iPhone is disabled ဖြေရှင်းနည်း

0 Shares

Passcode မေ့သွားခဲ့ရင်၊ ဒါမှမဟုတ် ဒီလိုမျိုး disabled ဖြစ်နေပြီဆိုတဲ့ စာတန်းပေါ်နေပြီဆိုရင် အောက်မှာ ပြထားတဲ့ နည်းလမ်းအတိုင်း လုပ်သွားရပါမယ်။

iOS Device ပေါ်မှာ Passcode မှားပြီး ရိုက်နှိပ်ခြင်း ( ၆ ) ကြိမ် ပြည့်သွားပြီဆိုရင် ပုံထဲကအတိုင်း disabled စာတန်း ပေါ်လာပြီး ဘာမှ လုပ်လို့ မရတော့ဘူး ဖြစ်သွားပါမယ်။

မေ့နေတဲ့ Passcode ကို ကျော်ဖို့အတွက် iOS Devices ကို Erase all ( အကုန်ဖျက် ) လုပ်ဖို့ လိုပါတယ်။

ဒါဆို မေ့သွားတဲ့ Passcode ကို remove ပြီး ၊ iOS Devices ကို Erase လုပ်ဖို့အတွက် စကြရပါမယ်။

နည်းလမ်း ( ၁ ) ။ ။ Backup လုပ်ပြီး Restoring လုပ်ခြင်းဖြင့် Passcode ကို ဖယ်ရှားနည်း …

( 1 ) iOS Devices ကို ကွန်ပျူတာနဲ့ ချိတ်ပါ။ iTunes ကို ဖွင့်လိုက်ပါ။

( 2 ) iTunes နဲ့ iOS Devices ကို Backup လုပ်ပါ။ လုပ်ပြီးသွားရင် Computer နဲ့ ချိတ်ဆက်ထားတဲ့ Cable ကို ဖြုတ်ပါ။ iTunes ကိုလည်း Close လိုက်ပါ။

( 3 ) iPhone , iPad ကို Cable အသုံးပြုပြီး Computer နဲ့ ပြန်ချိတ်ဆက်ပါ။ iTunes ကို ဖွင့်ပါ။

( 4 ) Restore iPhone ကို နှိပ်လိုက်ပါ။

( 5 ) Pop up လေး ပေါ်လာရင် Restore ကို ထပ်နှိပ်ပါ။

*** ဒီလိုအဆင့်တွေကို လုပ်လို့ မရဘူး။ iOS Devices နဲ့ ချိတ်ပြီး Restore ကို နှိပ်တာနဲ့ Passcode တောင်းနေတယ်ဆိုရင် အခြားကွန်ပျူတာ တစ်လုံးနဲ့ ချိတ်ကြည့်ပါ။ လုပ်ကြည့်ပါ။ ***

( ဒါမှမဟုတ်တော့ Recovery Mode နဲ့ Restore ပြန်လုပ်မှသာ ရရှိပါမယ်။ )

နည်းလမ်း ( ၂ ) ။ ။ Passcode ကို Recovery Mode ဖြင့် ဖယ်ရှားနည်း …

iTunes နဲ့ ချိတ်ပြီး တစ်ခါမှ Synced ( Backup ) မလုပ်ခဲ့ဖူးဘူး ဆိုရင်တော့ Recovery Mode ကို အသုံးပြုပြီး Restore ပြန်လုပ်ဖို့ လိုပါမယ်။ ဒီနည်းဟာ iOS Devices ကို Erase ဖြစ်စေရုံသာမက Passcode ကိုလည်း Remove ပြီး ဖြစ်စေပါတယ်။

( 1 ) iOS Devices ကို ကွန်ပျူတာနဲ့ ချိတ်ပါ။ iTunes ကို ဖွင့်လိုက်ပါ။

( 2 ) iOS Devices နဲ့ ကွန်ပျူတာ ချိတ်ဆက်ပြီးတဲ့အချိန်မှာ Devices ကို Force Restart ချပေးပါ။

( 3 ) iPhone 8, iPhone 8 Plus, iPhone X, iPhone XS, iPhone XS Max, iPhone XR, iPhone 11, iPhone 11 Pro & iPhone 11 Pro Max

– Volume Up ကို မြန်မြန် တစ်ချက် နှိပ်။
– Volume Down ကို မြန်မြန် တစ်ချက် နှိပ်။

