05/25/2020

သင့် iPhone ရဲ့ Microphone က အလုပ်မလုပ်တော့ဘူးလား ဘယ်လိုဖြေရှင်းရမလဲ

1K Shares

ရုတ်တရက် iPhone Microphone အလုပ်မလုပ်ပဲ ရပ်သွားတယ်လား။ ဒါမှမဟုတ် တစ်ဖက်လူက ခင်များရဲ့ ဖုန်းပြောသံကို ရှင်းရှင်းလင်းလင်း မကြားရဘူးလို့ အမေးခံနေရပြီလား။ ဒါတင်မဟုတ် Videos တွေ၊ Audio တွေ Record လုပ်တဲ့အခါမှာ အသံအရည်အသွေး အရမ်းညံ့နေပြီလား။ အိုခေလေ အခု ခင်များအရေးတကြီး ဆိုင်ကို သွားပြစရာ မလိုအပ်အောင်လို့ ကျနော်နည်းပေးမယ်လေ။ Bug ဆိုတာက Hardware, Software ( ) ခုလုံးနှင့် ဆက်စပ်နေတာပါ။

ဒီပို့စ်မှာ ကျနော်က ခင်များ iPhone ရဲ့ Microphone ဟာ အလုပ်လုပ်သေးလား မလုပ်တော့ဘူးလားလို့ သိရအောင် အရင်ဆုံး စစ်ဆေးရမယ့် အဆင့်လိုက်ကလေးတွေ ပြောပြပါမယ်။ အဲဒီနောက် ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းအသွယ်သွယ်ကို လမ်းပြပေးပါမယ်။ ခင်းများ iPhone ရဲ့ Microphone ပြန်ပြီးကောင်းမွန်ပါစေလို့ ကျနော်မျှော်လင့်ပါတယ်ဗျာ။

iPhone Microphone စစ်ဆေးခြင်း

သိထားရမှာက iPhone 8/8Plus, iPhone XR, iPhone X/XS Max, iPhone 11/11 Pro/ 11 Pro Max တို့မှာ Microphones ( ) ခုပါပါတယ်။ တစ်ခုက အပေါ်မှာ၊ အခြားတစ်ခုက နောက်ဖက်မှာ၊ နောက်တစ်ခုကတော့ အောက်မှာပဲ ဖြစ်ပါတယ်။

အပေါ်တစ်ခုနဲ့ နောက်က Microphone တို့ကို စစ်ဆေးဖို့အတွက် Selfie နဲ့ Back Camera တို့ဖြင့် Videos တွေကို Record လုပ်ပြီး Audio ကို စစ်ရမှာ ဖြစ်ပါတယ်။ အောက်ခြေ Microphone အတွက် ခင်များ iPhone ထဲက Memo App ကို ဖွင့်ပြီး ပါးစပ်ဖြင့်နီးသည့်  Microphone ဖြင့် အသံမှတ်စုတစ်ခုကို ဖမ်းယူပါ။ ဖမ်းယူထားသည့် Voice မှတ်စုကို Play လုပ်ပြီး Audio ပိုင်းရှင်း မရှင်း စစ်ဆေးရပါမယ်။ အလယ်လောက်မှာ အသံတိမ်နေသလို ( ဒါမှမဟုတ် ) ကွဲနေသည်လို့ သိရလျှင် ခင်များiPhone Microphone ကို စစ်ဆေးရန် လိုအပ်နေပါပြီ။

