05/25/2020

AirPods နဲ့ AirPods Case ပျောက်ဆုံးခဲ့လျှင် ရှာဖွေနည်း

1K Shares

AirPods တွေဟာ အမှတ်တမဲ့ ဖြစ်တတ်တဲ့သူတွေအတွက် ပျောက်ရှလွယ်ပါတယ် တော်တော့်ကို လွယ်တာပါ အာ့လိုပဲသူ့ကို ထည့်သွင်းပြီး Charging လုပ်လို့ရတဲ့ AirPods Case ဟာလည်း သေးငယ်တဲ့အတွက် အထားမှားလွယ် , မေ့ကျန်ခဲ့လွယ်ပါသေးတယ်

ဒီတော့ အခုလိုမျိုး AirPods တစ်ဖက်ပဲဖြစ်ဖြစ် တစ်စုံလုံးပဲဖြစ်ဖြစ် မေ့ခဲ့ ကျန်ခဲ့ ပျောက်ခဲ့သည်ရှိသော် ဘယ်လို ပြန်ရှာရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပါမယ် AirPods Case ကိုလည်း ဒီနည်းတွေနဲ့ပဲ ရှာလို့ ရပါတယ်

အသံဖြင့် ရှာဖွေနည်း

$69 ထပ်ပြီး မကုန်အောင်လို့ ဒီနည်းလမ်းလေးကို အရင်ဆုံး စမ်းကြည့်ရပါမယ် Find my AirPods Feature ဟာ Find my iPhone လိုပါပဲ သူလည်း Find my iPhone App ထဲမှာပဲ ရှိတာပါ

Find my iPhone Feature ကိုသာ Enable လုပ်ထားပြီးသားဆိုလျှင် Find my AirPods Feature သည်လည်း အလိုအလျှောက်Enable ဖြစ်ပြီးသား ဖြစ်ပါတယ် တစ်ဖက်ပဲပျောက်ပျောက် , တစ်စုံလုံးပဲ ဖြစ်ပါစေ Case ချည်းပဲ ပျောက်စေဦးတော့ ဒီFind my AirPods Feature နဲ့ အလွယ်တကူ ရှာဖွေမှု ပြုနိုင်ပါတယ်

Step ( 1 ) iPhone ပေါ်က Find my iPhone App ထဲကို ဝင်လိုက်ပါ Apple ID ကို Sign in မလုပ်ရသေးဘူးဆိုလျှင် အရင်ဆုံးလုပ်လိုက်ပါ

Step ( 2 ) ပေါ်လာတဲ့ List ထဲက AirPods ကို နှိပ်လိုက်ပါ

Map ပေါ်မှာ AirPods ရှိတဲ့ နေရာကို ပြပေးပါလိမ့်မယ် ( iPhone နဲ့ နောက်ဆုံး ချိတ်ဆက်ခဲ့သည့် နေရာကို ပြသပေးမှာပါ )

Step ( 3 ) Green Dot လေးကို မြင်ရလျှင် AirPods ဟာ Online ပေါ်မှာ ရှိနေသေးပြီး အနီးအနားမှာပဲဆိုတာ သေချာနေပါပြီ Play Sound ကို နှိပ်လိုက်ရပါမယ် ဒါဆို AirPods ပေါ်မှ အသံဟာ တဖြည်းဖြည်းနဲ့ ကျယ်လောင်စွာ ထွက်ပေါ်လာပါလိမ့်မယ် အခု အသံကြားတဲ့နောက်ကို လိုက်ပြီး AirPods ကို ရှာဖွေလို့ ရပါပြီ

ဝေးဝေးလံလံရောက်နေသည့် AirPods ရဲ့ နေရာကို ရှာဖွေနည်း

Step ( 4 ) Online ပေါ်မှာတော့ ရှိသေးတယ် ဒါပေမယ့် အရမ်းဝေးတဲ့ နေရာမှာ ရောက်နေတယ်ဆိုလျှင်တော့ Car ပုံစံခလုတ်လေးကို နှိပ်လိုက်ပါ AirPods ရှိနေတဲ့ အရပ်ဆီ သွားနိုင်ရန် ပြပေးပါလိမ့်မယ်

Offline ဖြစ်နေတဲ့ AirPods Case ကို ရှာဖွေနည်း

AirPods Case တနေရာရာမှာ ကျန်ခဲ့မယ် ဒါမှမဟုတ် သူတို့ရဲ့ Battery အား ကုန်သွားတယ် ဆိုပါစို့ AirPods တွေဟာOffline ဖြစ်သွားပါပြီ

Find my iPhone ကို အရင်က အသုံးမပြုခဲ့ဖူးဘူးဆိုလျှင် ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် Offline အနေဖြင့်ပဲ ပြသပေးပါလိမ့်မယ် ဒါပေမယ့် သူတို့ Online ပြန်ဖြစ်တဲ့အခါမှာတော့ နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို ပြပေးသွားပါလိမ့်မယ်

Step ( 5 ) Find my iPhone App ကို ဝင်လိုက်ပါ List ထဲက AirPods ကို နှိပ်လိုက်ပါ

Step ( 6 ) Grey Dot အနေဖြင့် ပြသနေလျှင် AirPods တွေဟာ Offline ဖြစ်နေတာပါ ဒါပေမယ့် Map အပေါ်မှာတော့ Last Location အဖြစ် မြင်တွေ့နိုင်ပါတယ်

Car ခလုတ်လေးကို နှိပ်ပါက AirPods နောက်ဆုံး ရှိနေခဲ့တဲ့ နေရာကို ပြသပေးမှာ ဖြစ်ပါတယ် AirPods တွေ Offline ဖြစ်နေတဲ့အခါမှာတော့ Play Sound ကို အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး

ဒါကြောင့် AirPods နောက်ဆုံး ရှိနေခဲ့တဲ့ အရပ်ကို သွားပြီး သူတို့ Online ပြန်ဖြစ်တဲ့အခါမှ Play Sound ကို နှိပ်ပြီးအသံကျယ်လောင်စွာ ထွက်စေပြီး ရှာဖွေရမှာပဲ ဖြစ်ပါတယ်

Via iPhoneHacks

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် ( iOS Banker Myanmar )

11 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။