05/25/2020

iPhone SE 2020 မှာ ပါဝင်တယ့် သင်မသိတေးတယ့် အချက် ၇ ချက်

10K Shares

Apple က iPhone SE 2020 ကို သူ့ရဲ့စမတ်ဖုန်း ထုတ်လုပ်မှုမှာ iPhone 8 နေရာအတွက် အစားထိုးခဲ့တာပဲဖြစ်ပါတယ်။iPhone SE သည် Apple ရဲ့ စျေးအသက်သာဆုံး ဖုန်းဖြစ်လာပြီး $399 ကနေစတင်ဝယ်ယူနိုင်ပါတယ်။

ထိုစျေးနှုန်းနဲ့ iPhone 11 မှာပါရှိတယ့် အဆင့်မြင့် Hardware စနစ်ကိုကိုင်သွယ်ရမှာဖြစ်ပါတယ်။နောက်ပီး Apple မှမကြေငြာထားတယ့် iOS User တိုင်းမသိတေးတယ့် အချက် ချက်ကိုပြောပြပေးပါမယ်။

() iPhone အသစ်တစ်လုံးအတွက် ဖုန်း Cover က လိုကိုလိုအပ်မှာပါ မနေ့က Apple Store မှာရောင်းချနေတယ့်ထဲမှာ iPhone SE 2020 အတွက် Cover တွေလဲပါပါတယ်။ ဒါပေမယ့် iPhone SE ရဲ့ Cover အတွက် iPhone 8 ရဲ့ Cover နဲ့လဲ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

() iPhone SE 2020 မှာ အသုံးပြုထားတယ့် Hardware အစိတ်အပိုင်းတွေက iPhone11 မှာအသုံးပြုထားတယ့်Hardware နဲ့အတူတူပါပဲ ဘာတွေတူလဲဆိုတော့ A13 processor, portrait mode shooting, Qi wireless charging, Gigabit-class LTE connectivity, နဲ့  Bluetooth 5.0 တို့ပဲဖြစ်ပါတယ်။

() iPhone SE 2020 အတွက် Apple Care + ကိုစျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါဦးမယ် iPhone SE ကိုဝယ်ယူမယ်ဆိုရင် Apple Care+ ကို $79 ဖြင့်ဝယ်ယူနိုင်ပါတယ်။iPhone 8 ရဲ့ Apple Care + တင် $129 ရှိတာကြောင့် iPhone SE မှာ $50 လောက်သက်သာနေပါတယ်။

ထိုအစီစဉ်တွင် တစ်နှစ်အတွင်းမတော်တဆထိခိုက်မှုနှစ်ကြိမ်အထိအာမခံချက်ပေးပါတယ်။နောက်ပိုင်း Screen replacement ကိစ္စအတွက် $29 ပဲပေးဆောင်ရမှာဖြစ်ပီး ဖုန်းတစ်ခုလုံးလှဲလယ်မယ်ဆိုရင်တော့ $99 ပေးဆောင်ရမှာဖြစ်ပါတယ်။

() iPhone SE တွင် အမြန်အားသွင်းနိုင်တယ့်စနစ်ပါဝင်ပြီး မိနစ် ၃၀ အတွင်း ၅၀% အထိအားသွင်းနိုင်ပါတယ်။ထိုအမြန်အားသွင်းစနစ်ကိုအသုံးပြုချင်တယ်ဆိုရင်တော့ 18W USB-C adapter နဲ့ USB-C Lighting Cable ကိုဝယ်ယူရပါလိမ့်မယ်။ Builtin ပါဝင်တယ့် Adapter က 5W ပဲရှိတာကြောင့်ပါ။

() သင်ဟာ iPhone SE 2020 (Product)RED ကိုဝယ်လိုက်တာနဲ့ Covid 19 တိုက်ဖျက်တယ့်နေရာမှလှူဒါန်းပီးတားဖြစ်သွားပါမယ်။Apple အနေနဲ့ ယခင်ကတည်းက RED နဲ့ပူးပေါင်းပီး HIV / AIDS ရောဂါတိုက်ဖျက်ရေးအတွက်လှူဒါန်းနေတာကြာပါပီ။ ယခုအကြိမ်မှာတော့ iPhone SE (Product)RED ရဲ့ရောင်းရငွေများကို Covid 19 တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

() သင်ဟာ iPhone 8 ကိုအသုံးပြုသူဆိုရင် ယခု iPhone SE မှာတော့ 3D Touch ကို အသုံးပြု၍ရတော့မှာမဟုတ်ပဲ 3D Touch နေရာမှာအစားထိုးထားတယ့် Haptic Touch နည်းပညာကိုအသုံးပြုရမှာဖြစ်ပါတယ်။ ထိုနည်းပညာကို iPhone XR တွင်မိတ်ဆက်ပေးခဲ့ပီး iPhone 11 Series များနဲ့ ယခု iPhone SE မှာပါ ထည့်သွင်းလာတာဖြစ်ပါတယ်။

() iPhone SE 2020 မှာထည့်သွင်းပေးမယ့် Wallpaper များကို ယခုချိန်မှာ အသုံးပြုခွင့်ရနေပါပီ သင်လဲအသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ Link ထဲဝင် Save လိုက်ပါ။

https://photos.app.goo.gl/tsc8NqqCUzJ5K1KRA

Myat Thura

20 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။