iOS 14 ကို Update လုပ်လို့ရပါပြီ

0 Shares

အားလုံးစောင့်မျှော်နေကြတဲ့ iOS 14 နဲ့အတူ iPadOS 14, watchOS 7 နဲ့ tvOS 14 တို့ကို Release လုပ်လိုက်ပြီ ဖြစ်လို့Settings > General > Software Update ထဲကို ဝင်ပြီး အခုပဲ Update လုပ်လိုက်ပါ။

iOS 14 မှာ အရမ်းမိုက်တဲ့ Home Screen Widgets တွေနဲ့အတူ App Library, App Clips, Translate App စတဲ့ Feature အသစ်တွေလည်း အများကြီး ပါဝင်ပါတယ်။ iPhone SE (1st and 2nd generation)iPhone 6s and later, iPod touch (7th generation) တို့မှာ အသုံးပြုနိုင်မှာပါ။

iPadOS 14 မှာလည်း Feature အသစ် ဒီဇိုင်းအသစ်တွေ ပါဝင်သလို Apple Pencil နဲ့ အသုံးပြုရာမှာ အရမ်းအသုံးတည့်စေမယ့် Feature တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ iPad Pro (all models), iPad Air 2 or later, iPad (5th generation or later) iPad mini 4 or later တို့မှာ အသုံးပြုနိုင်ပါတယ်။

watchOS 7 မှာတော့ Sleep Tracking နဲ့ Automatic Handwashing Detection လို Feature အသစ်တွေနဲ့အတူ အမိုက်ဆုံး Watch Face အသစ်တွေလည်း ပါဝင်ပါတယ်။ Apple Watch Series 3 or newer (Paired with iPhone 6s or newer with iOS 14) မှာ အသုံးပြုနိုင်မှာပါ။

tvOS 14 မှာဆိုရင်လည်း Apple TV+, Apple Music, Apple Arcade တို့နဲ့ အကောင်းဆုံး ချိတ်ဆက်အသုံးပြုနိုင်ပြီးEntertainment အတွက် အမိုက်ဆုံး ဖြစ်လာပါပြီ Apple TV 4K နဲ့ Apple TV HD တို့မှာ အသုံးပြုနိုင်ပါတယ်။

ကဲ ဘာကိုစောင့်နေဦးမှာလဲ အခုပဲ အလန်းဆုံး OS အသစ်တွေကို Update လုပ်လိုက်ပါ။ သူငယ်ချင်းတွေလည်းသိအောင် Share ပေးလိုက်ပါဦးနော်  Update လုပ်ပြီးပြီ ဆိုရင်လည်း အမြင်လေးတွေ၊ Screenshot လေးတွေComment ပေးသွားလို့ ရပါတယ်။

mDrive – Apple Authorised Reseller

ရေးသားသူ

Recent Articles

Related Stories