05/25/2020

New Widgets, New Cool Features with iOS 14 Concept

1K Shares

Apple ဟာ June လမှာ ကျင်းပမယ့် WWDC 2020 ပွဲတွင် iOS 14 ကိုပါ မိတ်ဆက်ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ iOS 14 မှာ ပါဝင်လာမယ့် Features အသစ်အချို့ဟာ Leaked အနေဖြင့်တော့ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ ဒါတွေ ပါလာလိမ့်မယ်လို့တော့ ဘယ်သူမှ မသေချာသေးပါဘူး။

ဒါကတော့ Concept ပါ။ iOS 14 ရဲ့ New Style နဲ့ Home Screen ဒီဇိုင်းပဲ ဖြစ်ပါတယ်။

Musics App ရဲ့ Library ဟာ အားလုံး ပြောင်းလွဲသွားပါပြီ။ Control Center မှတဆင့် AirPods or AirPods Pro ဆီသို့ Audio တွေကို လျှင်မြန်စွာ ရွှေ့လို့ ရပါမယ်။

Wallpaper Gallery ဒီဇိုင်းအသစ်ကြောင့် Lock Screen နဲ့ Home Screen တို့ကို သေချာပေါက် အမြင်ဆန်းသွားစေမှာပဲ ဖြစ်ပါတယ်။

Photos App ထဲမှာ Hide ( ဖွက်ထားသည့် ) အယ်လဘမ်ဟာ အလိုအလျှောက် Locked ဖြစ်ပြီး Face ID ဖြင့် ဖွင့်မှ ပွင့်တော့မှာပါ။ ( ဆိုလိုတာက Pohotos တွေကို သော့ခတ်ပြီး ဖွက်ထားလို့ ရမယ်ပေါ့။ )

iOS 14 မှာ Call Interface ဟာလည်း လုံးဝ ဒီဇိုင်းအသစ်နဲ့ ဖြစ်ပါတယ်။ Screen အောက်ခြေနားမှာ ပေါ်လာမှာဖြစ်ပြီးအောက်ကို ဆွဲချလိုက်တာက Dismiss ကို ဖြစ်စေပါမယ်။

[Source: Behance]

ဇာနည် ( iOS Banker Myanmar )

22 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။