင်ပိုင်းမှာတော့ Airpods ပုံစံတူတံဆိပ်တွေအများကြီးထွက်ပေါ်လာပီး  Airpods 1st Generation ကို W1 chipset နဲ့ထုတ်လုပ်ထားကာ Bluetooth 4.2 ဖြစ်ပါတယ်။Battery life ကတော့ဖုန်းပြောရင်၂နာရီဝန်းကျင်၊သီချင်းနားထောင်ရင်၅နာရီဝန်းကျင်ခံပါမယ် နားထဲထည့်လိုက်တာနဲ့အလိုအလျောက်သိပီးတဖက်စီအသုံးပြုလဲအဆင်ပြေပါတယ်။Siri ကိုအသုံးပြုချင်ရင် နားကြပ်ကို၂ချက်နိပ်လိုက်ရင်Siri ထဲရောက်သွားပါမယ်

AirPods 2nd Generation

Airpods second Genearationကိုတော့ March 20, 2019 စတင်မိတ်ဆက်ပေးခဲ့ပီးAirpods 1 နဲ့ပုံစံတူတူပဲဖြစ်ပါတယ်။Chipset ကတော့ပိုမိုမြန်ဆန်သည့် H1 chipset ကိုအသုံးပြုထားပီး bluetooth 5.0 ဖြစ်သည့်အတွက်ကြောင့်ဖုန်းနဲ့ချိပ်ဆက်မှုကပိုမြန်ဆန်ပါတယ် Battery life ကတော့ဖုန်းပြောရင်၃နာရီဝန်းကျင်၊သီချင်းနားထောင်ရင်၅နာရီဝန်းကျင်ခံပါမယ် Airpod 2 မှာ siri Activated ဖြစ်ဖို့ Airpod ကို၂ချက်မနှိပ်ပဲHey Siri ပြောပီးလုပ်လို့ရပါတယ်။Airpods 2 မှာ Wirless charging case နှင့် charging case ပဲပါသည့် Airpods ဆိုပီး၂မျိုးရှိပါတယ်။Airpod with Wireless Charging case ရဲ့ LED Indicator ကတော့ဗူးအပြင်ဖက်မှာဖြစ်ပီးAirpod charging case ကတော့အရင် AIrpods 1 လိုပဲဗူးအဖုံးထဲမှာဖြစ်ပါတယ်။Wireless ဖြင့်မသွင်းတဲ့သူတွေကတော့ Charging case နဲ့သွင်းလို့ရတာဝယ်ယူသင့်ပါတယ်။Airpods ရဲ့ဈေးနှုန်းကကြီးပေမယ့်အရည်အသွေးအထူးကောင်းမွန်တာကြောင့် iPhone user တွေသာမက Android user တွေပါအသုံးပြုလာကြပါတယ်။

မိမိ Airpods 1 လား 2 လားဘယ်လိုခွဲမလဲ ?

အလွယ်ကူဆုံးနည်းကတော့ Model နံပါတ်ကြည့်ချင်းသိနိုင်ပါတယ်။တော်တော်များများက Wireless charging case မပာုတ်ရင် Airpods1 လို့ထင်ကျတာများပါတယ်။Airpods 1 ရဲ့ Model no ကတော့ A1523 – A1722 ဖြစ်ပါတယ်။Airpod 2nd generation ကတော့ A2032-A2031 ဖြစ်ပါတယ်။အဲထက်သေချာတဲ့နည်းကတော့Serial နံပါတ် ရိုက်စစ်တာပါ။  https://checkcoverage.apple.com  Apple ရဲ့တရားဝင်စစ်ဆေးသည့် Website ဖြစ်ပီး မိမိ Serial no ကိုရိုက်ထဲ့ကာသိနိုင်ပါတယ်။Airpods series 1 ကိုရိုက်စစ်ရင် Airpods တမျိုးပဲပေါ်ပီး Airpods 2 serial ရိုက်စစ်၇င်Airpods(2nd Generation) လို့ပေါ်ပါတယ်။မိမိ Airpods ၁လား လားမသိသူတွေအတွက်ခွဲခြားနည်းတင်ပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ

iAngel Mobile

Facebook Comments
845 Shares