05/25/2020

iPhone 11 Series မှာပါတဲ့ IP68 Water-Resistant Rating ဆိုတာက ဘာလဲ ?

2K Shares

iPhone XS နှင့် iPhone X မှာတုန်းက ပါခဲ့တဲ့ Dust and Water-Resistant လိုပဲ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့မှာလည်း အဆိုပါ Feature ပါလာပါတယ်။ တိတိကျကျ ပြောရရင်တော့ iPhone XS မှာ ပါခဲ့တဲ့ IP68 Rating ကို iPhone 11 Pro Series မှာလည်း ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် iPhone 11 Pro Water-Resistant ဟာ Apple ရဲ့ အရင်က ထွက်ခဲ့သည့်iPhone အားလုံးမှာ ပါခဲ့တဲ့ Water-Resistant တွေထက် ပိုမိုကောင်းမွန်လာပါတယ်။

iPhone 11 Pro IP Rating ဘယ်လောက် တိုးတက်လာသလဲဆိုတာကို မပြောခင် အဲဒီ IP Rating ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို သိဖို့လိုပါမယ်။ IP68 မှ IP ဆိုတာက Ingress Protection ( ဝင်ရောက်မှုတွေကို ကာကွယ်ခြင်း ) ပါ။ နောက်က 68 ကတော့ Protection Level ( ကာကွယ်မှုအဆင့် ) ဖြစ်ပါတယ်။ ဒီ IP68 ဟာ Consumer Device တွေထဲမှာတော့ အမြင့်ဆုံး Certification Level ပဲ ဖြစ်ပါတယ်။

ဒီအထဲက 6 ဟာ Dust ( ဖုန်မှုန့် ) ကာကွယ်မှုအတွက် အဆင့်သတ်မှတ်ချက်ဖြစ်ပြီး၊ 8 ကတော့ Liquid ( အရည် ) ကာကွယ်မှုအတွက် သတ်မှတ်ချက်အဆင့်ပဲ ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ Highest Level တွေချည်း ဖြစ်ကြပြီးတော့ iPhone 11 Pro ဟာ Consumer Device တွေထဲမှာတော့ Dust and Water-Resistance အကောင်းဆုံးဆိုတဲ့အထဲမှာ ပါဝင်နေပါတယ်။ ဟုတ်ပါတယ် … Water-Resistant ဟာ Waterproof ( ရေစိမ်ခံ ) မဟုတ်ပါဘူး။ ဒီနှစ်ခုကို အတော်များများက ရောထွေးနေတတ်ကြပါတယ်။ ရေစိမ်ခံတာ မဟုတ်ပါဘူး။ ရေအစိုခံတာပါ။

iPhone 11 Pro ရဲ့ IP Certification ဟာ Apple Watch Series 3 – 5 လောက်တောင်မှ မကောင်းပါဘူး။ ဆိုလိုတာကတော့ ဖုန်းကို ရေကူးတဲ့အခါ ယူမသွားသင့်ဘူးပေါ့။ Spec တွေကို ကြည့်ရင်တော့ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ရဲ့ IP68 Rating ကို iPhone XS မှာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း iPhone 11 Pro ရဲ့ Dust and Water-Resistance ဟာiPhone XS ထက်ရော၊ အခြားသော စမတ်ဖုန်းတွေထက်လည်း ပိုမိုကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ iPhone 11 Pro ဟာ ရေအနက် ( ) မီတာမှာ မိနစ် ( ၃၀ ) အထိ မြှုပ်ထားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ရေအနက် ( ) မီတာအထိပဲ မြှုပ်ထားနိုင်တဲ့ iPhone XS နဲ့ အခြားသော စမတ်ဖုန်းတွေထက် သာလွန်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အရေးကြီးတာကတော့ Water-Resistance Rating မြင့်တယ်ဆိုပြီး ဖုန်းကို ရေထဲ ယူမသွားဖို့ပါပဲ။ ရေဖိအား များလာတဲ့အခါ ရေဟာ Seal တွေကို ချိုးဖျက်ပြီး ဖုန်းရဲ့ အတွင်းထဲအထိ ဖုံးလွှမ်းသွားတတ်ပါတယ်။ ဒီလိုမျိုး Water-Resistant တွေတိုးတက်ကောင်းမွန်လာတာမှန်ပေမယ့် Liquid Demage အတွက်တော့ Apple Warranty မှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ကတော့ iPhone 11 Pro သာ Liquid Demage ကြောင့် ထိခိုက်ပျက်စီးခဲ့တာဆို Apple Standard Warranty ဖြစ်တဲ့ Free Replace or Repair တွေ ရရှိမှာ မဟုတ်တော့ပါဘူး။

( Tips : ဒါပေမယ့်လည်း United States နဲ့ Europe မှာ နေထိုင်သူများကတော့ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ရဲ့Warranty ကာလအတွင်း Liquid Demage အတွက် ပြင်ဆင်တာနဲ့ လဲလှယ်မှုတွေကို ရရှိနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

အဲဒါကတော့ AppleCare+ အစီအစဥ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ iPhone တွေကို သူခိုးခိုးခံရခြင်း တစ်ခုထဲကိုမှ ကာကွယ်တာ မဟုတ်ပါဘူး။ Liquid Demage အပါအဝင် မည်သည့် Accidental Demage ကိုမဆို ကာကွယ်မှု ပြုထားနိုင်ပါတယ်။ )

Ref : iPhoneHacks

ဇာနည် ( iOS Banker Myanmar )

14 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။