06/04/2020

Best Fun Photo Editing iPhone Apps

202 Shares

iOS ပေါ်မှာ တကယ့်ကို Pro ကျတဲ့ Applications တွေ အမြောက်အများရှိပါတယ်။ အခု ဒီပို့စ်ကတော့ အဆိုပါ Pro Apps တွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ရီစရာ ပြုံးချင်စရာကောင်းတဲ့ ပုံတွေကို ပြုလုပ်ဖန်တီးနိုင်တဲ့ iOS Fun Photo Editing Apps တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ #StayHome နေရင်း ပျော်စရာလေးတွေဖန်တီးကြရအောင်လားဗျာ။

1. YouCam Fun

ဒီ App ရဲ့ UI က Snapchat   Lens Interface နဲ့ ပုံစံတူပါတယ်။ Camera Mode နဲ့ Video Mode တို့ကို Switch လုပ်လို့ရပါတယ်။ Perfect ဖြစ်မယ့် Selfie တွေ ဆွဲလို့ရမယ့်အပြင် Social Media Account ကိုလည်း တိုက်ရိုက် Share နိုင်ပါတယ်။Camera Roll ကိုလည်း ပို့လို့ရပါမယ်။ Free နော်။

Download: https://apps.apple.com/us/app/youcam-fun-live-face-filters/id1136617049

2. B612

ဒီ App ကတော့ လူတိုင်းသိမယ်ထင်ပါတယ်။ Stickers နဲ့ Filters ပေါင်း ( ၁၅၀၀ ) ထက်မကအောင် ပါပါတယ်။ Free ပါပဲ။

Download: https://apps.apple.com/us/app/b612-beauty-filter-camera/id904209370

3. Snapchat

တကယ်တော့ Snapchat ဟာ YouCam Fun App လိုပါပဲ။ AR Face Filters ပေါင်းများစွာလည်း ပါဝင်ပါတယ်။ သူကAnimoji ကို အသုံးပြုရသလိုပါပဲ။ Free ပါ။

Download: https://apps.apple.com/us/app/snapchat/id447188370

4. Photo Lab Filters

Photo Lab မှာ Style အားလုံး ရှိပါတယ်။ သူဟာ Fun Filters ဆိုတာထက် ပိုပါတယ်။ ခင်များရဲ့ ပုံနဲ့ စတိုင်တို့အတွက်လုံလောက်စေမှာပါ။ Free ပါပဲ။

Download: https://apps.apple.com/us/app/photo-lab-picture-editor-app/id441457218

5. Enlight

ဝိုး  ခင်များတို့အနေနဲ့ Pro အဆင့်ရှိတဲ့ Photo Editing Software ကို ရှာနေတယ်ဆိုရင်တော့ ကျနော်က ဒီ Enlight App ကိုညွှန်းပေးပါရစေ။ Double Exposure Images တွေ, Graphic Art တွေ, images ထဲကို စာပေါင်းထည့်တာတွေကအစ အများကြီး လုပ်လို့ရပါဦးမယ်။ စိတ်မကောင်းစရာကတော့ သူ့ကို $4.99 နဲ့ ဝယ်ပြီး အသုံးပြုရမှာပါ။

Download: ($4.99) https://apps.apple.com/us/app/photo-lab-picture-editor-app/id441457218

6. Fatify

ခင်များတို့ အရင်က ကြားဖူးမှာ မဟုတ်ဘူး။ ပိန်သွယ်နေတဲ့ ခင်များမျက်နှာကို ဒီ App လေးကို အသုံးပြုပြီး ဝအောင်ပြုလုပ်လို့ ရပါတယ်။ 10kg လား၊ ဒါမှမဟုတ် သူ့ထက်များတဲ့ 100kg လား တကယ်ကို ဝအောင် လုပ်လို့ရပါမယ်။ ရီစရာလေးပေါ့ဗျာ။ Free ရပါမယ်။

Download: https://apps.apple.com/us/app/fatify-make-yourself-fat/id480017583

7. Prisma

Fun Editing App Lists ထဲမှာ Prisma မပါရင် ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ ဒီ App ဟာ တကယ်ကို နာမည်ကြီးရလောက်အောင်ကို Fun Genre တွေနဲ့ Filters တွေ အမြောက်အများ ပါဝင်ပါတယ်။ ခင်များရဲ့ ဓါတ်ပုံကို နာမည်ကြီးပန်းချီဆရာရဲ့လက်ရာကဲ့သို့ ပြောင်းလဲပေးနိုင်ပါတယ်။ Really Cool App ပါ။ Free ပါပဲ။

Download: https://apps.apple.com/us/app/prisma-photo-editor/id1122649984

8. MSQRD

MSQRD ဟာ Prisma ရဲ့ နေရာကို ရောက်လာပါပြီ။ သူက Facebook နဲ့ ခွင့်ပြုချက်ယူရမှာဖြစ်သလို Update မပေးခဲ့တာကလည်း ကြာပါပြီ။ ဒါပေမယ့် အခုချိန်အထိကတော့ iPhone တွေအပေါ်မှာ အလုပ်လုပ်နေတုန်းပဲဖြစ်သလို အချို့သောFilters တွေကလည်း အကောင်းဆုံး Video Filters တွေ ဖြစ်နေတုန်းပါပဲ။ Free ရပါမယ်။

Download: https://itunes.apple.com/us/app/msqrd-live-filters-face-swap-for-video-selfies/id1065249424?mt=8

9. Facetune 2

iPhone တွေအတွက် အကောင်းဆုံးသော Selfie Editing App တွေထဲမှာ Facetune 2 လည်း ပါဝင်ပါတယ်။ သိပ်ကိုလှပတဲ့Feature တွေ ပါဝင်ပြီးတော့ ဒီ App နဲ့ ခင်များလုပ်နိုင်တဲ့ဟာတွေ အများကြီး ရှိပါတယ်။ Facetune 2 ကို ဖန်တီးပြုလုပ်ထားတဲ့ Developers တွေနဲ့ Enlight App ကို ဖန်တီးတဲ့သူတွေက အတူတူပါပဲ။ ဆိုတော့ သိပ်ပြီး ညွှန်းစရာတော့ လိုမယ်မထင်ပါဘူး။

Download: https://apps.apple.com/us/app/facetune2-best-selfie-editing/id1149994032

10. Pop Camera

Pop Camera ဟာ Old-Timey Toy Camera လေးလို အသုံးပြုနိုင်ပါမယ်။ သူက ခင်များကို Digital Film Camera တစ်လုံးကဲ့သို့ ပေးစွမ်းနိုင်ပါမယ်။ သူ့ကိုတော့ Free မရပါဘူး။ $1.99 နဲ့ ဝယ်ယူရမှာပါ။

Download: ($1.99) https://apps.apple.com/us/app/pop-camera-enjoy-pop-life/id486367216

ဒီနေ့ ကျနော် Share ပေးတဲ့ Best Fun Photo Editing iPhone Apps လေးတွေကတော့ ဒီလောက်ပါပဲ။ အိမ်ထဲမှာနေရင်း ပျော်စရာလေးတွေကို ဖန်တီးရင်း ကျနော်တို့ မြန်မာနိုင်ငံကြီးကို ကာကွယ်ကြပါစို့ဗျာ။

Ref : Khamosh Pathak

ဇာနည် ( iOS Banker Myanmar )

21 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၃၂ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၄၃ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။