Series 5 ရဲ့ ဝယ်လိုအားကြောင့်၂၀၂၀ ခုနှစ်အတွင်း Smart Watch စျေးကွက်ကို လွမ်းမိုးထားတယ့် Apple

617 Shares

၂၀၂၀ ခုနှစ် နှစ်ဝက်အတွင်း ကမ္ဘာတစ်ဝှမ်းက Smartch Watch ဝယ်လိုအားရဲ့ 51.4 % ကို Apple ရဲ့ Smart Watch များက နေရာယူထားကြောင်း Counterpoint ရဲ့ သုတေသန အစီရင်ခံစာအရ သိရှိရပါတယ်။

Apple သည်စမတ်နာရီဈေးကွက်ကိုနှစ်ပေါင်းများစွာလွှမ်းမိုးခဲ့ပြီး ၂၀၂၀ ၏ပထမနှစ်ဝက်တွင်လဲ ဆက်လက်ဦးဆောင်နေကာ အခြား Smart Watch များထပ် Apple ၏စမတ်နာရီတင်ပို့ရောင်းချမှုမှအမြတ်အစွန်းများကလဲသာလွန်နေပါတယ်။ Garmin ၏ထုတ်ကုန်များမှ ၀င်ငွေ . ရာခိုင်နှုန်းနှင့် Huawei ရဲ့ထုတ်ကုန်များက .ရာခိုင်နှုန်း ဖြင့်အသီးသီး ရရှိထားကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာစမတ်နာရီတင်ပို့ရောင်းချမှုစုစုပေါင်းသည်တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ရောဂါကူးစက်မှုများကြားမှပင် Apple ၏ကိုယ်ပိုင်တင်ပို့မှုမှာ ၂၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ၂၀၂၀ ၏ပထမနှစ်ဝက်အတွင်းစမတ်နာရီ ၄၂ သန်းနီးပါးတင်ပို့ခဲ့ပါတယ်။

တင်ပို့မှုပမာဏအရ Apple ရဲ့ Series 5 သည် ၂၀၂၀ ပထမနှစ်ဝက်အတွင်းကမ္ဘာတစ်ဝန်းရောင်းအားအကောင်းဆုံးစမတ်နာရီဖြစ်ခဲ့ပြီး ပိုမိုစျေးသက်သာသော ‌ Apple Watch ‌ Series 3 Huawei Watch GT2 နှင့် Galaxy Watch Active 2 တို့သည်နံပါတ် သုံးနှင့်လေးတွင် အသီးသီးရောင်းချရခဲ့ပါတယ်။

Smart Watch စျေးကွက်ကို အခြားသောနာမည်ရ တရုတ်ကုမ္မဏီများကလဲဝင်ရောက်လာပြီဖြစ်တာကြောင့် Apple ရဲ့ Smart Watch စျေးကွက်ကို မထိခိုက်စေရန် နည်းပညာ အဆင့်မြင့်မှုများ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများအရ Apple ရဲ့ Watch Series 6 မှာ သွေးတွင်းအောက်စီဂျင် တိုင်းတာပေးမယ့် စနစ်ကိုထည့်သွင်းလာမယ်လို့ကြားသိရပါတယ်။

MacRumors

ရေးသားသူ

Recent Articles

Related Stories