အပေါ် ( ၂ ) ခု နှိပ်ပြီးတာနဲ့ Side Button ( Power Button ) ကို နှိပ်ထားပါ။ Recovery Mode Screen ဖြစ်တဲ့ iTunes ကြိုးတန်းလေးနဲ့ ပုံကို မြင်ရမှ လွှတ်လိုက်ပါ။

iPhone 7 and iPhone 7 Plus

Volume Down နဲ့ Side Button ( Power Button ) ကို တပြိုင်ထဲ နှိပ်ထားပါ။ Recovery Mode Screen ဖြစ်တဲ့ iTunes ကြိုးတန်းလေးနဲ့ ပုံကို မြင်ရမှ လွှတ်လိုက်ပါ။

Earlier iPhone Models and iPhone 6S , iPhone 6S Plus

Home Button နဲ့ Side Button ( Power Button ) တို့ကို တပြိုင်ထဲ နှိပ်ထားပါ။ Recovery Mode Screen ဖြစ်တဲ့ iTunes ကြိုးတန်းလေးနဲ့ ပုံကို မြင်ရမှ လွှတ်လိုက်ပါ။

( 4 ) Restore or Update ဆိုတဲ့ Option ကို တွေ့ရင် Restore ကို နှိပ်လိုက်ပါ။

( 5 ) iTunes က iOS Devices အတွက် သင့်လျှော်မယ့် iOS Software ( Latest iOS Version ) ကို Download ဆွဲပေးပြီး install လုပ်ပေးသွားပါလိမ့်မယ်။

( 6 ) Install လုပ်တဲ့ Process ပြီးသွားပြီ ဆိုရင်တော့ iOS Devices ကို Set up လုပ်ပြီး ပြန်အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

*** ဒီနည်းလမ်းကို လုပ်ဖို့အတွက် ကွန်ပျူတာကို internet connections ချိတ်ဆက်ပေးထားဖို့ လိုအပ်ပါတယ်။ ***

Recovery Mode ဖြင့် Update or Restore ပြုလုပ်လို့ မရဘူးဆိုရင် …

– iOS Devices နဲ့ ကွန်ပျူတာကို ချိတ်ဆက်ထားသည့် Cable ကို စစ်ဆေးပါ။ ( လဲလှယ်ပြီး တပ်ကြည့်ပါ။ )
– Internet Connections ကောင်း မကောင်း စစ်ကြည့်ပါ။
– Latest iTunes Software ကို install လုပ်ပါ။
– ကွန်ပျူတာကို Restart ချပြီးမှ ပြန်လုပ်ကြည့်ပါ။
– အခြား ကွန်ပျူတာ တစ်လုံးနဲ့ ပြန်လုပ်ကြည့်ပါ။

နည်းလမ်း ( ၃ ) ။ ။ iPhone is disabled ( Passcode ကို မေ့သွားခြင်း ) ကို Find iPhone App ဖြင့် ဖယ်ရှားနည်း …

iPhone is disabled or iPhone Passcode မေ့သွားခြင်းကို Computer ( iTunes Software ဖြင့် ) အသုံးပြုပြီး ဖြေရှင်းနည်း ( ၂ ) မျိုးကို တင်ပြပေးပြီး ဖြစ်ပါတယ်။ ဒီတစ်ခါတော့ Computer လဲ မလို၊ iTunes Software ကိုလဲ အသုံးမပြုပဲ Find my iPhone App ( Find iPhone App ) ဖြင့် ဖြေရှင်းနည်းကို တင်ပြပေးပါမယ်။

iPhone is disabled လို့ ဆိုထားပေမယ့် iPad, iPod Touch တို့မှာ အလားတူ ပြဿနာမျိုး ကြုံတွေ့နေရင်လည်း ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပေးလို့ ရပါမယ်။

သေသေချာချာ သိထားရမှာက Find my iPhone App ဖြင့် ဖြေရှင်းနည်းဟာ iCloud ID ( Apple ID ) ကို Sign in လုပ်ထားပြီး၊ Find my iPhone ကိုလည်း On ပေးထားပြီးသား ဖြစ်ဖို့ လိုကို လိုအပ်ပါတယ်။

