iPhone 12 Series တွေမှာ 120 HZ Display ပါဝင်မည်မဟုတ်

1K Shares

ယခုချိန်အထိ iPhone 12 Series တွေမှာ 120 HZ Display နှင့်ပတ်သက်သည့် ကောလာဟာလသတင်းတွေ ထွက်နေဆဲပါ ။သို့သော် High refresh rate Display ကို စောင့်မျှော်နေသူအားလုံးအတွက် Industry Insider Ross Young မှစိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကို ပြောကြားလိုက်ပါတယ် ၎င်းသည်မကြာသေးမီက ထွက်ရှိထားတယ့်ခန့်မှန်းချက်များအရ Apple ထုတ်ကုန်များ နှင့် ပတ်သက်၍ ပြောကြားထားတာဖြစ်ပါတယ် အဲ့ဒါကတော့ iPhone 12 Series တွေမှာ 120HZ Display ပါဝင်မှာ မဟုတ်ကြောင်း ပြောထားတာပါ။

သူရဲ့ အဆိုအရ Display ထောက်ပံ့သူများဘက်က 120Hz OLED panel များသည်လုံခြုံပြီးထုတ်လုပ်ရန်အဆင်သင့်ရှိသည်ဟုပြောကြားထားသော်လဲ Apple သည် Pixel ကို 120Hz နှုန်းဖြင့်မောင်းနှင်ရန် driver ICs ကိုရှာမရသေးတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ICs ကို မစောင့်ဆိုင်းတော့ပဲ 60 HZ ဖြင့်သာ ထုတ်လုပ်တော့မှာဖြစ်ပါတယ်

120 HZ Display မပါဝင်နိုင်တာကြောင့် အချို့သော Apple ပရိသတ်များအားအကြီးအကျယ်စိတ်ပျက်စေနိုင်ပြီးအချို့သော User များဟာ 120 HZ ပါဝင်တယ့် Android ဘက်ကို ပြောင်းလဲ အသုံးပြုရန်စဉ်းစားနေကြပီဖြစ်ပါတယ်။ အချို့သော flagship Phone တွေမှာ 144 HZ Display အထိပင်ရောက်ရှိနေပြီဖြစ်ပါတယ်။

iPhone 12 Series တွေမှာ high-refresh-rate display မပါသော်လည်း အခြားအဆင့်မြင့်သော hardware များကိုထည့်သွင်းပေးလာမည်ဖြစ်ပြီး ထိုအထဲကမှ Apple ၏အသစ်စက်စက် 5nm chipset နှင့် 5G Network တို့ ပါဝင်လာမှာဖြစ်ပါတယ်။

ရေးသားသူ

Recent Articles

Related Stories