06/04/2020

The Best iPhone SE (2020) Accessories

2K Shares

အခုဆိုရင် New iPhone SE ကို Pre-Order တင်လို့ရနေပြီ ဖြစ်ပါတယ်။ ခင်များကသာ Second Generation ဖြစ်တဲ့ iPhone SE ကို Pre-Order တင်မယ် ( သို့မဟုတ် ) ဝယ်ယူဖို့ စိတ်ကူးရှိနေတဲ့သူဆိုလျှင်တော့The Best iPhone SE (2020) Accessories “ ဆိုတဲ့ ဒီပို့စ်လေးထဲမှာ အကောင်းဆုံးတွေကို ခင်များရှာဖွေနိုင်ပါတယ်။

1. Cases For iPhone SE 2020

ခင်များအနေနဲ့ ဘေးပတ်လည် အားလုံးကို ကာကွယ်ပြီး စတိုင်လည်းကျတာကို လိုချင်တယ်ဆိုရင်တော့ Caseology Parallax ကို ရွေးသင့်ပါတယ်။

➤ Caseology Parallax ($13.99 [Amazon])

ဘေးပတ်လည်ကို ကာကွယ်ပြီး အရောင်အမျိုးမျိုးနဲ့ ရွေးချယ်လည်းရ၊ Materials Quality ကို အသုံးပြုထားတဲ့ Otterbox Symmetry Slim Case ကို ကြည့်ကြည့်ပါ။

➤ Otterbox Symmetry Slim Case ($16.99 [Amazon])

Basic အနေဖြင့် ဘေးပတ်လည်ကို ကာကွယ်ပေးပြီး Thin and Light ဒီဇိုင်းနဲ့ဖြစ်တဲ့ Spigen Liquid Air လည်း ရှိပါတယ်။

➤ Spigen Liquid Air Armor ($10.99 [Amazon])

ရုတ်တရက်ပြုတ်ကျတာမျိုးတွေကို ကာကွယ်မှုပေးနိုင်မယ့် Dual Layer ဒီဇိုင်းနဲ့ဖြစ်တဲ့ Spigen Neo Hybrid ကလည်းရွေးချယ်စရာ တစ်ခုပါပဲ။

➤ Spigen Neo Hybrid ($13.99 [Amazon])

2. Screen Protector For iPhone SE 2020

Full Coverage နဲ့ Screen တစ်ခုလုံးကို ကာကွယ်ပေးနိုင်တဲ့ Tempered Glass တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Oil-Repellent Coating နည်းပညာကို အသုံးပြုထားတဲ့အတွက် လေခိုတာမျိုးရှိမှာ မဟုတ်ပါဘူး။ လက်ရာလည်း မထင်ပါဘူး။ ခြစ်ရာကိုလည်း ကာကွယ်နိုင်ပါမယ်။ ESR Full Coverage Tempered Glass ပါ။

➤ ESR Full Coverage Tempered Glass Screen Protector ($10.99 [Amazon])

 

3. Wired USB-PD Fast Charger For iPhone SE 2020

iPhone SE ဟာ 18W Fast Charging နဲ့ Compatible ဖြစ်ပါတယ်။ သို့ပေမယ့် အဆိုပါ Fast Charger တော့ ဘူးထဲ တခါထဲပါလာမှာ မဟုတ်ပါဘူး။ ဒီတော့ 18W Charging ကို Support လုပ်တဲ့ Fast Wired Chargers တွေဖြစ်တဲ့ Aukey နဲ့ Choetech တို့ကို ကြည့်ရပါမယ်။ ဒီကောင်တွေနဲ့ဆို ခင်များရဲ့ iPhone SE ကို မိနစ် ( ၃၀ ) အားသွင်းလိုက်ရုံနဲ့ 0% to 50% ကို ရောက်စေမှာပဲ ဖြစ်ပါတယ်။

➤ Choetech 18W USB PD Charger ($13.69 [Amazon])

➤ Aukey 18W USB PD Charger ($14.99 [Amazon])

4. Wireless Charger For iPhone SE 2020

iPhone SE ဟာ iPhone 11 Series နည်းတူ Qi Wireless Charger ကို 7.5W အထိ Support လုပ်ပါတယ်။ Anker PowerWave Pad ဟာ သေးပြီး ဝိုင်းပါတယ်။ နောက်ပြီးသူက 7.5W Qi Power ကို ထုတ်ပေးနိုင်ပါတယ်။

➤ Anker PowerWave Pad ($11.95 [Amazon])

