iOS 13 နဲ့ iPadOS 13 တို့ရဲ့ First Public Beta ထွက်လာပါပြီ

8696

ဒီကနေ့တော့ Apple ဟာ ယူစာများ မျှော်လင့် စောင့်စားနေကြတဲ့ iOS 13 နဲ့ iPadOS 13 တို့ရဲ့ ပထမဆုံးသော Public Beta ကို ထုတ်ပေးလိုက်ပါတယ် macOS Catalina ရဲ့ Public Beta အပါအဝင်ပေါ့လေ

First Public Beta ဖြစ်တဲ့ iOS 13 , iPadOS 13 နဲ့ macOS Catalina တို့ရဲ့ ထွက်ရှိလာတဲ့ Built Numer ဟာ ပြီးခဲ့သည့် တစ်ပါတ်က ထွက်ရှိထားတဲ့ Second Developer Beta က Number နဲ့ အတူတူပဲ ဖြစ်ပါတယ်

ယူစာများအနေဖြင့် Developer Beta ကို မတင်ခဲ့ဘူး Public Beta ကို တင်ဖို့ စောင့်နေခဲ့တာ ဆိုရင်တော့ ….

Public Beta ကို Install လုပ်နည်း

ဟုတ်ကဲ့ … Public Beta ကို Install မလုပ်ခင် အရေးကြီးဆုံး လုပ်ရမှာကတော့ သင်တို့ရဲ့ iPhone , iPad နဲ့ Mac တွေကို Backup လုပ်ထားဖို့ပါပဲ

Step 1: Apple ၏ Beta Program Website သွားပြီး မိမိရဲ့ Apple ID ဖြင့် Sign Up လုပ်လိုက်ပါ

Step 2: Beta Program စာမျက်နှာကို ရောက်ပြီဆိုရင် မိမိအသုံးပြုမည့် Beta Program ကို Select လိုက်ရပါမယ်

အောက်မှာတော့ Beta Profile ကို Download ဆွဲနိုင်မယ့် Link ကို တွေ့ရပါလိမ့်မယ်

iPhone , iPad ဆိုရင် ဒီ Website ကနေသွားပြီး Beta Profile ကို Download ဆွဲပြီး Install လုပ်ပေးရပါမယ်

Beta Profile ကို Install လုပ်ပြီးသွားရင်တော့ သင်တို့ရဲ့ iPhone , iPad or Mac တို့ကို Restart လုပ်ပေးဖို့ လိုပါတယ်

Restart လုပ်ပေးပြီး ပြန်တက်လာတော့မှ WiFi Internet နဲ့  ချိတ်ပြီး Setting >> General >> Software Update ကို ဝင်ပြီး ပေါ်လာတဲ့ First Public Beta ကို Download & Install လုပ်လို့ ရပြီ ဖြစ်ကြောင်းပါခင်ဗျား

ပထမဆုံးသော First Public Beta ဖြစ်တဲ့အတွက် Bugs တွေ Errors တွေ ပါနေသေးကြောင်းကိုတော့ ကြိုတင်ပြီး သတိပေးထားပါရစေ

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် ( iOS Banker Myanmar )

Facebook Comments
1K Shares