05/25/2020

iPhone XR ထက်ပိုကောင်းတဲ့ Software ကို လုံးလုံးလျားလျား အခြေခံထားသော Portrait Mode ပါဝင်သည့် 2020 iPhone SE

2K Shares

2020 iPhone SE ကို $399 နဲ့ မိတ်ဆက်လာပြီးတဲ့အခါမှာတော့ ( ) နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ iPhone XR ထက် ဈေးလည်း သက်သာသလို Processor ပိုင်းမှာလည်း ပိုပြီးမြန်လာပါတယ်။ iPhone XR ဖြင့် Camera Hardware Specs တွေ တူညီသော်လည်း 2020 iPhone SE ပုံရိပ်ဖမ်းယူနိုင်မှုအပိုင်းမှာတော့ အထူးသဖြင့် Portraits မှာပေါ့ လျှို့ဝှက်ချက်လေးအချို့ရှိနေပါတယ်။

iPhone SE 2020 နဲ့ iPhone XR နှစ်မျိုးစလုံးမှာ 12MP Rear Facing Single ကင်မရာဖြစ်တဲ့ F1.8 Aperture နှင့် OIS တို့ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ပုံတွေကို ဖမ်းယူတဲ့အခါမှာတော့ ယခင်ကထက် Color နဲ့ Wider Dynamic Range တို့ ပိုကောင်းလာပါတယ်။ အထူးသဖြင့် iPhone SE 2020 မှာ Portrait Images တွေကို ရိုက်ယူတဲ့အခါမှာတော့ Depth-of-field Effect တွေဟာ အများကြီး ပိုကောင်းလာပါတယ်။ ဒါဟာ A13 Bionic Chipset နှင့် Newer ISP ( Image Signal Processor )တို့ကြောင့်ပါပဲ။

iPhone XR တွင် Depth Information များကို ဖမ်းယူရန် 12MP ကင်မရာ Sensor dual-pixel autofocus စနစ် ( သို့မဟုတ်Apple အခေါ် Focus Pixels ) မှ အချက်အလက်များကို အသုံးပြုပါတယ်။ သို့သော် ဒုတိယမျိုးဆက်ဖြစ်သည့် 2020 iPhone SE တွင် Depth Data များကို ပြန်လည်ဖော်ထုတ်ရန် ဆော့ဖ်ဝဲလ်အခြေခံသည့် စနစ်ကို အသုံးပြုထားတာ တွေ့ရပါတယ်။

ဘယ်ဖက်ပုံက iPhone XR၊ ညာဖက်ပုံက 2020 iPhone SE

2020 iPhone SE မှာ အသုံးပြုထားသည့် နည်းပညာကို ” Single Image Monocular Depth Estimation ” လို့ ခေါ်ပါတယ်။A13 Bionic ISP နှင့် Neural Engine တို့ကြောင့် ဒီနည်းပညာကို အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ Halide မှ Developer များက 2020 iPhone SE သည် အခြားဓာတ်ပုံများကို ပုံရိပ်အဖြစ်ရိုက်နိုင်ပြီး Depth Data များကို ခန့်မှန်းခြင်းဖြင့် ပုံတူများအဖြစ် ပြောင်းလဲနိုင်သည်ကို တွေ့ရှိခဲ့ရပါတယ်။ ၎င်းကို ဥပမာတစ်ခုအနေဖြင့် iPhone SE သည် နှစ် ( ၅၀ ) သက်တမ်းရှိဆလိုက်ရုပ်ရှင် ( Slide Film ) ကို ပုံတူဓာတ်ပုံတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်ကို Halide Blog တွင် ပြသထားပါတယ်။Apple သည် 2020 iPhone SE Stock Camera App တွင် Portrait Images ကို လူများကိုသာ ရိုက်ယူခွင့်ပြုထားပါတယ်။ဘာကြောင့်လည်းဆိုတော့ A13 Bionic Chipset သည် လူများ၏ Depth Map Estimate ကို ဖန်တီးနိုင်သော်လည်း အခြားအိမ်မွေးတိရစ္ဆာန်များနှင့် အရာဝတ္ထုများအပေါ်တွင် ထိရောက်မှုမရှိသောကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Depth Map ဟာ Third Party App များပေါ်တွင်တော့ လူမဟုတ်သည့် အရာဝတ္ထုများကို Access လုပ်ခွင့်ပြုထားပါတယ်။

2020 iPhone SE Single Camera စနစ်ကို Apple က တကယ်ပါဝါဖူးဖြစ်တဲ့ Hardware နဲ့ Software ပေါင်းစပ်ထားတာကိုရှင်းရှင်းလင်းလင်း သိလောက်ပါပြီ။ ဒါကတော့ ( ) နှစ်သားရှိနေပြီဖြစ်တဲ့ Camera Sensor ကို A13 Bionic Chipset ISP နဲ့ AI တို့ကို အကောင်းဆုံး အသုံးပြုလာမှုရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

Ref : Halide Blog

ဇာနည် ( iOS Banker Myanmar )

12 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။