တကယ်လို့ ခင်များအနေနဲ့ Devices ( ) ခုကို တပြိုင်နက် အားသွင်းချင်တယ်ဆိုရင်တော့ ( iPhone SE + AirPods with Wireless Charging Case ) Dual Wireless Charging ပြုလုပ်နိုင်တဲ့ Choetech ရှိပါတယ်။ သူက တပြိုင်နက် Devices ( ) ခုကို 15W အထိ အားသွင်းမှုပေးနိုင်ပါတယ်။

➤ Choetech Dual Wireless Charger ($22.94 [Amazon])

5. Power Bank With USB-PD Fast Charging For iPhone SE 2020

ခရီးသွားရင်း သယ်ဆောင်သွားဖို့အတွက်ဆိုရင်တော့ Power Bank ကောင်းကောင်း တစ်လုံးတော့ လိုပါမယ်။ iPhone SE ကို USB-PD 18W အထိ Charging ပြုလုပ်နိုင်ပြီး USB Type-C ပါတဲ့ UGREEN 10000mAh Power Bank ရှိပါတယ်။ ဒါ့အပြင် 18W Quick Charge 3.0 လည်းပါတဲ့အတွက် USB Type-A Port ဖြင့် Andriod ဖုန်းတစ်လုံးကိုလည်း အားသွင်းနိုင်ပါဦးမယ်။ နောက်ထပ်အရေးကြီးတာကတော့ သူ့မှာ Qi Wireless Charging ပါတာပဲ ဖြစ်ပါတယ်။ ဒီတော့ ခင်များရဲ့ iPhone SE ကို Power Bank အပေါ် တင်ပေးလိုက်တာနဲ့ Wireless အားသွင်းပေးသွားမှာပဲ ဖြစ်ပါတယ်။ ခင်များရဲ့ iPhone SE ကိုအနည်းဆုံး ( ) ကြိမ်အထိ အားသွင်းလို့ ရပါမယ်။

➤ UGREEN 10000mAh Qi Wireless Charging Power Bank With 18W USB PD ($25.99 [Amazon])

6. USB C To Lightning Cable For iPhone SE 2020

ခင်များရဲ့ iPhone ကို Fast-Charge သွင်းချင်တယ်ဆိုရင်တော့ USB Type-C Lightning Cable လိုအပ်ပါမယ်။ ကြည့်ရလည်းကောင်းမွန်ပြီး နိုင်လွန်ဖြင့် ဖွတ်မြီးကျစ်ထားတဲ့ UGREEN Cable ရှိပါမယ်။

➤ UGREEN USB C To Lightning Cable ($12.79 [Amazon])

7. Bluetooth Wireless Earphones For iPhone SE 2020

Second Generation ဖြစ်တဲ့ iPhone SE မှာ 3.5mm Headphone Jack လည်း မပါလာတော့ဘူးဖြစ်တဲ့အတွက် ခင်များအနေနဲ့အမှန်တကယ်ကို Wireless Earphones တွေဖြင့် ချိတ်ဆက် အသုံးပြုဖို့ လိုအပ်လာပါပြီ။ AirPods ဆိုရင်တော့ ဘာပြဿနာမှ မရှိပါဘူး။ Apple Ecosystem တွေဖြစ်တဲ့အတွက် Audio Quality တွေ, Active Noise Cancellation တွေကတော့ ပြောပြဖို့ မလိုလောက်အောင် ကောင်းမွန်ပြီးသား ဖြစ်ပါတယ်။

➤ Apple AirPods with Charging Case ($139 [Amazon])

➤ Apple AirPods Pro with Wireless Charging Case ($235 [Amazon])

ခင်များအနေနဲ့ သိပ်အများကြီး အကုန်မခံချင်ဘူးဆိုရင်တော့ AirPods ရဲ့ ဈေးတစ်ဝက်ပဲရှိတဲ့ Anker Soundcore Life P2 ရှိပါမယ်။ ဒါပေမယ့် သူ့ရဲ့ Audio Quality နဲ့ Battery Life တွေကတော့ အံ့အားသင့်ဖွယ်ရာပါပဲ။ Fast Charging အတွက်USB Type-C Port ပါဝင်သလို Water Resistance အတွက်လည်း IPX7 Rating ပါပါတယ်။

➤ Anker Soundcore Life P2 ($59.99 [Amazon])

သိပ်ကောင်းတဲ့ Music Quality နဲ့ Design လည်း လှတဲ့ Anker Soundcore Liberty Air 2 ရှိပါဦးမယ်။ Earbuds မှာCustomizable Controls နဲ့ Equalizer တွေလည်း ကောင်းမွန်လှပါတယ်။

