05/25/2020

iPhone SE ( 2020 ) နဲ့ iPhone SE တို့ ဘာတွေကွာခြားသလဲ

3K Shares

နောက်ဆုံးတော့ Apple ဟာ အများမျှော်လင့်စောင့်စားနေကြတဲ့ 2020 iPhone SE ကို ကြေငြာသွားပါပြီ။ 2016 တုန်းက မိတ်ဆက်ခဲ့တဲ့ အော်ရီဂျင်နယ် iPhone SE လိုပဲ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ခင်များသာ iPhone SE ယူစာဆိုလျှင် 2020 iPhone SE နဲ့ ဘယ်လိုတွေ ကွာခြားမှုရှိကြောင်းကို သိရအောင်လို့ အောက်မှာ ပြောပြသွားမှာပါ။

တကယ်တော့ 2020 iPhone SE ဟာ iPhone 8 ရဲ့ အတွင်းပိုင်းကို Upgraded လုပ်ထားတာပဲ ဖြစ်ပါတယ်။

2020 iPhone SE vs iPhone SE Comparison

iPhone SE ( 2020 ) ဟာ 2016 iPhone SE ထက် အနည်းငယ် ပိုပါးပါတယ်။ အရွယ်အစားအနေနဲ့ကတော့ 2020 က ပိုပြီးကြီးပါတယ်။ 2016 တုန်းက ဖုန်ဒဏ်၊ ရေဒဏ် ဘာမှ မကာကွယ်နိုင်ခဲ့ပေမယ့် 2020 မှာတော့ IP67 အဆင့်ထိ ပါဝင်လာပါတယ်။ 2016 က လက်မဖြစ်ပြီး 2020 က . လက်မနဲ့ ဖြစ်ပါတယ်။ 2016 ရဲ့ A9 ထက် 2.4 ပိုမိုမြန်ဆန်ပြီး Graphic အနေဖြင့်လည်း A9 ထက် 4 ပိုမြန်တဲ့ A13 Bionic Chip ကို ထည့်ပေးထားပါတယ်။ နောက်ပြီး 2016 က 2GB RAM နဲ့ဖြစ်ပြီး 2020 ကတော့ 3GB RAM နဲ့ ဖြစ်ပါတယ်။ 12MP ကင်မရာတွေကို နှစ်ခုလုံးမှာ အတူတူ အသုံးပြုထားပေမယ့် အပါချာတော့ ကွာပါတယ်။ 2016 က f/2.2 အပါချာနဲ့ဖြစ်ပြီး 2020 ကတော့ f/1.8 အပါချာဆိုဒ်ကြီးနဲ့ပါ။ 2020 မှာ OIS လည်း ပါပါတယ်။ Portrait Lighting လည်းပါသလို 4K ကိုလည်း 60fps နဲ့ ရပါမယ်။ ဆဲလ်ဖီကတော့ 2016 က 1.2MP ပဲရှိပြီး 2020 ကတော့ 7MP နဲ့ ဖြစ်ပါတယ်။ Battery ကတော့ 2020 က iPhone 8 ရဲ့ Battery နဲ့ဖြစ်ပြီး 2016 ကတော့ iPhone 7 ရဲ့ Battery နဲ့ဖြစ်ပါတယ်။ 2016 က 10W Charging အထိပဲ Support လုပ်ပြီး 2020 ကတော့ 18W Fast Charging အထိ Support လုပ်ပါတယ်။ နောက်ပြီး 2020 က 7.5W Qi Wireless Charging ကို Support ပါတယ်။ 2020 ရဲ့ Fingerprint က Version 2 ဖြစ်ပြီး2016 ကတော့ Apple အစောဆုံး Fingerprint Version နဲ့ ဖြစ်ပါတယ်။

ဒီတော့ 2020 iPhone SE ဟာ အရင်ထွက်ခဲ့ပြီးဖြစ်တဲ့ အော်ရီဂျင်နယ် iPhone SE ကို Major Upgrade မျိုးစုံ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ အဓိက Performance ပိုင်းမှာ အကောင်းဆုံးဖြစ်စေဖို့ A13 Bionic Chip လိုမျိုး New Chip ကို ထည့်ပေးထားပါတယ်။ နောက်ပြီး Camera ပိုင်းမှာလည်း အရင် iPhone SE ထက် ပိုကောင်းမွန်ပါတယ်။ Connectivity တွေ၊ Battery Life တွေ၊ Wireless Charging အပါအဝင် Fast Charging တွေ ပါဝင်လာတာဟာ iPhone SE ယူစာတွေအတွက်တော့ အလွန့်ကိုကြီးမားတဲ့ ပြောင်းလဲတိုးတက်လာမှုပဲ ဖြစ်ပါတယ်။ ဒီတော့ ခင်များကသာ iPhone SE ယူစာတစ်ဦးဆိုလျှင် 2020 iPhone SE ကို Upgrade လုပ်သင့်တယ်လို့ ပြောရင် မှားမယ်မထင်မိပါဘူးဗျာ။

Ref : iPhoneHack

ဇာနည် ( iOS Banker Myanmar )

8 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။