မနေ့က Apple ဘာတွေကြေငြာသွားလဲ

0 Shares

(1) Apple Watch Series 6

(2) Apple Watch SE

(3) iPad 8th generation

(4) iPad Air

(5) Fitness+

(6) Apple One subscription

Apple Watch Series 6

“The future of health is on your wrist.” ဆိုပြီး မိတ်ဆက်လိုက်တဲ့ အမိုက်ဆုံး Apple Watch Series 6 ကို Silver, Space Gray, Gold အပြင် အရောင်အသစ်တွေ အဖြစ် Blue နဲ့ Red Aluminium Case တွေနဲ့ပါ ရရှိနိုင်မှာပါ။

Blood Oxygen Level ကို (၁၅) စက္ကန့်အတွင်း တိုင်းတာပေးနိုင်တဲ့ Sensor အသစ် ပါဝင်လာပြီး Sleep Tracking အတွက်လည်း အကောင်းဆုံး အထောက်အကူပြုပါတယ်။ Blood Oxygen Level က ကိုယ်ခန္ဓာအတွက် အလွန်အရေးပါပြီး နှလုံးနဲ့ အဆုတ် ကျန်းမာရေးအတွက်လည်း အဓိကကျပါတယ်။

မြင်လိုက်တာနဲ့ ကြွေဆင်းသွားစေမယ့် Watch Face အသစ်တွေလည်း ပါဝင်လာပါတယ်။ Typograph, Memoji, Stripes တို့အပြင် Watch Face Combination တွေကိုလည်း အများကြီး ပြုလုပ်နိုင်ပါတယ်။ Developer တွေရဲ့ Watch Face တွေကိုလည်း ရရှိနိုင်တာကြောင့် Sports, Photography, Healthcare စသဖြင့် နယ်ပယ်စုံက User တွေ အတွက်အသင့်တော်ဆုံး Watch Face ကို အသုံးပြုနိုင်ပါပြီ။

မြင်တွေ့နေကျ Watch Bands တွေနဲ့ လုံးဝ မတူတဲ့ Solo Loop အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Buckle တွေ၊သံလိုက်တွေ မပါဘဲ Rubber လက်ကောက်လေး တစ်ခုလို အလွယ်တကူ ဝတ်ဆင်နိုင်မယ့် Single Piece Loop အသစ် ဖြစ်ပါတယ်။ အကြမ်းခံ၊ ရေစိုခံပြီး Size အမျိုးမျိုးနဲ့ ရရှိနိုင်မှာပါ။ Braided Solo Loop ပုံစံနဲ့လည်းထုတ်လုပ်ထားပါတယ်။

Apple Watch SE

ဈေးနှုန်းပိုမိုသက်သာတဲ့ Apple Watch SE အသစ်ကိုလည်း မိတ်ဆက်လိုက်ပါပြီ။ Series 6 လိုမျိုး ကျယ်ပြန့်တဲ့Retina Display ကို အသုံးပြုထားပါတယ်။ S5 chip ကို သုံးထားလို့ Series 3 ထက် () ပိုမို မြန်ဆန်ပါတယ်။ Fall Detection ပါဝင်ပြီး၊ Silver, Space Gray, Gold အရောင် () မျိုးနဲ့ ရရှိနိုင်မှာပါ။

iPad Air 4

ဒီဇိုင်းအသစ်နဲ့ iPad Air 4 က လက်ရှိ iPad Pro 11” နဲ့ ဆင်ပြီး၊ Silver နဲ့ Space Gray အပြင် Rose Gold, Green, Sky Blue အရောင်အသစ်တွေနဲ့ ရရှိနိုင်မှာပါ။

iPad Pro လိုမျိုး Edge-to-edge Display ပါဝင်ပြီး၊ မျက်နှာပြင်အကျယ် 10.9” ရှိပါတယ်။ ထူးခြားချက်ကတော့အရမ်းမြန်တဲ့ Touch ID ကို Lock Button မှာ ထည့်သွင်းပေးထားတာပါ။

A14 Bionic Chip အသစ်ကို အသုံးပြုထားပြီး၊ အဆင့်မြင့် 5-nanometer Technology နဲ့ ဖန်တီးထားတဲ့ ပထမဆုံးChip လည်း ဖြစ်ပါတယ်။ အရင်ထက် 40% ပိုမို မြန်ဆန်တဲ့ Performance, 30% ပိုမြန်တဲ့ Graphics နဲ့အတူ () အထိ ပိုကောင်းတဲ့ Machine Learning Performance ကိုလည်း ရရှိနိုင်ပါတယ်။