➤ Anker Soundcore Liberty Air 2 ($99.99 [Amazon])

8. Wired Earphones For iPhone SE 2020

ခင်များအနေနဲ့ Wireless Earphones တွေကို မနှစ်သက်လို့ အသုံးမပြုချင်ဘူးဆိုရင်တော့ Wired Earphones တွေဖြစ်တဲ့Belkin In-Ear Lightning Earphone ရှိသလို Beats ရဲ့ urBeats 3 တို့ဟာ ရွေးချယ်ဖို့ အကောင်းဆုံးတွေပါပဲ။

➤ urBeats 3 ($39.99 [Amazon])

➤ Belkin In-Ear Lightning Earphones ($29.99 [Amazon])

နောက်ထပ် ရွေးချယ်စရာအကောင်းဆုံး Audio Quality တွေကို ပေးစွမ်းနိုင်မယ့် Lighning Connector နဲ့ Earphone ကတော့1More Triple Driver Lightning Earphone ပဲ ဖြစ်ပါတယ်။

➤ 1More Triple Driver Lightning Earphones ($79.99 [Amazon])

9. Lightning To 3.5mm Adapter For iPhone SE 2020

ခင်များအနေနဲ့ 3.5mm Audio Jack ကို အသုံးပြုပြီး Earphones တွေ သုံးချင်တာဆိုရင်တော့ Apple ရဲ့ Lightning to Headphone Adapter လေးကို ဝယ်ထားသင့်ပါတယ်။ ဈေးကတော့ $7.99 ပါ။

➤ Apple Lightning To Headphone Adapter ($7.99 [Amazon])

10. Charging Dock For Your Desk For iPhone SE 2020

ခင်များရဲ့ iPhone ကို Stand မှာ ထောင်ပြီး အားသွင်းချင်တယ်ဆိုရင်တော့ Belkin Powerhouse Charge Dock ကအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ခင်များရဲ့ iPhone ကို Wired နဲ့ Charging လုပ်နိုင်ပြီး Apple Watch ကိုလည်း Wireless ဖြင့်Charging လုပ်နိုင်ပါဦးမယ်။

➤ Belkin Powerhouse Charge Dock ($79.99 [Amazon])

11. Phone Holder For Your Car For iPhone SE 2020

ကားထဲမှာ ဖုန်းကို Holder နဲ့ ထားဖို့ကတော့ ပြဿနာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်iOttie Easy One Touch 4 Car Mount ရှိပါတယ်။ Dashboard ဒါမှမဟုတ် AC Slot မှာ တပ်ဆင်ပြီး iPhone SE ကို တင်လို့ရပါမယ်။

➤ iOttie Easy One Touch 4 Car Mount ($19.95/$24.95 [Amazon])

Price မြင့်မြင့်ကို တတ်နိုင်တယ်ဆိုရင်တော့ ခင်များရဲ့ iPhone SE ကို Wireless နဲ့ပါ အားသွင်းနိုင်တဲ့ Scosche Phone Holder ရှိပါတယ်။ သူ့မှာ Magnetic Mounting Feature လည်း ပါတဲ့အတွက် ခင်များရဲ့ iPhone ကို mount or unmount လုပ်ရတာလည်း သိပ်ကို လွယ်ကူပါလိမ့်မယ်။ သူ့ကိုတော့ Versions ( ) မျိုးနဲ့ ထွက်ပါတယ်။ AC Mount Version နဲ့ Dashboard Mount Version ဆိုပြီး ဖြစ်ပါတယ်။

➤ Scosche MQ2WD MagicMount Wireless Charging Mount ($41.99/$54.99 [Amazon])

ဒါတွေကတော့ 2020 iPhone SE ရဲ့ Accessories တွေပဲ ဖြစ်ပါတယ်။ မှတ်ထားရမှာကတော့ ဒီ Accessories တွေကို ကျနော်တို့ မြန်မာပြည်က ဆိုင်တွေမှာ တင်ရောင်း မရောင်းကတော့ ကျနော်လည်း မသိပါဘူး။ သေချာတာကတော့ ခင်များတို့အနေနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ Amazon မှာတော့ ရောင်းတယ်ဆိုတာပါပဲ။ US ကနေ Myanmar ကို တိုက်ရိုက်Shipping ပို့လို့ရနေပြီဖြစ်တဲ့အတွက် Amazon ကနေ မှာရင်လည်း ရလောက်ပါတယ်လို့။

Via Asif Shaik

ဇာနည် ( iOS Banker Myanmar )

24 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၃၂ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၄၃ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။