Toothbrush ဖြင့် သန့်ရှင်းခြင်း

Voice Output တွေ မသဲမကွဲ ဖြစ်နေတာကလည်း iPhone Microphone ထဲမှာ ဂျီးတွေနဲ့ ပိတ်နေတာကလည်း အကြောင်းတစ်ချက်ပဲ ဖြစ်ပါတယ်။ ခင်များ iPhone ရဲ့ Microphone ကို Toothbrush ( ဒါမှမဟုတ် ) Air Compressor ဖြင့် သန့်ရှင်းမှုပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ခင်များ iPhone အတွင်းပိုင်းကို ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် အထူးသတိထားပြီးလုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။ အထူးသဖြင့် Microphone အပေါက်ထဲကို ရှည်သွယ်တဲ့ အရာတွေနဲ့ ထိုးသွင်းခြင်းကခင်များရဲ့ iPhone ကို ထိခိုက်ပျက်စီးမှု ကြီးမားစေမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ဖြည်းဖြည်းလေးနဲ့ ဖွဖွလေး ပွတ်တိုက်သုတ်သင်ပေးခြင်းဖြင့် သန့်ရှင်းရေး ပြုလုပ်ပေးရပါမယ်။

Bluetooth Devices များဖြင့် ချိတ်ဆက်ထားမှုကို ပိတ်ပါ

ကျနော့်မှာဆို ဒီကိစ္စက တစ်ချိန်လုံးနီးပါး ကြုံနေရတာပါ။ ကျနော်ဟာ Bluetooth ကြိုးမဲ့ နားကြပ်တွေ၊ Bluettoth ကြိုးမဲ့ စပီကာတွေနဲ့ မကြာခဏဆိုသလို ချိတ်ဆက်ပြီး အသုံးပြုလေ့ ရှိပါတယ်။ ပြီးလျှင် လွယ်လင့်တကူပဲ Control Center ပေါ်ကBluetooth အိုင်ကွန်ကို နှိပ်ပြီး ချိတ်ဆက်ထားမှုတွေကို Disconnect လုပ်လေ့ ရှိပါတယ်။ ဒါဟာ ကျနော့ iPhone ရဲ့Bluetooth Function ကို အပြီးအပိုင် ပိတ်လိုက်တာ မဟုတ်ပါဘူး။ အပြီးအပိုင် ပိတ်တာ မဟုတ်တဲ့အတွက် Bluetooth Devices တွေနဲ့ နီးစပ်ရာကိုရောက်တာနဲ့ သူက အလိုအလျှောက် Searching လုပ်နေတတ်ပါတယ်။ ဒါဟာ ဖုန်းပြောတဲ့အခါမှာ အသံထွက် အရည်အသွေးကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် Bluetooth Function ကို အသုံးပြုဖို့ မလိုအပ်ဘူးဆိုတာနဲ့ ဖုန်းရဲ့ Setting ထဲကနေသွားပြီး ပိတ်ထားဖို့ အကြံပြုပါရစေ။

iPhone Mic ကို ဘာမှ မဖုံးတာသေချာပါစေ

လူအတော်များများကတော့ သူတို့ရဲ့ iPhone တွေကို ကာကွယ်ဖို့ Third Party Cases တို့ကိုအသုံးပြုကြပါတယ်။ ဒါပေမယ့်အချို့သော Cases တွေဟာ Microphone အပေါက်တွေနဲ့ ကွက်တိ ကျမနေတတ်ပါဘူး။ အပေါက်တွေ တည့်မနေဘူးဆိုလျှင်တော့ ဒီလို Microphone ကနေ ထွက်လာတဲ့အသံတွေဟာ ဘယ်လိုမှ Quality ကောင်းနိုင်မှာ မဟုတ်ပါဘူး။

Noise Cancellation ကို ပိတ်ပါ

iOS မှာ Default အနေဖြင့် ဖုန်းလာလို့ နားမှာ ကပ်ထားတဲ့အခါ Ambient Noise လို့ခေါ်တဲ့ ဘေးပတ်ဝန်းကျင်က ဆူညံသံတွေကို လျှော့ချပေးမယ့် Noise Cancellation Feature ကို On ပေးထားပါတယ်။ ဒီ Feature ဟာ အခြေအနေတော်တော်များများမှာ အဆင်ပြေနေပေမယ့် အိပ်ရာပေါ်မှာ အိပ်နေတုန်း တစ်ယောက်ယောက်ကို စကားပြောနေရင်တော့ အသံကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒီတော့ iPhone ရဲ့ Setting ကနေ Accessibility >> Audio/Visual ကို ဝင်ပြီး Noise Cancellation ခလုတ်ကို ပိတ်ထားလိုက်ပြီးမှ ဖုန်းခေါ်ပေါ့။ အိပ်ယာပေါ်မှာဆိုရင်ပေါ့လေ။ ကျန်အချိန်တွေမှာ ပြန်ပြီး Enable လုပ်ထားလိုက်လို့ ရတာပဲ။

