05/25/2020

iPhone 12 Pro Max ရဲ့ သတင်းတွေ ထွက်လာပါပြီ

4K Shares

Thinner Body Design, Smaller Bezels, Bigger Antenna Lines, Smart Connectors တွေ ပါဝင်လာပါမယ်။ အထူးသဖြင့် iPhone 12 Pro Max က iPhone 11 Pro Max ထက် ပိုပါးသွားမှာပါ။ သတင်းအရဆိုလျှင် လက်ရှိ iPhone 11 Pro Max က 8.1mm ရှိပြီး iPhone 12 Pro Max ကတော့ 7.4mm ပဲ ရှိပါမယ်တဲ့။ နောက်ပြီး iPhone 12 Pro Max က 6.7 လက်မနဲ့ ဖြစ်လာမယ်လို့ဆိုထားတဲ့အတွက် iPhone 11 Pro Max ၏ 6.5 လက်မထက် အနည်းငယ်ကြီးသွားပါမယ်။ iPhone 12 Pro Max ရဲ့ Body ကတော့ iPhone 5,5S တုန်းတို့ကလို လေးဒေါင့်ပုံစံနဲ့ ဖြစ်လာနိုင်ပါမယ်။ Bazels တွေက ပိုပြီးသေးသွားပါမယ်။ သတင်းတွေက 2.5mm ကနေ 1.5mm အထိကို သေးသွားပါမယ်လို့ ဆိုပါတယ်။ Camera Bump ဒီဇိုင်းကလည်း ယခုလက်ရှိ iPhone 11 တွေထက် ပိုမိုသေးသွားဖွယ်ပါပဲ။ Camera Sensor တွေကလည်း အသစ်နဲ့ ဖြစ်လာပါမယ်။ LiDAR Scanner နဲ့ ဖြစ်ပါမယ်။ အခုထိတော့ iPhone 12 Pro Max ဟာ Prototype အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါသေးတယ်။

Smart Connector အသစ်လည်း ပါဝင်လာမယ်လို့ဆိုထားတဲ့အတွက် ကြည့်ရတာ Type C လိုမျိုးနဲ့ ဖြစ်ဖွယ်ပါပဲ။ 5G ကိုလည်း Support လုပ်လာဖွယ် ရှိပါတယ်။ နာမည်ကျော် Ming-Chi Kuo ကတော့ 2020 မှာ iPhone ( 4 ) မျိုး ထွက်လာမယ်လို့ သုံးသပ်ထားပါတယ်။ 6.7 လက်မ iPhone 12 Pro Max ရယ်၊ 6.1 လက်မနဲ့ 5.4 လက်မရယ်ဆိုပြီး ထွက်လာပါမယ်တဲ့။ 5G ကိုလည်း မိတ်ဆက်လာမယ်လို့လည်း ဆိုပါတယ်။

iPhone 11 Pro Max ကို ဝယ်ဖို့ ချိန်နေရင်တော့ ဒီသတင်းလေးကြောင့် ခေတ္တစောင့်ဆိုင်းဖို့ ကျနော်ကတော့ အကြံပြုပါတယ်။ 2020 နှစ်ကုန်ခါနီးမှာ ထွက်ရှိလာမယ့် Apple ရဲ့ iPhone တွေဟာ ဒီဇိုင်းပိုင်းကအစ အများ အများကြီး ပြောင်းလဲလာတော့မှာဖြစ်လို့ iPhone 12 Pro Max ကိုသာ စောင့်ကြည့်လိုက်ပါဦးလို့။

Via iPhoneHack

ဇာနည် ( iOS Banker Myanmar )

10 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။