2019 ၊ 6.5 လက်မ iPhone 11 တွေကို iPhone Pro လို့ ခေါ်ဝေါ်လေမလား …

392

ဟုတ်ပါတယ် ။ သိပ်မကြာခင် ထွက်ရှိလာတော့မယ့် Apple ရဲ့ New Generation iPhone ကို iPhone Pro လို့ ခေါ်မယ့်အကြောင်း CoinX ရဲ့ သတင်းတွေ တက်လာနေပါတယ် ။

CoinX ဟာ iPhone XS , iPhone XS Max နဲ့ iPhone XR တို့ရဲ့ Leaker ဖြစ်ပါတယ် ။ အဲဒီတုန်းက သူ့ရဲ့ ပေါက်ကြားသတင်းဟာ မှန်ကန်ခဲ့ပါတယ် ။ အခုလည်း သူက “Pro” for iPhone? Crazy naming schemes over the past few years. လို့ သူ့ရဲ့ Twitter မှာ တင်ခဲ့ပါတယ် ။

ဒီသတင်းသာ မှန်ခဲ့လျှင် Apple ဟာ New Smartphone ဖြစ်တဲ့ 6.5 လက်မ iPhone ကို iPhone XI Pro ( ဒါမှမဟုတ် ) iPhone 11 Pro လို့ ကြေငြာသွားဖွယ် ရှိနေပါတယ် ။

( စကားချပ် – ကျနော့်ကိုယ်ပိုင် အထင်အရတော့ ဒီ ၂၀၁၉ မှာ မဖြစ်နိုင်သေးဘူး ထင်ပါတယ် ။ ၂၀၂၀ မှာတော့ iPhone ရဲ့ Screen Size က ပိုကြီးလာမယ် ။ 5G ပါလာမယ် ။ ToF Camera လည်း ပါလာမယ် ။ Reverse Charging ပါမယ် ။ Battery mAh လည်း ပိုများမယ် ။ အဲဒီတော့မှ iPhone Pro လို့ ခေါ်လိမ့်မယ်လို့ ယူဆမိပါတယ် ။ ခင်များတို့ရော ဘယ်လို ထင်သလဲဗျ ။ )

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
1K Shares