05/25/2020

iPhone SE ( 2020 )

84 Shares

April 15 ရက်နေ့မှာ စတင်မိတ်ဆက်ပေးလာခဲ့ပြီး April 24 ရက်နေ့မှာ စတင်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချီလာတော့မယ့်iPhone SE ( 2020 ) ကို Apple က ကြေငြာသွားပါပြီ။

သူ့ကို Apple A13 Bionic 7 နာနိုမီတာပလက်စ် Chip ကို တပ်ဆင်ပေးထားပြီးတော့ Apple GPU 4 Core နဲ့ ဖြစ်ပါတယ်။ဖုန်းတစ်ခုလုံးရဲ့ အလေးချိန်က 148 ဂရမ် ရှိပြီး ရှေ့နောက် Body တွေကို Glass နဲ့ ပြုလုပ်ပေးထားပါတယ်။ အလူမီနီယမ်Frame နဲ့ ဖြစ်ပါတယ်။

ရေအနက် မီတာမှာ မိနစ် ၃၀ အထိ နေနိုင်ပြီး IP67 ဖြစ်တဲ့ ရေနဲ့ဖုန်မှုန့်တွေကိုလည်း ကာကွယ်နိုင်ပါမယ်။Display ကတော့ Retina IPS LCD ကို အသုံးပြုထားပြီး . လက်မအရွယ်ပါ။ 750×1334 pixel ရှိပြီး 326 ppi ဒန်စတီနဲ့ ဖြစ်ပါတယ်။ Oleophobic Coating နည်းပညာကို အသုံးပြုပေးထားပြီး Ion-strengthened glass နဲ့ Display ကို ကာကွယ်ပေးထားပါတယ်။

64GB, 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို အရောင်အနေနဲ့ကတော့ အရင်က ကြားခဲ့ရတဲ့အတိုင်း White, Black နဲ့ Red ဆိုပြီး ရပါမယ်။12MP Main ကင်မရာတစ်လုံးထဲ ပါမှာဖြစ်ပြီး Dual LED Dual- Tone Flash နဲ့ ဖြစ်ပါတယ်။ ဆဲလ်ဖီကင်မရာကတော့ 7MP နဲ့ ဖြစ်ပါတယ်။

Fingerprint နဲ့ဖြစ်ပြီး Fast Charing ပါပါမယ်။ 18W Charger နဲ့ အားသွင်းပါက မိနစ် ၃၀ မှာ 50% အထိ ရပါမယ်။ Wireless Charging ကိုလည်း Support လုပ်ပါမယ်။

စျေးနှုန်းအနေနဲ့ကတော့ 64GB က $399 ဖြစ်ပြီး၊ 128GB က $449 256GB က $549 ဖြစ်ပါတယ်။

Source GSMARENA

ဇာနည် ( iOS Banker Myanmar )

14 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။