06/04/2020

iOS to Andriod ကို Photos တွေ Videos တွေ ပို့ကြ ယူကြမယ်

5K Shares

အင်း  ဘာတဲ့။ တစ်ခါလာလဲ Zapya နောက်တစ်ခါလာလည်း Zapya နဲ့။

နေပါဦး။ iOS မှာ Andriod ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး Data တွေ အပို့အယူလုပ်ဖို့က Zapya တစ်မျိုးထဲ ရှိနေတာလား။ ရှိနေလို့လား။

ဟိုးအရင်ကတော့ ထားပါ။ အခုလိုမျိုး 2020 ခုနှစ်ကြီးမှာ Zapya တစ်ခုထဲကိုပဲ အားကိုးနေစရာ၊ မျှော်လင့်နေစရာ မလိုမှ မလိုတာ။ ကျနော် ဒီလိုပြောရတာက ယူစာတွေ မေးနေကြတာကိုပဲ ကြည့်လေ။ Zapya နဲ့ ဘယ်လို ချိတ်ရမလဲ။ Zapya နဲ့ချိတ်မရဘူးဆိုတာနဲ့။ တစ်နေ့တစ်နေ့ ဒါမျိုးအမေးတွေချည်း။

မသိရင်လည်း မှတ်ထား။ ဒီကနေ့ခေတ်မှာ Zapya ရှိဖို့ မလိုဘူး။ ” Xender ရှိဖို့ပဲလိုတာ။

Andriod ပေါ်  iOS ပေါ်  Window ပေါ် အားလုံးပေါ်မှာ အသုံးပြုလို့ရပါတယ်။ Permissions တွေ အများကြီး မတောင်းသလို၊ Ads လို့ခေါ်တဲ့ ကြော်ငြာတွေလည်း မပါပါဘူး။ iOS to Andriod ချိတ်ရာမှာလည်း အလွန့်ကို လွယ်ကူလျှင်မြန်သလို၊Data အပို့အယူ လုပ်ရာမှာလည်း Zapya ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်။ မယုံဘူးလား။ ဒါဆို အခုပဲ စမ်းကြည့်လိုက်လေ။ ဟုတ်လိုက်တာဟယ်ဆိုပြီး ဖြစ်သွားစေရမယ်။

  အရင်ဆုံးတော့ Xender လေးကို iOS အပေါ်မှာရော၊ Andriod ပေါ်မှာရော Install လုပ်ထားပေးဖို့ လိုအပ်ပါမယ်။

Xender ( Download )

https://apps.apple.com/us/app/xender-file-share-share-music/id898129576

Xender လေးကို ဒေါင်းပြီးလို့သွားပြီဆိုရင် Xender App ထဲကို iOS ကနေရော၊ Andriod ကနေရော ဝင်လိုက်ပါ။

Xender App ထဲကို ရောက်ပြီဆိုလျှင် ဒီပုံထဲကလို မြင်တွေ့ရမှာပါ။ ပုံထဲကအတိုင်း Send/Receive Button လေးကို နှိပ်လိုက်ရပါမယ်။ iOS ပေါ်မှာလည်း နှိပ်၊ Andriod ပေါ်ကလည်း နှိပ်ပါ။

  • Andriod ပေါ်ကနေ နှိပ်ရမှာက Send ကိုပါ။ ( Andriod ပေါ်မှာ Send ကို နှိပ်လျှင် QR Code လေး ပေါ်လာပါလိမ့်မယ်။)
  • iOS ပေါ်ကနေတော့ ဘာကိုပဲ နှိပ်နှိပ် ရပါတယ်။

iOS ပေါ်မှာ ဒီလိုပုံလေးပေါ်လာရင် Connect non iOS? ဆိုတဲ့ စာတန်းအဝါလေးကို နှိပ်ရပါမယ်။

  • ပထမဆုံးအကြိမ် Xender ကို အသုံးပြုတာမို့ Scan ဖတ်ရန်အတွက် Camera ကို Access လုပ်ဖို့ ခွင့်တောင်းပါမယ်။OK ကို နှိပ်ရပါမယ်။
  • OK ကို နှိပ်ပြီးတာနဲ့ Andriod ပေါ်က QR Code ကို Scan ပေးလိုက်ရပါမယ်။

  • Andriod ပေါ်က QR Code ကို Scan ပြီးတာနဲ့ Join မလားလို့ မေးပါမယ်။ Join ပေါ့ကွယ်။
  • Join ကို နှိပ်ပြီး ခဏစောင့်။ ချိတ်ဆက်သွားပြီဆိုလျှင် Andriod ပေါ်ကပဲဖြစ်ဖြစ်၊ iOS ပေါ်ကပဲဖြစ်ဖြစ် Photos or Videos တွေကို ပို့လို့လည်းရ ယူလို့လည်း ရပါပြီနော်။

  • Andriod ပေါ်က Photos တွေ၊ Videos တွေ iOS ပေါ်ကို ရောက်သွားပါပြီနော်။ Photos တွေက iOS ရဲ့ Photos App ( Gallery ) ထဲကို တန်းရောက်ပါတယ်။
  • Videos ကိုတော့….

  • ဒီလိုမျိုး Videos ဖိုင်လေးကို ခပ်ကြာကြာလေး ဖိထားလိုက်ရပါမယ်။

  • ဒါမျိုး ပေါ်လာရင်တော့ Open in… လေးကို နှိပ်။

  • Save Video လေးကို နှိပ်လိုက်ရင်တော့ iOS ရဲ့ Photos App ( Gallery ) ထဲကို ရောက်ရှိသွားပါပြီ။

ကဲ ဘယ်လိုလဲ ?

ချိတ်ရတာကလည်း လွယ်ကူသလို ပို့ရ ယူရတာကလည်း မြန်တယ်ဟုတ်။

နောက်ဆို Zapya နဲ့ ချိတ်မရလို့ ချိတ်မရလို့ မေးနေကြတာတွေ့ရင် ဒီပို့စ်လေးကို ပြလိုက်။

Zapya ကြီး နားလိုက်တော့  Xender လေး ရှိတယ်လို့ အချင်းချင်း လက်တို့ပြီး ပြောလိုက်ကြဦးနော်။

ဇာနည် ( iOS Banker Myanmar )

19 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၃၂ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၄၃ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။