အခြားသော iPhone, iPad တွေပေါ်မှာရှိတဲ့ Find iPhone App ထဲကို ဝင်ပြီး disabled ဖြစ်စေခဲ့တဲ့ မိမိမေ့သွားခဲ့တဲ့ Passcode ကို ကျော်ဖို့အတွက် iOS Devices ကို Erase လုပ်ရပါမယ်။

( *** iOS Devices ပျောက်ဆုံး ခိုးယူခြင်း ခံခဲ့ရတဲ့သူတွေကတော့ ဒီနည်းလမ်းကို မသုံးသင့်ပါ။ ကောက်ရသူ ခိုးယူတဲ့သူကို အကျိုးရှိသွားစေမှာ ဖြစ်လို့ပါပဲ။ *** )

ဒီနည်းလမ်းဟာ iPhone ကို Passcode Unlock ဖြစ်စေမှာ ဖြစ်သလို ဖုန်းအတွင်းရှိ မိမိရဲ့ Data တွေ အကုန်လုံးကိုလည်း တစ်ခုမကျန် ဖျက်ပစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအတွက် Affect မရှိဘူးဆိုတာ သေချာမှ လုပ်စေချင်ပါတယ်။

( 1 ) အခြားသော iPhone or iPad တွေပေါ်က Find iPhone App ကို ဖွင့်လိုက်ပါ။

( 2 ) ဒီလိုမျိုး အဆင်သင့်ဆိုရင်တော့ မိမိရဲ့ Apple ID ( iCloud ID ) ကို Sign in လုပ်ပေးလိုက်ရုံပါပဲ။

( 3 ) Disabled ဖြစ်နေတဲ့ မိမိရဲ့ iOS Devices ကို ရွေးချယ်ပြီး ဝင်လိုက်ရပါမယ်။

( 4 ) Disabled ဖြစ်နေတဲ့ Device ကို ရောက်ပြီဆိုရင် Actions ကို နှိပ်လိုက်ရပါမယ်။

( 5 ) နောက်ဆုံးမှာတော့ disabled ကို ဖြေရှင်းပေးပြီး မေ့နေတဲ့ Passcode ကိုပါ Remove ပေးမယ့် Erase iPhone ကို တွေ့ပါပြီ။ သူ့ကို နှိပ်လိုက်ပါ။

( 6 ) စာတန်းအနီရောင်နဲ့ ရေးထားတဲ့ Erase iPhone … ဆိုတဲ့ စာတန်းလေးကို ဆက်ပြီး နှိပ်ပေးလိုက်ရင်တော့ …

iPhone is disabled ဖြစ်နေတဲ့ မိမိရဲ့ iOS Devices ကို New Start up မှ စတင်စေတော့မှာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်

iPhone is disabled ဆိုတဲ့ ပြဿနာဟာ iOS Devices တွေရဲ့ Passcode ကို မိမိမေ့သွားခြင်း၊ မမှတ်မိတော့ခြင်းတို့မှ စတင်မြစ်ဖျားခံလာတာပဲ ဖြစ်ပါတယ်။ မမှတ်မိတော့တဲ့ Passcode ကို အကြိမ်ကြိမ် အခါခါ ရိုက်နှိပ်ခြင်းပြုရာမှတဆင့် disabled ဖြစ်ခြင်းသို့ ရောက်ရှိသွားရခြင်းပဲ ဖြစ်ပါတယ်။

– Backup လုပ်ပြီး Restoring လုပ်ခြင်းဖြင့် Passcode ကို ဖယ်ရှားနည်း
– Passcode ကို Recovery Mode ဖြင့် ဖယ်ရှားနည်း
– ယခု တင်ပြတဲ့ iPhone is disabled ( Passcode ကို မေ့သွားခြင်း ) ကို Find iPhone App ဖြင့် ဖယ်ရှားနည်းတို့ အကုန်လုံးဟာ မိမိတို့ iOS Devices မှာ Sign in လုပ်ထားတဲ့ Apple ID ( iCloud ID ) နဲ့ Password ကို သိထားမှ ရပါမယ်။

တင်ပြခဲ့တဲ့ နည်းလမ်း ( ၃ ) ခုနဲ့ iPhone is disabled ဖြစ်ခြင်းမှ လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ရပါတယ်။

Ref : Jitender Singh

Ref : support.apple.com

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ။

ဇာနည်  iOS Banker Myanmar

ရေးသားသူ

Recent Articles

Related Stories