iPhone ကို စွမ်းအင်ချွေတာနိုင်အောင် ဘယ်လို ပြုလုပ်ထားလဲ

858 Shares

ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေကြတဲ့ Apple Product တွေ အားလုံးကို စွမ်းအင်ချွေတာပြီး၊ ရေရှည် အသုံးပြုနိုင်အောင် စနစ်တကျ စီမံ ထုတ်လုပ်ထားပါတယ်။

ကြာရှည် အသုံးခံခြင်း

Device တွေကို Performance ကောင်းအောင် လုပ်ဆောင်တဲ့အခါ စွမ်းအင်အသုံးပြုမှု မများလာအောင်လည်းဂရုတစိုက် ပြုလုပ်ရပါတယ်။ ဒါမှသာ ကြာရှည်အသုံးခံပြီး စွမ်းအပ်ချွေတာနိုင်မှာ ဖြစ်ပါတယ်။

Apple Product တွေရဲ့ စွမ်းအင်အသုံးပြုမှုကို ၂၀၀၈ ခုနှစ်ကထက် ၇၀% အထိ လျှော့ချနိုင်ခဲ့ပါတယ်။ iPhone 11 မှာဆိုရင် Battery Charging ကို Optimize ပြုလုပ်နိုင်တဲ့ နည်းပညာတွေနဲ့ အတူ Battery Ageing ရဲ့ သက်ရောက်မှုတွေကိုလည်း လျှော့ချပေးပါတယ်။

Apple Service များ အသုံးပြုခြင်း

iPhone တွေမှာ Apple Service တွေကို အသုံးပြုတဲ့အခါ နေရောင်ခြည်စွမ်းအင် ကဲ့သို့ Renewable Energy နဲ့လည်ပတ်တဲ့ Data Center တွေကိုသာ ချိတ်ဆက် အသုံးပြုတာ ဖြစ်ပါတယ်။

ဒါကြောင့် Apple Maps မှာ နေရာတွေ ရှာဖွေတဲ့အခါ၊ Siri ကို Weather မေးတဲ့အခါ၊ iMessage မှာ လေး ပို့တဲ့အခါတိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်ကြောင်း ပြနေသလိုပါပဲ။ တစ်ကမ္ဘာလုံးက iPhone တွေ အားလုံးကလည်း အခုလို Energy Efficient ဖြစ်တဲ့ နည်းလမ်းတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

ရေရှည် အသုံးပြုနိုင်ခြင်း

iPhone တွေကို နှစ်တွေ အကြာကြီး အသုံးပြုနိုင်တယ် ဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ iPhone 11 မှာ ပါဝင်တဲ့ အဆင့်မြင့် Water Resistance ဟာ ကော်ဖီ၊ ဖျော်ရည်နဲ့ အအေးတွေ ဖိတ်ကျရင်တောင် ခံနိုင်ရည် ရှိပါတယ်။အရှေ့နဲ့ အနောက်က Glass တွေဟာလည်း ဖုန်းတွေထဲမှာ အကြမ်းခံနိုင်ဆုံး ဖြစ်ပါတယ်။

မတော်တဆ ထိခိုက်မိလို့ ပြုပြင်ဖို့ လိုအပ်ရင်လည်း ကမ္ဘာအနှံ့က Apple အသိအမှတ်ပြု Repair Location (,၀၀၀) ကျော်မှာ စနစ်တကျ ပြုပြင်နိုင်တဲ့အတွက် ရေရှည်ဆက်ပြီး အသုံးပြုနိုင်မှာပါ။ iPhone တွေ ကြာကြာ အသုံးခံလေ၊သဘာဝပတ်ဝန်းကျင်အတွက် ကောင်းလေပါပဲ။

ဒါကတော့ Life of iPhone ထဲက အသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ အပိုင်း ဖြစ်ပါတယ်။ အခြား စိတ်ဝင်စားစရာ အချက်တွေလည်း ရှိပါသေးတယ်။ ဗဟုသုတရအောင် ဆက်ပြီး တင်ပေးဦးမှာ ဖြစ်လို့ သူငယ်ချင်းတွေလည်း သိအောင်Share ပေးလိုက်ပါဦးနော်။

mDrive – Apple Authorised Reseller

ရေးသားသူ

Recent Articles

Related Stories