Third-Party Apps တွေအတွက် Microphone Access တွေကို ခွင့်ပြုပေးထားလား

Video Calls တွေ ခေါ်ဆိုဖို့အတွက် Microphone တွေကို Access လုပ်ဖို့ ခွင့်ပြုပေးထားဖို့ လိုပါတယ်။

ခွင့်ပြုပေးထားဖို့အတွက် Setting >> Privacy >> Microphone ကို ဝင်ပြီး သက်ဆိုင်ရာ Applications တွေကို ရွေးချယ်ပြီးEnable လုပ်ပေးပါ။ ( ဥပမာ – Messenger )

iPhone ကို Hard Reset လုပ်ပေးပါ

တွေ့လား။ အချို့သော iOS ရဲ့ Bug တွေကို Hard Reset ( Restart ) လုပ်ပေးလိုက်ရုံနဲ့ အဆင်ပြေသွားစေပါတယ်တဲ့။ ဒါကြောင့် ကျနော် ခဏခဏ ပြောတာ။ ခင်များတို့ရဲ့ iPhone ကို မကြာခဏ Hard Reset လုပ်ပေးဖို့ လိုပါတယ်လို့။

Reset All iPhone Settings

အပေါ်က အဆင့်တွေ အကုန်လုပ်ကြည့်ပြီးပြီပေါ့ဗျာ။ ဒါလည်း မရသေးဘူး။ ဒါဆိုရင် ခင်များရဲ့ iPhone ကို Reset all Setting ချကြည့်ရပါမယ်။ ဖုန်းထဲက Data တွေ မပျက်ပါဘူး။ Factory Setting ဖြစ်သွားမှာပါ။

ဟုတ်ပြီ။ ဒါဆိုရင် Setting >> General >> Reset >> Reset all Setting ကို ချလိုက်ပါ။

Update Your iPhone

သိတဲ့အတိုင်းပါပဲ။ ဘယ် iOS Version မှာမှ Bug တွေ၊ Error တွေ မကင်းပါဘူး။ အနည်းနဲ့အများဆိုသလို ရှိနေ ပါနေတတ်တာပါ။ ဒါကို သိလို့လည်း Apple ဟာ သူ့ရဲ့ iOS Update တွေကို မကြာခဏ ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ လိုအပ်လို့ပဲဖြစ်ပါတယ်။ ဒီတော့ ပူမှာတွေ၊ အားကုန်မှာတွေ စဥ်းစား မနေပါနဲ့။ တင်ရမယ့်ကိစ္စကို တင်လိုက်ဖို့ လိုပါတယ်။

ဆိုတော့ Setting >> General >> Software Update ကို ဝင်ပြီး Download & Install လုပ်ပေးလိုက်ရပါမယ်။ ( WiFi နဲ့ ချိတ်ထားဖို့တော့ မမေ့နဲ့နော် )

အပေါ်က အဆင့်တွေအတိုင်း တဆင့်ချင်း လုပ်ပြီးသွားလျှင်တော့ ခင်များ iPhone ရဲ့ Microphone ကို Fixed လုပ်ပေးပြီးဖြစ်ပါလိမ့်မယ်။ ဒါမှ Still Not Working ဖြစ်နေတုန်းပဲဆိုလျှင်တော့ နီးနီးနားနားမဟုတ်တောင် ဝေးနေလည်း Service ဆိုင်သို့ သွားသင့်တဲ့အချိန် ရောက်ပါပြီ။

Via Parth Shah

ဇာနည် ( iOS Banker Myanmar )

13 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။