06/03/2020

AirPods ကို Reset လုပ်နည်း

448 Shares

AirPods ဟာ Apple ရဲ့ ထုတ်ကုန်တွေထဲမှာတော့ အကောင်းဆုံးအဖြစ် ပါဝင်နေပါတယ် Case အဖုံးကို ဖွင့် နားမှာ တပ်လိုက်တာနှင့်တပြိုင်နက် iPhone နဲ့ အလိုအလျောက် ချိတ်ဆက်ပြီး ဖြစ်သွားပါပြီ

But သူတို့က iPhone နဲ့ မချိတ်ဆက်တဲ့အခါမှာတော့ သေချာတာကတော့ Connecting မှာ ပြဿနာ ဖြစ်နေပါပြီ ဒီလိုအခြေအနေမှာ လုပ်ရမယ့် အဖြေက တစ်ခုပဲ ရှိပါတယ် အဲဒါကတော့ AirPods ကို Reset လုပ်ပေးလိုက်တာပါပဲ

ပထမ , AirPods တွေကို Manually ပြန်လည် ချိတ်ဆက်နည်းAirPods တွေ iPhone or iPad တွေဖြင့် မချိတ်ဆက်မိလျှင် သူတို့ကို Manually ဖြင့် အရင် ချိတ်ဆက်ကြည့်ရပါမယ် တခါတလေတော့ သူတို့လည်း Automatic မချိတ်ဆက်မိတတ်ကြဘူးလေ

Step ( 1 ) AirPods တွေကို နားမှာ တပ်ပြီးတဲ့အခါ ( ဒါမှမဟုတ် ) Case ကို အဖုံးဖွင့်ပြီးသည့်အခါ Control Center ကို ခေါ်လိုက်ပါ

Step ( 2 ) အခု Playing Widget လေးကို ခပ်ကြာကြာ ဖိထားပါ

Step ( 3 ) ညာဖက် အပေါ်ထောင့်က AirPlay Button လေးကို နှိပ်ပါ

Step ( 4 ) AirPods တွေ အလုပ်လုပ်လျှင် အဲဒီမှာ List အနေဖြင့် တွေ့ရပါလိမ့်မယ် List ထဲက AirPods ကို နှိပ်ပေးပြီးConnect လုပ်လိုက်ရုံပါပဲ

ဒုတိယ , Case ထဲက AirPods တွေကို Reset လုပ်နည်း

AirPods တွေ မချိတ်ဆက်တဲ့အခါ ( ဒါမှမဟုတ် ) Lag or Drop တွေဖြစ်ပြီး Audio ချိတ်ဆက်မှု ပြဿနာတွေ ဖြစ်တဲ့အခါAirPods တွေကို Reset လုပ်ပေးဖို့ လိုလာပါပြီ နည်းကတော့ iPhone or iPad ကို အသုံးမပြုပဲ AirPods ကို Reset လုပ်လို့ရတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်

AirPods Case ကို ယူပါ

AirPods Case ရဲ့ နောက်ကျောမှာရှိတဲ့ Round Button ကို တွေ့ပါလိမ့်မယ်

Press and Hold ဆိုတဲ့ Button ကို ခပ်ကြာကြာလေး ဖိထားသည့် နည်းကို အသုံးပြုပါ

10 Seconds လောက် ဖိထားပြီး Case အတွင်း အဖြူရောင် Flashing Light လေးကို တွေ့ရင် ဖိထားတာကို လွှတ်လိုက်ပါ

ဒါက AirPods ကို အောင်မြင်စွာ Reset လုပ်ပြီးပြီလို့ ဆိုချင်တာပါ ပြန်လည် ချိတ်ဆက်ကြည့်ဖို့ Ready ဖြစ်နေပါပြီ

အခု iPhone or iPad အနားကို သွားပြီး AirPods ရဲ့ Case ကို ဖွင့်လိုက်ရပါမယ်

AirPods တွေနဲ့ ချိတ်ဆက်မလားဆိုတဲ့ Popup လေး ပေါ်လာလျှင် ပြီးသွားပါပြီ

တတိယ , iPhone ပေါ်ကနေပြီး AirPods တွေကို Reset လုပ်နည်း

အပေါ်က AirPods Case ကနေ Reset လုပ်သည့် နည်းကို မလုပ်ချင်ဘူးဆိုလျှင် ဒီနည်းလမ်းကို အသုံးပြုလို့ ရပါတယ်

Step ( 1 ) iPhone ထဲက Setting App ထဲကို သွားပါ ပြီး Bluetooth ထဲကို ဝင်ပါ

Step ( 2 ) AirPods Name ရဲ့ ဘေးက ( i ) ဆိုတဲ့ဟာလေးကို နှိပ်ပါ

Step ( 3 ) ပေါ်လာတဲ့အထဲက Forget This Device ကို နှိပ်လိုက်ပါ

Step ( 4 ) အခု AirPods နဲ့ Unpair လုပ်ပြီးပြီမို့ အစကနေ ပြန်ပြီး AirPods ကို ချိတ်ဆက်ကြည့်ရပါမယ်

ကဲ အခုတော့ AirPods တွေ သင့်ရဲ့ iPhone or iPad တွေဖြင့် မချိတ်ဆက်တဲ့အခါ Lag နေတဲ့အခါမျိုးတွေမှာ Reset လုပ်ပြီးပြန်လည် ချိတ်ဆက်နိုင်မယ့် နည်းလမ်း ( ) ခုကို ပြောပြလို့ ပြီးပါပြီ

အားလုံးအဆင်ပြေကြပါစေလို့ ဆန္ဒပြုရင်း ….

Via iPhoneHacks

ဇာနည် ( iOS Banker Myanmar )

11 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၃၂ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၄၃ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။