06/18/2021

နောက်ထွက်မဲ့ 5.4 inch ရှိတယ့် New iPhone ကို iPhone 12 Mini ဟု ခေါ်တွင်မည်

0 Shares

အိုင်ယာလန်ရှိ Apple ရဲ့ အပြည်ပြည်ဆိုင်ရာ ဖြန့်ချီရေးစင်တာတစ်ခုမှ ထွက်ပေါ်လာတဲ့ စတစ်ကာများအရ သိရခြင်းဖြစ်ပါတယ်။ ကုမ္မဏီဖက်မှလဲ ယခု သတင်းကို အတည်ပြုပေးထားပါသေးတယ် ဓာတ်ပုံများအရ 5.4 inch ရှိတဲ့ iPhone 12 ကို iPhone 12 Mini ဟု ခေါ်တွင်စေပြီး 6.1 inch ရှိတဲဲ့ iPhone 12 ကို iPhone Pro ဟု သတ်မှတ်ထားကာ 6.7 inch ရှိတဲ့ iPhone ကိုတော့ iPhone ကိုတော့ iPhone 12 Pro Max ဟု သတ်မှတ်ထားတာဖြစ်ပါတယ်။

နောက်ထွက်မဲ့ iPhone 5 ရဲ့ 5.4 inch အရွယ်အမျိုးအစားကို iPhone 12 mini လို့ခေါ်တွင်မည်ဟု Twitter Blogger တစ်ဦးမှ ပြောကြားဖူးပါသေးတယ်။ ပုံများအရ MHL732M / A” နှင့်“ MHLG32M / A” နံပါတ်များပါရှိပြီး၎င်းသည်ယခင်က Apple အသုံးပြုခဲ့သည့်မော်ဒယ်နံပါတ်များနှင့်ဆင်တူနေပါတယ်။

5.4 inch အရွယ်ရှိတဲ့ iPhone 12 mini ဟာ လက်ရှိ User များ အသုံးပြုနေကြတဲ့ iPhone 7/8 တွေထပ် စွမ်းဆောင်ရည်ပိုင်း ပိုမွန်ကောင်းမွန်ပြီး iPhone SE 2020 အသုံးပြုသူများကိုလဲ ဆွဲဆောင်နိုင်မဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။

5.4 inch ပဲရှိတဲ့ iPhone 12 Mini ရဲ့ ဒီဇိုင်းဟာ Touch ID မပါပဲ Face ID ထည့်သွင်းထားတာကြောင့် iPhone 7/8 နှင့် အရွယ်အစား တူညီသည်ဟုထင်ယောင်ထင်မှား ဖြစ်စေပြီး အကြောင်းအရင်းက iPhone 12 Mini ဟာ Touch ID Bezel မပါတော့တာကြောင့် အရွယ်အစား ကြီးသလို ခံစားရစေမှာ အမှန်ပါပဲ

ယခုနှစ်မှာထွက်မဲ့ iPhone 12 မော်ဒယ်လေးခုစလုံးမှာ OLED မျက်နှာပြင်များနှင့် 5G Network ပါဝင်မည်ဟုမျှော်လင့်ရပြီး နောက်ဆုံးသတင်းများအရ iPhone 12 Pro Max တစ်ခုထဲမှာတာ 5G Network ကိုထည့်သွင်းပေးမည်ဟု သိထားရပါတယ်။

iPhone 12 Series တွေကို October လလယ်လောက်မှာ ထုတ်ပြပြီး ရောင်းချသွားမယ်လို့လဲ သိရှိထားပါတယ်။

6 / 100