USB-C Port ကို ထည့်သွင်းထားပြီး 5 Gbps အမြန်နှုန်းအထိ ရရှိနိုင်ပါတယ်။ ဒါဟာ အရင်ထက် (၁၀) ပိုမြန်တဲ့Data Transfer Speed ဖြစ်ပြီး 4K External Monitor တွေ အထိ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

iPad Pro အတိုင်း 12 MP Camera ပါဝင်ပြီး ပိုမိုကောင်းမွန်တဲ့ Speaker တွေက Stereo အသံစနစ်ကို ရရှိစေပါတယ်။Apple Pencil 2 နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး အမိုက်ဆုံးကတော့ Float ဖြစ်နေတဲ့ Magic Keyboard နဲ့ပါ အသုံးပြုနိုင်တာပါ။

သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့ အနေနဲ့ iPad Air 4 ရဲ့ Body ကို 100% Recycled Aluminium နဲ့ပြုလုပ်ထားပါတယ်။

iPad 8

စတင်မိတ်ဆက်ခဲ့တာ (၁၀) နှစ်ပြည့်သွားပြီ ဖြစ်တဲ့ iPad က အကောင်းဆုံး Performance တွေနဲ့ ရောက်ရှိလာပါပြီ။A12 Bionic Chip ကို အသုံးပြုထားလို့ 40% ပိုမြန်တဲ့ Performance နဲ့ နှစ်ဆ ပိုမြန်တဲ့ Graphics ကို ရရှိမှာပါ။

ထိပ်တန်း Android Tablet တွေထက် () ဆအထိ ပိုမြန်ပြီး၊ Chromebook ထက် () ဆအထိ ပိုမို မြန်ဆန်တယ်လို့ကြေညာသွားခဲ့ပါတယ်။  Machine Learning ကို အထောက်အကူပြုဖို့ Neural Engine လည်း ပါဝင်ပါတယ်။

Apple Fitness+

Apple Watch ကို Fitness အတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Apple Fitness+ ဆိုတဲ့ Service အသစ်ကိုလည်းမိတ်ဆက်လိုက်ပါတယ်။ Workouts တွေကို တကယ့် Professional Trainer တွေရဲ့ Video တွေကတစ်ဆင့် အတူတကွလုပ်ဆောင်နိုင်မှာပါ။

Yoga, Cycling, Dance, Strength, Rowing စတဲ့ Workout တွေ ပါဝင်တဲ့အပြင် Mindfulness ကိုတောင် Trainer တွေနဲ့အတူ လေ့ကျင့်နိုင်မှာပါ။ Apple ရဲ့ Fitness Trainer Team ကလည်း အပတ်စဉ် လေ့ကျင့်ခန်းအသစ်တွေ ဖန်တီးပေးသွားမှာပါ။

Apple Fitness+ ကို $9.99/month (သို့မဟုတ်) $79.99/year နဲ့ အသုံးပြုနိုင်မှာပါ။ လက်ရှိ Apple Watch User တွေက() အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ Apple Watch အသစ် ဝယ်ယူမယ် ဆိုရင်တော့ () အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။

Apple One

iCloud, Apple Music, Apple TV+, Apple Arcade, Apple News+, Apple Fitness+ ဒါတွေ အားလုံးကို အရမ်းတန်တဲ့ဈေးနှုန်းနဲ့ တစ်စုတစ်စည်းတည်း Subscribe လုပ်နိုင်မယ့် Apple One လို့ ခေါ်တဲ့ Service Bundle ကိုလည်း မိတ်ဆက်လိုက်ပါတယ်။

Apple One ကို Individual, Family, Premier ဆိုတဲ့ Package () မျိုးနဲ့ ဝယ်ယူအသုံးပြုနိုင်ပြီး၊ Apple User အားလုံးကိုလည်း () အခမဲ့ အသုံးပြုခွင့်ပေးသွားမှာပါ။

အားလုံးစောင့်မျှော်နေကြတဲ့ iOS 14, iPadOS 14, watchOS 7 နဲ့ tvOS 14 တို့ကိုလည်း စက်တင်ဘာ (၁၆) ရက်နေ့မှာစတင် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

ဒီလောက်ဆိုရင်တော့ Apple Event မှာ ဘာတွေမိတ်ဆက်သွားလဲ ဆိုတာ အစုံအလင် သိရှိသွားလောက်ပါပြီ။Product အသစ်တွေကို ကြွေနေပြီ ဆိုရင် Comment မှာ အမြင်လေးတွေ ရေးပေးသွားပါဦး ဒီ Post လေးကိုလည်းဘော်ဒါတွေအတွက် Share ပေးလိုက်ဦးနော်!

mDrive – Apple Authorised Reseller

ရေးသားသူ

Recent Articles

Related Stories