06/04/2020

လက်ရှိ Apple ID Region မှ Myanmar Region သို့ချိန်းနည်း

9K Shares

ဒီကနေ့မှာတော့ မင်္ဂလာသတင်းလေးပါပဲ။ Apple အနေဖြင့် သူတို့ရဲ့ Apple ID နဲ့ App Store ပေါ်မှာ Myanmar Region ကိုအသိအမှတ်ပြုပြီး ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုမှ Apple ID အသစ် ပြုလုပ်မယ့်သူတွေအနေဖြင့် ကိစ္စမရှိလှပေမယ့် ယခင်အသုံးပြုလက်စရှိနေတဲ့ Apple ID ကို Myanmar Region သို့ ပြောင်းလဲသုံးစွဲမယ့်သူများအတွက်ကတော့ ဒီပို့စ်လေးက အလွန်အရေးပါပါလိမ့်မယ်။

*** ကိုယ့်မြန်မာနိုင်ငံရဲ့ Region လေးနဲ့ အသုံးပြုချင်သူများအနေဖြင့် အထူးသတိပြုရမှာကတော့ လက်ရှိ အသုံးပြုနေတဲ့Apple ID အကောင့်ထဲမှာ $ လက်ကျန် မရှိမှသာ Myanmar Region သို့မဟုတ် Other Region ကို ချိန်းနိုင်မှာဖြစ်ကြောင်းပါခင်ဗျာ။ ***

မိမိတို့ iPhone/iPad ရဲ့ App Store ထဲကို ဝင်ပါ။ ပုံထဲက မျှားပြထားသည့် Account အိုင်ကွန်ကို နှိပ်ပါ။

Country/Region ကို နှိပ်ပါ။

Change Country or Region ကို နှိပ်ပါ။

( ကျက်သရေရှိလိုက်တာဗျာ )…  Myanmar ကို ရှာပြီး နှိပ်ပါ။

Agree ကို နှိပ်ပါ။

Agree ကိုပဲ နှိပ်ပါ။ ( ပြီးလျှင် အပေါ်က Agree ကိုပဲ ထပ်နှိပ်ပေးပါ။ )

  • Payment Method မှာ None ကို ရွေးပါ။
  • အောက်က Billing Address မှာ Street ကို ဖြည့်ပေးပါ။ ( နောက် Street မှာ မဖြည့်လည်း ရတယ်။ )
  • City မှာ မိမိရဲ့ မြို့နာမည်ကို ရေးပါ။
  • State/Division ကို နှိပ်ပေးပြီး မိမိနေထိုင်ရာ တိုင်းနဲ့ပြည်နယ်ကို Select လုပ်ပေးပါ။
  • Postcode မှာ မိမိနေထိုင်ရာ မြို့/မြို့နယ်ရဲ့ စာပို့ကုတ်ကို ထည့်ပေးပါ။ ( ရန်ကုန်မြို့ရှိ မြို့နယ်တွေရဲ့ Postcodes တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ )
  • Phone မှာတော့ မိမိရဲ့ ဖုန်းနံပါတ်ကို ထည့်ပေးရပါမယ်။ ( Ex:09###### )
  • ဖြည့်ပြီးလျှင် အပေါ်က Next ကို နှိပ်ပါ။

မိမိရဲ့ Apple ID ကို မူလ Region မှ Myanmar Region သို့ ချိန်းပြီးသွားပြီ ဖြစ်ပါတယ်။

ကဲ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေခဲ့ကြတဲ့ App Store ကို Myanmar Region ဖြင့် ဂုဏ်ရှိစွာ အသုံးပြုနိုင်ပါပြီဖြစ်ကြောင်းပါခင်ဗျား။ Other Region ကို ချိန်းချင်သူများလည်း ဒီနည်းနဲ့ပဲ ပြောင်းရမှာ ဖြစ်ပါတယ်။ မှတ်ထားရမှာက Apple ID အကောင့်ထဲမှာ iTunes Gift Cards ငွေကျန် $ တွေ မရှိမှသာ Region ချိန်းနိုင်မှာ ဖြစ်ကြောင်းပါ။

ဇာနည် ( iOS Banker Myanmar )

Post Code ( Yangon ) 

Post Code ( Other State/Division/City ) 

https://myanmars.net/postal-codes.html

19 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၃၂ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၄၃ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။